သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာ ဘိဝံသ
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
မဟာစည်ဆရာတော်ကြီး၏ပဋိပတ္တိဂုဏ်ကို သပြေကန်ဆရာတော်ကြီး၊ မင်းကွန်း တိပိဋကဆရာတော်ကြီးနှင့် ဖျာပုံတိုက်သစ်ကျောင်းဆရာတော်ကြီး ဦးသြဘာသာဘိဝံသ တို့က ချီးကျူးခဲ့ကြသည်ကို မဟာစည်ပဋိပတ္တိသာသနာ စိန်ရတုအထိမ်းအမှတ်စာစောင် တွင် ပြန်လည်၍ ထုတ်ဖော်တင်ပြခဲ့လေသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
သြစတေးလျမှပြန်ရောက်စဉ် သြဝါဒနာယူသော အရှင်ပညာသာမိအား တွဲဖက် ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သပြေကန်ဆရာတော်ကြီး အရှင်ဝါသေဋ္ဌာ ဘိဝံသသည် “မဟာစည်ဆရာတော်ကြီးဟာ သူရဲ့ ဝိပဿနာရှုနည်းကျမ်းကြီးကို ဗုဒ္ဓ စကားတွေနဲ့အညီ အခိုင်အမာတည်ဆောက်သွားတယ်၊ ဦးပညာသာမိတို့လည်း ဝိနည်း ဘက်မှာရော ကမ္မဋ္ဌာန်းပြသရာမှာပါ အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ကြပါ၊ အကောင်းဆုံးမဖြစ်နိုင်တောင် မမှားအောင်တော့ ဂရုစိုက်ကြပါ၊ ဝိပဿနာတရား ပြသလိုရင် မဟာစည်ဆရာတော်ကြီးရေးသားထားတဲ့ ဝိပဿနာရှုနည်းကျမ်း ၂-အုပ်ကိုတော့ ကျေပွန်အောင်လေ့လာထားကြဖို့ လိုပါတယ်”ဟု မိန့်တော်မူခဲ့လေသည်။
ဝက်လက်မစိုးရိမ်ဦးတိဿက
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဝိပဿနာအရာ၌ အဆက်ပြတ်၍ တိမ်မြုပ်နေခဲ့သော လွန်စွာအရေးပါသည့် ကွင်းဆက်တစ်ခုကို ဤဝိပဿနာ ရှုနည်းကျမ်းက ပြောင်မြောက်စွာ ဖော်ထားလေသည်။ ဤအချက်နှင့်ပတ်သက်၍ ဝက်လက်မစိုးရိမ်ဦးတိဿက မဟာစည်ဆရာတော်ကြီး၏ ပဋိပတ္တိဂုဏ်ကို ထုတ်ဖော်လျက် ချီးကျူးထောပနာခဲ့လေသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
“ဒါပေမယ့် အလုပ်လုပ်ဖို့ကြတော့ အောက်ပိုင်းကာယာနုပဿနာလောက်သာ လုပ်တတ်သလိုရှိပြီး အထက်ပိုင်း ဖြစ်တဲ့ ဝေဒနာနုပဿနာ, စိတ္တာနုပဿနာနဲ့ ဓမ္မာ နုပဿနာပိုင်းတွေကျတော့ ရှုမှတ်မှုအတွက် နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ တစ်ပြိုင်တည်းဖြစ်၍ တစ်ပြိုင်တည်းချုပ်ပြီး အလွန်လျင်မြန်လှတဲ့ သမ္ပယုတ္တဓမ္မ စိတ် စေတသိက်တွေကို ဘယ်လိုရှုမှတ်ရမယ်လို့ကို နားမလည်ပါဘူး။ ကိုယ်နဲ့တန်းတူတွေ ရော ကိုယ့်ထက်ပိုပြီး နားလည်လောက်တဲ့ ဆရာသမားတွေကိုပါ အခွင့်သင့်တိုင်း ဆွေးနွေးမေးမြန်းခဲ့ပါတယ်။ ဆွေးနွေးမေးမြန်းသမျှ ပုဂ္ဂိုလ်တွေထဲက အထက်ပိုင်းသော ရှုမှတ်နည်းတွေကို သိနားလည်တာ ဘယ်သူမှ မတွေ့ခဲ့ရပါဘူး။ မဟာသတိပဋ္ဌာန် အထက်ပိုင်းသိမှတ်မှုတွေ ဘယ်လောက်တောင် အဆက်ပြတ်နေခဲ့ကြပြီဆိုတာ ထောက်ဆကြည့်ရင် သိနိုင်ပါတယ်။ ဒါနဲ့ ဒီအဓိပ္ပါယ်ကိုမသိရလို့ ရင်ထဲမှာ ဆို့နင့်ကြီး ဖြစ်နေခဲ့ရတာ အကြာကြီးပါပဲ။
အတော်ကြာကြာကထဲက စိတ်နှလုံးထဲမှာ ငြှောင့်တစ်ချောင်းစူးဝင်နေသလို တစ်ဆို့နင့်နင့်ဖြစ်နေခဲ့ရတဲ့ မဟာသတိပဋ္ဌာန်အထက်ပိုင်းရှုမှတ်နည်းကို တွေ့လိုက်ရတဲ့အခါ ပညာရှိသူတော်ကောင်းတွေ ကျေနပ်နှစ်သိမ့် လောက်အောင် ဒီလောက်ကောင်းနေတဲ့ ကောင်းခြင်းလက္ခဏာတွေနဲ့ပြည့်စုံလှလို့ ဘယ်လောက်တောင် ဝမ်းမြောက်သွားမိတယ်ဆိုတာ မခန့်မှန်းနိုင်အောင် ဖြစ်ခဲ့ရပါတယ်”
ဆရာတော်ဦးတိဿသည် ဝိပဿနာရှုနည်းကျမ်းနှင့်ပတ်သက်၍ မိမိ၏ခံစားရ ချက်ကို မျိုသိပ်မထားနိုင်၍ ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်ပါသည်။ မှန်ပေသည်၊ စာ၌အခက်တွေ့နေ၍ ထိုအခက်ကို မဖြေရှင်းနိုင်သောအခါ ရင်ထဲ၌ဆို့နင့်နင့်ဖြစ်ရပုံ၊ ထိုအခက်ကို ဖြေရှင်းပေးသည့်ကျမ်း၊ သို့မဟုတ် ပုဂ္ဂိုလ်ကိုလည်း ကျေးဇူးတင်၊ မိမိလည်း အတိုင်းမသိဝမ်းမြောက်ရပုံ၊ ထိုဖြေရှင်းသွားသော အခက်အခဲကို အခြားသူတို့အား ပြောမပြဘဲမနေနိုင်ပုံတို့မှာ ကိုယ်တွေ့ကြုံရသူတို့အဖို့ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပါတော့ သည်ဟူ၍ ဖြစ်ပါသည်။
မဟာစည်ဆရာတော်ဘုရားကြီး၏ ပဋိပတ္တိဂုဏ်တော်
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
မဟာစည်ဆရာတော်ကြီး၏ပဋိပတ္တိဂုဏ်ကို ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ က “အညာဗျာကရဏမျိုးလော (အရဟတ္တဖိုလ်ကို ပြောကြားခြင်းမျိုးလော)” ဟူ၍ မဟာစည်ဆရာတော်ကြီး၏ထေရုပ္ပတ္တိ၌ ထုတ်ဖော်၍ ပူဇော်ခဲ့လေသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
“မြန်မာနိုင်ငံ၌ ဝိပဿနာကျမ်းပေါင်းမြောက်မြားစွာ ထွက်ပေါ်လာခဲ့ကြဖူးပါသည်။ သို့သော် လက်တွေ့လုပ်ငန်းဆိုင်ရာတွင်မူ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းကျမ်းလောက် ပြောင်မြောက်ပြည့်စုံသောကျမ်းကို မတွေ့ဖူးသေးပါ။ ပါဠိ,အဋ္ဌကထာ, ဋီကာလာမိန့်ဆိုချက်တို့ကို လက်တွေ့သဘောတရားနှင့်ဟပ်၍ ပြထားသည်တို့မှာ ထူးခြားသည်နှင့်အမျှ နှစ်သက်ဖွယ်အတိရှိလေသည်။ အထူးအားဖြင့် အခန်း(၅)မှာ လက်တွေ့နှင့်ပတ်သက်၍အနှစ်သာရဖြစ်၏။ ဝိပဿနာအလုပ်ကို မလုပ်တတ် မရှိရလေအောင် အလွန်အသေးစိတ်ညွှန်ကြားချက်တို့ကိုပေးထားသည်ကို တွေ့ရ၏။ ထိုသို့အသေးစိတ် ပေးနိုင်သည်မှာ ကိုယ်တွေ့လည်းလုပ်ထားဖူး၊ အခြားသူများအားလည်း လက်တွေ့ပြသထားဖူးသောကြောင့် သာဖြစ်ပေသည်။ ဤသို့သော ညွှန်ကြားချက်များကိုရသော ယောဂီပုဂ္ဂိုလ်သည် လမ်းမှားသို့မရောက်နိုင်သည်မှာ သေချာပါသည်။
ထို့ကြောင့် ဤအခန်း(၅)မျှကို အစအဆုံးဖတ်ရှုပါလျှင် ကျမ်းပြုပုဂ္ဂိုလ်သည် သာမန်ပုဂ္ဂိုလ်မဟုတ်ကြောင်း၊ ဝိပဿနာဆိုင်ရာတွင် အလွန်မြင့်မားသောအဆင့်သို့ ရောက်ပြီးသူဖြစ်ကြောင်း မှန်းဆသိမြင်လောက်ပါတော့သည်။
မြတ်စွာဘုရားလက်ထက်တော်က တရားထူးရပြီးသော ထေရာထေရီတို့သည် တရားသဘောဆိုင်ရာ မိမိတို့၏ကိုယ်တွေ့အတွေ့အကြုံနှင့် သုံးသပ်ချက်များကို အားပါးတရ ဥဒါန်းကျူးခဲ့ကြသည်။ ဝိပဿနာရှုနည်းကျမ်း အခန်း(၅)လည်း ထိုဥဒါန်း စကားတို့ကဲ့သို့ပင် ဖြစ်လေသလော” ဟူ၍ဖြစ်ပါသည်။
(ဤမျှအထိဖော်ပြခြင်းသည် ထေရုပ္ပတ္တိ၌လာသည့်အတိုင်း ကူးယူဖော်ပြခြင်းမျှ သာ ဖြစ်ပါသည်) သို့သော် ဤအကြောင်းအရာကိုပင် မဟာဝိသုဒ္ဓါရုံစည်ရှင်ဆရာတော် အရှင်အဂ္ဂဉာနာဘိဝံသ၏ “ဆဋ္ဌသင်္ဂါယနာနှင့် ထူးမြတ်ထင်ပေါ် ဘက်စုံတော် ဆရာတော်” ဆောင်းပါးမှတဆင့် ပိုမိုပြည့်စုံစွာ သိနားလည်ခွင့်ရရှိခဲ့သည်မှာ ..
၁၃၃၂-ခုနှစ်မှစ၍ အရှင်အဂ္ဂဉာနာဘိဝံသ(၁၃၀ဝ-)သည် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ(၁၂၈၉-၁၃၆၇)ထံသို့ သက္ကတဘာသာသင်ယူရန် ရောက်ရှိနေ ခဲ့ပြီးဖြစ်၏။ မဟာစည်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကျမ်းတစ်ဆူပြုစုရန် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသအား ဝက်လက်မစိုးရိမ်ဆရာတော်ဦးတိဿ လာရောက်၍ တိုက်တွန်းတော် မူစဉ်က အနီးတွင် အရှင်အဂ္ဂဉာနာဘိဝံသ ရှိနေခဲ့၏။ ၁၃၃၆-ခုနှစ်၌ ဆရာတော်အရှင်သီလာနန္ဒာဘိဝံသပြုစုသော မဟာစည်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ ကျမ်း ထွက်ရှိခဲ့၏။
မဟာစည်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကျမ်းကို အရှင်အဂ္ဂဉာနာဘိဝံသ ဖတ်ရှုကြည်ညိုနေစဉ် ဆရာတော်အရှင်သီလာနန္ဒာဘိဝံသက (မိမိယုံကြည်အားထားရသော တပည့် အရှင်အဂ္ဂဉာနာဘိဝံသအား) အောက်ဖော်ပြပါအတိုင်း ပြောကြားခဲ့လေ၏။
မိမိသည် မဟာစည်ဆရာတော်ကြီး၏ထေရုပ္ပတ္တိကျမ်းကို ပြုစုသည်ဆိုရုံမျှမကပါပဲ မဟာစည်ဆရာတော်ကြီး ကျင့်ကြံပွားများအပ်သော ရဟန်းကိစ္စပြီးဆုံးခြင်း (ရှိ၊ မရှိ) ကို “အညာဗျာကရဏမျိုးလော (အရဟတ္တဖိုလ်ကို ပြောကြားခြင်းမျိုးလော)” ဟူသော မေးခွန်းဖြင့် သွယ်ဝိုက်၍စုံစမ်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း၊ အရာရာတွင် အလွန်လိမ္မာ ပါးနပ်တော်မူသော မဟာစည်ဆရာတော်ကြီးသည် “အညာဗျာကရဏမျိုးလော” ဟူ၍ ခေါင်းစဉ်တပ်လျက် မေးမြန်းလျှောက်ထားတော်မူသောစာပိုဒ်ကို ပယ်မြစ်တော်မူခြင်း အလျှင်းမပြုပါဘဲ ထေရုပ္ပတ္တိကျမ်းတွင် ထည့်သွင်းဖော်ပြခွင့်ပြုတော်မူခဲ့ကြောင်း၊ ထိုမျှမကပါပဲ မဟာစည်ဆရာတော်ကြီးသည် “ကိုယ်တိုင်ရေးလျှင်တောင် ဤမျှလောက် စေ့စပ်ချင်မှစေ့စပ်မည်” ဟု မှတ်ချက်ပြုတော်မူခဲ့ကြောင်း၊ ဤအခြင်းအရာများကို ထောက်ရှုသောအားဖြင့် မဟာစည်ဆရာတော်ကြီးသည် ရဟန်းကိစ္စပြီးဆုံးခြင်းရှိသည်ကို ဝန်ခံတော်မူခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့လေသည်။
ဤအကြောင်းအရာများသည် အလွန်လေးနက်သောအကြောင်းအရာများဖြစ် သည့်အလျောက် မေးမြန်းစုံစမ်းခြင်း ပြုခဲ့သော ဆရာတော်အရှင်သီလာနန္ဒာဘိဝံသနှင့် ဝန်ခံခြင်းပြုတော်မူခဲ့သော ကျေးဇူးရှင်မဟာစည် ဆရာတော်ဘုရားကြီး တို့သည်ကား (မည်သို့မျှ မရိပ်မိနိုင်လောက်အောင်) သိမ်မွေ့တော်မူကြပါကုန်၏။
မင်းကွန်းတိပိဋကဆရာတော်ကြီး
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
မဟာစည်ဆရာတော်ကြီး၏ပဋိပတ္တိဂုဏ်ကို သပြေကန်ဆရာတော်ကြီး၊ မင်းကွန်း တိပိဋကဆရာတော်ကြီးနှင့် ဖျာပုံတိုက်သစ်ကျောင်းဆရာတော်ကြီး ဦးသြဘာသာဘိဝံသ တို့က ချီးကျူးခဲ့ကြသည်ကို မဟာစည်ပဋိပတ္တိသာသနာ စိန်ရတုအထိမ်းအမှတ်စာစောင် တွင် ပြန်လည်၍ ထုတ်ဖော်တင်ပြခဲ့လေသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
မြဝတီမဟာစည်သာသနာ့ရိပ်သာဆရာတော် ဦးပဏ္ဍဝံ တွေ့ကြုံခဲ့ရသည်မှာ မင်းကွန်းတိပိဋကဆရာတော်ကြီး မဟာစည်ဆရာတော်ကြီးကို ကြည်ညိုတယ်ဆိုတာ ဟန်ဆောင်ပန်ဆောင်မဟုတ်ဘူး၊ အင်မတန်မှကြည်ညိုတယ်၊ မဟာစည်ဆရာတော်ကြီး ရဲ့ စံကျောင်းထဲ ကြွတဲ့အခါမှာ လက်အုပ်ကလေးချီပြီးဝင်တယ်။ မြဝတီဆရာတော်ကို မင်းကွန်းတိပိဋကဆရာတော်ကြီးက “မဟာစည်ဆရာတော်ကြီးလို ဆရာသမားကိုရဖို့ မလွယ်တော့ဘူးနော်၊ သေသေချာချာ ဆည်းကပ်ထားကြ၊ တရားကိုလည်း ရအောင်ယူ၊ ဝေယျာဝစ္စလည်း လုပ်ထားကြ၊ မဟာစည်ဆရာတော်ကြီးဟာ သုက္ခဝိပဿကရဟန္တာ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အနာဂါမ်ဖြစ်လိမ့်မယ်” ဟူ၍ မိန့်တော်မူခဲ့လေသည်။
ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ (၁၂၈၉-၁၃၆၇)
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို ဆရာတော်အရှင်သီလာနန္ဒာဘိဝံသ (၁၂၈၉-၁၃၆၇)က ပြန်လည်ပြောကြားတော်မူခဲ့ရာ ထိုအကြောင်းအရာများကို ၅၁-ကြိမ်မြောက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
“ဆရာတော်ဘုရားကြီးဟာ သီလ၊ သမာဓိ၊ ပညာ အလွန်ကြီးမားတဲ့ ဆရာတော် ဖြစ်ပါတယ်။ ဘုန်းကြီး အကျယ်ပြောဖို့ မလိုပါဘူး။ နိုင်ငံခြားတွေ ဆရာတော်ကြီးကြွတဲ့အခါမှာ မတတ်သာရင် ဟိုတယ်တွေမှာ တည်းရတဲ့အခါလည်းရှိပါတယ်။ ဟိုတယ်တွေမှာ တည်းရတဲ့အခါကျတော့ ဆရာတော်ဟာ အလွန်သည်းခံတော်မူ ပါတယ်။ ငါတော့ ဟိုတယ်တွေမှာ မတည်းနိုင်ဘူး။ သီးခြားနေစရာတစ်ခု ရှာပေးရမယ်စသည်ဖြင့် ဒီလို အမိန့်မရှိပါဘူး။ သူတို့ထားတဲ့နေရာမှာပဲ နေလိုက်တယ်။ ဒါပေမယ့်လို့ ဆရာတော်ဘုရားကြီး ညကျရင် အိပ်ရာပေါ်မှာ ကျိန်းစက်တော်မမူဘူး။ ကုလားထိုင်ပေါ်ထိုင်ရင်း နဲ့ပဲ တစ်ညလုံး တရားနှလုံးသွင်းပြီးတော့နေတာ ဖြစ်ပါလိမ့်မယ်။ ဝိနည်းဘက်ကလည်း ဆရာတော်ဘုရားကြီးဟာ အလွန် တိတိကျကျ ကျင့်သုံးတော်မူခဲ့ပါတယ်။
သမာဓိအနေနဲ့လည်းပဲ ဆရာတော်ဘုရားကြီးရဲ့သမာဓိဟာ အံ့သြလောက်ပါတယ်။ ဘုန်းကြီးတို့ အမေရိကန်ကို ပထမဆုံးသွားတော့ ဆရာတော်ဘုရားကြီး နောက်က လိုက်ပါရပါတယ်။ အဲဒီတုန်းက ဘန်ကောက်ကနေ ထွက်တဲ့လေယာဉ်ပျံက နောက်ကျတယ်။ နောက်ကျတော့ အဲဒီနေ့ကို ဂျပန်ကို မရောက်နိုင်တော့ဘူး။ အချိန်မီ မရောက်နိုင်ဘူးဆိုတော့ ထိုင်ဝမ်မှာ အိပ်ရတယ်။ ထိုင်ဝမ်လေယာဉ်ပျံကဆင်းတော့ ဟိုတယ်ပို့မယ်ဆိုတော့ လေကြောင်းကိုယ်စားလှယ်က ပို့ဖို့အရှေ့ကနေသွားတော့ သူက မြန်မြန်လာပါလို့ပြောတယ်။ အဲဒါကို ဆရာတော်ဘုရားကြီးက သူ့စကားကို နားမလည် သလို၊ မကြားသလိုနဲ့ နည်းနည်းမျှ ပိုပြီးတော့ မလျှောက်ဘူး။ ဘုန်းကြီးတို့က အားနာ တာပေါ့လေ၊ ဒါပေမယ်လို့ ဆရာတော်ဘုရားကြီးက ဖြေးဖြေးနဲ့ သူ့ဣန္ဒြေနဲ့သူ ဖြေးဖြေး လျှောက်ပြီး ကားပေါ်တက်ပြီးတော့ ဟိုတယ်ရောက်ရတယ်။
အမေရိကန်ရောက်တော့ ဆရာတော်ကြီးက ဆရာတော်ကြီးအနေနဲ့ မလုပ်သင့်ဘူးလို့ ထင်တဲ့ဟာကို ဘယ်တော့မှမလုပ်ဘူးဆိုတာကို ‘ဒါလေးသိစေချင်တယ်’။ အမေရိကန်ရောက်တော့ တရားပွဲတစ်ခုမှာ ဒကာမတစ်ယောက်က ဆရာတော်ကြီးနား သွားပြီးတော့ ဒီစိပ်ပုတီးလေး တပည့်တော်ကို သိဒ္ဓိတင်ပေးပါဘုရားလို့ သွားလျှောက်တယ်။ ဘုန်းကြီးတို့ဆိုရင်တော့ အားနာပါးနာနဲ့ လုပ်ချင် လုပ်ပေးလိုက်မိမယ်။ ဆရာတော်ကြီးကတော့ အဲဒါမျိုးကို အားမနာဘူး။ ဘုန်းကြီး ဒါမျိုးမလုပ်တတ်ပါဘူး။ ဒါမျိုးက ဂိုဏ်းဘုန်းကြီးတွေပဲ လုပ်တတ်ပါတယ်။ ဘုန်းကြီးတို့မှာ ဘာမှတန်ခိုးမရှိပါဘူးလို့ ဒီအတိုင်း ခပ်ပြတ်ပြတ်ပဲပြောတယ်။ ဘုန်းကြီးကတော့ အားနာလိုက်တာ။ ဒါပေမယ်လို့ ဆရာတော်ဘုရားကြီးက မလုပ်သင့်ဘူးလို့ထင်တဲ့ဟာကို ဘယ်တော့မှ မလုပ်ဘူး။
နောက်တစ်ခုက၊ ဒါကတော့ ဆရာတော်ဘုရားကြီးရဲ့ကရုဏာတော်လို့ ဆိုရမှာပေါ့လေ။ အမေရိကန် ရောက်သွားနေတဲ့အခါကျတော့ ဆွမ်းစားတဲ့အခါကျတော့ ဘုန်းကြီးတို့က စကားပြောတယ်။ ဘုန်းကြီးရယ်၊ ချမ်းမြေ့ရယ်၊ ဘာမင်ဂန်ဦးရေဝတရယ်၊ ဦးအဂ္ဂဓမ္မရယ်၊ ဦးကေလာရယ် ဆွမ်းပွဲကျတော့ ဘုန်းကြီးတို့က စကားလေးပြောမိတယ်။ သတိကလည်းမရဘူး။ ဆရာတော်ဘုရားကြီးက တော်တော်ကြာကြာတော့ သည်းခံနေတယ်။ နောက်ကျတော့ စားရင် အမှတ်ကလေးနဲ့စားကြပါတဲ့။ ဆရာတော်ကြီး ဒီလောက်ပြောရင် ဘုန်းကြီးတို့က နားလည်တယ်။ ရိုးရိုးဆိုရင်တော့ ဒါ ငေါက်တာ၊ မာန်တာနဲ့ အတူတူပဲလို့၊ ဆရာတော်ဘုရားကြီး ဒီလို ငေါက်မိပြီးတော့ ဆုံးမလေ့မရှိဘူး။ အဲတော့မှ ဘုန်းကြီးကလည်း သတိရပြီးတော့ တို့ချို့ယွင်းနေပြီဆိုပြီးတော့ အသာ ငြိမ်သွားကြတာပေါ့လေ။ ဆရာတော်ဘုရားကြီးက ဆုံးမပြီဆိုရင်လဲပဲ တစ်ဖက်သား လိုက်နာချင်အောင်၊ တစ်ဖက်သား အခံမခက်အောင် ပြောတယ်။ ဒီလိုဂုဏ်တွေ အများကြီး ဆရာတော်ဘုရားကြီးမှာ ရှိပါတယ်။ ဒါ ဘုန်းကြီး သတိရတာလေး တစ်ခု နှစ်ခု ပြောပြတာ။ အဲဒီဂုဏ်တွေနဲ့ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးရဲ့ တပည့်ဖြစ်ကြတဲ့ အခုလို အားလုံးပေါ့လေ ဆရာတော်များအပါအဝင် ဒီဒကာ၊ ဒကာမတွေဟာ အလွန် ကံကောင်းတယ်လို့ ဒီလိုဆိုရမှာပါ။
ဒီလို ဆရာတော်မျိုး နောက်ထပ်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဆရာတော်ဘုရားကြီး ထူထောင်သွားတဲ့ ဝိပဿနာသာသနာ၊ ဒီသာသနာကို ဘုန်းကြီးတို့ တပည့်တွေအနေနဲ့ ဆက်လက်ပြီးတော့ တိုးတက်အောင် ဆောင်ရွက်သွားကြဖို့ အထူးအားဖြင့် မဆုတ်ယုတ်အောင် ဆောင်ရွက်ကြဖို့ အလွန်အရေးကြီး ပါတယ်။ ဒီလိုရခဲတဲ့ အခွင့် အရေးကို ရနေကြတာဟာ အခုလို ဆရာတော်ဘုရားကြီးများ မိမိတို့ရဲ့ ကိုယ်ပင်ပန်းမှု၊ စိတ်ပင်ပန်းမှုကို ပဓာနမထားဘဲနဲ့ ဆောင်ရွက်တော်မူခဲ့ကြလို့ အခု နောက်ပုဂ္ဂိုလ်တွေ အနေနဲ့ အလွယ်တကူ မြတ်စွာဘုရားရဲ့တရားတော်တွေကို သိရတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေကို နည်းမှန်လမ်းမှန်နဲ့ ကျင့်ကြံအားထုတ်နိုင်ကြတယ်ဆိုတာဟာ ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးဟာ ဘုန်းကြီးတို့အပေါ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လိုမှ တိုင်းဆလို့မရပါဘူး။
အဲဒီတော့ ဆရာတော်ဘုရားကြီးဟာ ဘယ်လိုအခါမှာပဲဖြစ်ဖြစ်၊ တရားနဲ့ပဲ နေလေ့ရှိတယ်။ တရားနဲ့ လုပ်ငန်းကိုသာ လုပ်တယ်။ တရားနဲ့ မပတ်သက်တာဆိုရင် ဘာမှလုပ်တာကို မတွေ့ရဘူး။ ဒါကြောင့်မို့လို့ ဘုန်းကြီးတို့အနေနဲ့လည်းပဲ ဆရာတော် ဘုရားကြီးကို အတုယူပြီးတော့ တရားကိုဦးစားပေး၊ ကိုယ်ကိုယ်တိုင်လည်းပဲ တရားရှိအောင်လုပ်၊ ကိုယ်ကိုယ်တိုင် တရားရှိပြီးရင် ကိုယ်နီးစပ်တဲ့ပုဂ္ဂိုလ်တွေ၊ တခြား ဆွေမျိုး မိတ်သင်္ဂဟတွေ၊ တခြားနိုင်ငံသူ၊ နိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားတွေကိုလည်းပဲ ရတောင့်ရခဲဖြစ်တဲ့ မြတ်စွာဘုရား သာသနာတော်ရဲ့ အနှစ်သာရ၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတွေကို မျက်မှောက်ပြုနိုင်အောင် ရနိုင်အောင် ကူညီထောက်ပံ့သွားကြဖို့လည်းပဲ အရေးကြီးပါတယ်” ဟူ၍ဖြစ်ပါသည်။
ပုဂ္ဂိုလ်ထူးဟူ၍ ဆရာတော်အရှင်သီလာနန္ဒာဘိဝံသက ချီးကျူး ပူဇော်ခဲ့ပုံ
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ယခုခေတ်တွင် ဗုဒ္ဓသာသနာ၏ အားကိုးအားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူး ဖြစ်တော်မူခြင်း မဟာစည်ဆရာတော်ကြီးအား ယခုခေတ်တွင် ဗုဒ္ဓသာသနာ၏ အားကိုး အားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူးဟူ၍ ဆရာတော်အရှင်သီလာနန္ဒာဘိဝံသက ချီးကျူး ပူဇော်ခဲ့လေသည်။
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
၁၉၅၈-ခုနှစ်တွင် သာသနာ့ရိပ်သာ၌တရားအားထုတ်ခဲ့သော အင်္ဂလိပ်ရေတပ် တပ်မတော် ဗိုလ်ချုပ်ကြီး ရှက်တောက် (Rear Admiral E.H. Shattock) ရေးသားသော (An Experiment in Mindfulness) အမည်ရှိစာအုပ်တွင် “ထိုနည်းမှာလွယ်ကူလှသည်၊ အကြောင်းအရာအနေဖြင့် လွယ်ကူလှသောကြောင့်ပင် ယင်း၏လွယ်ကူမှုသည် ယင်း၏ ပဓာနခက်ခဲမှုတို့တွင် တစ်ခုဖြစ်လျက်ရှိတော့သည်၊ အနောက်နိုင်ငံ အသုံးအနှုန်းအရ ပြောရလျှင် မဟာစည်သာသနာ့ရိပ်သာသည် စိတ်ဓာတ်လေ့ကျင့်ရေးအတွက် ဆရာဖြစ် သင် ကျောင်းကြီးဖြစ်သည့်ပြင်၊ တင်းကြပ်သော နေထိုင်ရေးစည်းကမ်းရှိသော အလုပ်ချိန်များရှိသည်ဖြစ်၍ အတော်ခဲယဉ်းပြင်းထန်သော ကျောင်းဖြစ်လေသည်” ဟူ၍လည်းကောင်း၊
၁၉၅၈-ခုနှစ် နီပေါလ်နိုင်ငံ၌ကျင်းပခဲ့သော ကမ္ဘာ့ဗုဒ္ဓဘာသာကွန်ဖရင့်ကြီးကို တက်ရောက်ပြီးနောက် သာသနာ့ရိပ်သာ၌တရားအားထုတ်ခဲ့သော မစ္စတာကောလင်း ဝှပ်တ် (Mr. Colin Wyatt) ဆိုသောပုဂ္ဂိုလ်သည် အင်္ဂလန်သို့ရောက်ပြီးနောက် (The Middle Way) အမည်ရှိ ဗုဒ္ဓဘာသာမဂ္ဂဇင်း၌ “သာသနာ့ရိပ်သာသည် အခြားသမရိုးကျ ဘာသာရေးဌာနနှင့်မတူဘဲ လက်တွေ့အသုံးချ စိတ်ပညာသင်ကျောင်းနှင့်တူကြောင်း၊ သာသနာ့ရိပ်သာနည်းသည် ခိုင်လည်းခိုင်မာ၊ ဆင်ခြင်ဆုံတရားလည်းရှိ၊ လက်တွေ့လည်းကျ၍ ရိုးဖြောင်းမှုလည်းရှိကြောင်း၊ မည်သည့်လျှို့ဝှက်သောအရာ စိတ်ပြင်းထန်မှုကိုဖြစ်စေသော သဘောမျိုးမှမရှိကြောင်း” ဟူ၍လည်းကောင်း ရေးသားခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံတွင် ဂျာမန်ရဟန်းတော် အရှင်ဉာဏပေါနိကထေရ် ဦးစီးသော (Buddhist Publications Society) ခေါ် ဗုဒ္ဓစာပေထုတ်ဝေရေးအသင်းက မဟာစည် ဆရာတော်၏ ဝိပဿနာရှုနည်းကျမ်းအခန်း(၅)၏ အင်္ဂလိပ်ဘာသာပြန်ကို (Practical Insight Meditation, Basic and Progressive Stages) ဟူသောအမည်ဖြင့် ထုတ်ဝေခဲ့၍ မဟာစည်ဆရာတော် ပါဠိဘာသာဖြင့် ရေးသားထားသော ဝိသုဒ္ဓိဉာဏကထာကျမ်းကို လည်း ဆရာတော်အရှင်ဉာဏပေါနိကထေရ်ကပင် အင်္ဂလိပ်ဘာသာပြန်ဆို၍ (The Progress of Insight) အမည်ဖြင့် ထုတ်ဝေခဲ့လေသည်။
ဆရာတော် အရှင်ဉာဏပေါနိကထေရ်(၁၉၀၁-၁၉၉၄)သည် သက်တော် ၃၅-နှစ် ၁၉၃၆-ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ဂျာမန်ရဟန်းတော် ဆရာတော်အရှင်ဉာဏတိလောကထေရ် (၁၈၇၈-၁၉၅၇) ထံမှောက်၌ ရဟန်းဖြစ်တော်မူခဲ့သည်။ ၁၉၅၂္ထခုနှစ်တွင် မြန်မာနိုင်ငံမှပင့်ဖိတ်ခြင်းကြောင့် ဆဋ္ဌသင်္ဂါယနာအကြို ပိဋကတ်တော် သုဓ်သင်ပြင်ဆင်ရေးအတွက် သီရိလင်္ကာနိုင်ငံမှ ဂျာမန်ရဟန်းတော် အရှင်ဉာဏ တိလောကထေရ်နှင့် အရှင်ဉာဏပေါနိကထေရ် ဆရာတော် ၂-ပါးစလုံး ကြွရောက် တော်မူခဲ့ကြလေသည်။ ဆရာတော် အရှင်ဉာဏပေါနိကထေရ်သည် မြန်မာနိုင်ငံတွင် ဆက်လက်သီတင်းသုံး၍ မဟာစည်ဆရာတော်ကြီးထံမှောက်၌ သတိပဋ္ဌာန်ဝိပဿနာ တရား ကျင့်ကြံပွားများ အားထုတ်တော်မူခဲ့လေသည်။
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့၌လည်း (Mr. Stephen Levine) နှင့် ဓမ္မမိတ်ဆွေတစ်စုတို့သည် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ရိုက်နှိပ် ဖြန့်ချိသော (Discourse on the Basic Practice of the Satipatthana Vipassana) စာအုပ်ကိုပင် (The Satipatthana Vipassana Meditation, A Basic Buddhist Mindfulness Exercise) ဟူသောအမည်ဖြင့်ထုတ်ဝေရန် ဆရာတော်ကြီးထံမှခွင့်ပြုချက် ကိုတောင်းယူပြီး ၁၉၇၁-ခုနှစ်က ရိုက်နှိပ်ဖြန့်ချိခဲ့သည်။ သီရိလင်္ကာ ဗုဒ္ဓစာပေထုတ်ဝေ ရေးအသင်းမှ ခွင့်တောင်း၍လည်း ထိုစာအုပ်ကို (Practical Insight Meditation) ဟူသောအမည်ဖြင့် ၁၉၇၂-ခုနှစ်က ပုံနှိပ်ဖြန့်ချိခဲ့လေသည်။
အင်္ဂလန်ပြည် လန်ဒန်မြို့မှ စိတ်ရောဂါအထူးကု ပါရဂူဒေါက်တာ ဂရေဟန် ဟောင်းဆိုသူသည် မဟာစည်ဆရာတော်၏ညွှန်ကြားချက်အတိုင်း ရှုမှတ်၍ ၄-၅-ရက် လောက်ကြာသောအခါ “တရားအားမထုတ်မီက တယောက်တည်း တွေ့သိရပါသည်၊ ယခုနှစ်ယောက်တွေ့နေပါသည်၊ ဘာကြောင့်ပါလဲ”လို့ မေးရာ “ရှုသိရတာက ရုပ်တရား၊ ရှုသိတာက နာမ်တရား၊ ဒါကြောင့် ၂-ယောက်လိုပင် နှစ်မျိုးအနေဖြင့် သိရတာပါ၊ အမှန်သိပါဘဲ”လို့ ဖြေကြားရသည်။ နောက်ရက်အနည်းငယ်ကြာသောအခါ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ပျောက်ပျောက်သွားတာကိုသာ တွေ့ရကြောင်း ပြောပါသည်၊ ဒါဖြင့် အဲဒီလို ပျောက်ပျောက်သွားတာဟာ မြဲတာလား၊ မမြဲတာလားလို့ မေးကြည့်တော့ မမြဲတာပါလို့ သူက ဖြေကြားသည်။ နောက် ရက်အနည်းငယ်ကြာသောအခါ “ရှုမှတ်တိုင်း ရှုမှတ်တိုင်း ရှုသိရတာရော ရှုသိတာရော ချက်ခြင်း ပျောက်ပျက်သွားတာကို တွေ့ရကြောင်း” သူကလျှောက်ပါသည်၊ အဲဒီလို ခဏမစဲ ပျောက်ပျက်သွားလို့ မမြဲတာချည်းဘဲ၊ ဆင်းရဲ ချည်းဘဲ၊ အတ္တကောင်မဟုတ်တဲ့ အနတ္တသဘောတရားချည်းဘဲလို့ ရှုမှတ်နေယင်း ကိုယ်ပိုင်ဉာဏ်ဖြင့်သိတာဟာ အလွန်ကောင်းပါတယ်၊ ဒီလိုသိရအောင်လို့ ပေါ်လာသမျှ ကို အမြဲမပြတ်ရှုမှတ်နေရတာဘဲ၊ ရှုမြဲသာ မပြတ်ရှုမှတ်သွားပါ၊ အင်မတန်ကောင်းပါ တယ်-လို့ ချီးကျူးပြီး ဆက်လက်ရှုဘို့ တိုက်တွန်းလိုက်ရပါသည်။
နောက်တချိန်၌ ရန်ကုန်မြို့မှ ဒေါက်တာခင်မောင်လတ် (မဟာစည်ယောဂီ) အင်္ဂလန်သို့ စိတ်ရောဂါအထူးကုဆရာဝန်အတတ်သင်ရန်သွားရာ၊ ယင်းဆရာဝန်ကြီး ဒေါက်တာဟောင်းက သူ၏လူမမာများကို တန်းစီစေပြီးလျှင် ဖောင်းတယ်ပိန်တယ်ဟု ရှုမှတ်ခိုင်းနေတာကို တွေ့ရသဖြင့် ဒေါက်တာခင်မောင်လတ်က အလွန်အံ့အားသင့်ပြီး တော့ “ခင်ဗျားဟာ ဗုဒ္ဓဘာသာဝင်ပါလား”လို့ မေးသည်၊ ထိုအခါ ဒေါက်တာဟောင်း က “ဗုဒ္ဓဘာသာဝင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီတရားက အလွန်ကောင်းတဲ့ တရား ဖြစ်ပါတယ်၊ လူမမာတွေကို စိတ်ချမ်းသာမှု အေးချမ်းမှု ရစေပါတယ်၊ ဒါကြောင့် ဒီလို ရှုမှတ်ခိုင်းပါတယ်” လို့ ပြန်ကြားပါသည်။ “ဒီလိုရှုမှတ်ပုံနည်းကို ဘယ်က ရလာပါသလဲ” လို့ မေးပြန်တော့ မြန်မာပြည် ရန်ကုန်မြို့ မဟာစည်ဆရာတော်ဘုရားကြီးထံမှ ရလာခဲ့ သည်ဟုဖြေကြားကြောင်း သိရပါသည်။
ဤသို့မဟာစည်ဆရာတော်ဘုရားအထံ၌ တရားအားထုတ်ပြီးဖြစ်သော အဆိုပါ နိုင်ငံခြားသားတို့၏ ဟောပြောခြင်း, ရေးသားခြင်းတို့ဖြင့် သာသနာပြုမှုတို့ကြောင့် သတိပဋ္ဌာန်ဝိပဿနာအားထုတ်နည်းနှင့်အတူ မဟာစည်ဆရာတော်ဟူသောအမည်, မဟာစည်ဆရာတော်၏ ဉာဏ်စွမ်း, သာသနာ့ရိပ်သာဟူသောအမည်တို့သည် ကမ္ဘာအနှံ့ ပြန့်လျက်ရှိလေပြီ။ ယခုခေတ်၌ တစ်ကမ္ဘာလုံးရှိ စိတ်ဓာတ်လေ့လာမြှင့်တင်ရေးကို စိတ်ဝင်စားသော ပုဂ္ဂိုလ်တို့တွင် မဟာစည်ဆရာတော်ဟူသောအမည်နှင့် မဟာစည်ဆရာတော်၏ ဝိပဿနာကမ္မဋ္ဌာန်းနည်းတို့ကို မကြားဖူးသူ မဖတ်ဖူးသူ မလေ့လာဖူးသူ ဟူ၍ မရှိသလောက်ပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် ကမ္ဘာတစ်လွှား ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်များကို ပေါင်းစုရိုက်နှိပ်ထားသော (Who's Who in the World) ခေါ် ကမ္ဘာသုံးညွှန်းတမ်းစာအုပ်ကြီး၌ပင် မဟာစည် ဆရာတော်ကြီး၏ထေရုပ္ပတ္တိအကျဉ်းကို တွေ့မြင်ရခြင်းဖြစ်ပါသည်။ထိုစာအုပ်ကြီးတွင် ထည့်သွင်းခံရဖို့ ရန်မှာ သာမန်ကျော်ကြား သူတို့ မမျှော်လင့်နိုင်သောအချက်ဖြစ်ရကား ထို၌ထည့်သွင်းခံရခြင်းဖြင့်ပင် မဟာစည် ဆရာတော်သည် ကမ္ဘာ့အသိအမှတ်ပြုကျော်ကြားသောပုဂ္ဂိုလ် စာရင်းဝင်ဖြစ်နေကြောင်းမှာ အလွန်ပင် ထင်ရှားလှပါတော့သည်။
ထိုသို့ ကမ္ဘာကျော်ဆရာတော်ဖြစ်နေသောကြောင့်ပင် ယနေ့တိုင်လည်း နိုင်ငံ ခြားသားများထံမှ စုံစမ်းမေးမြန်းစာများ, တရားအားထုတ်ခွင့်ရလိုကြောင်း လျှောက်ထား စာများကို ရနေဆဲပင်ဖြစ်သည်။ မဟာစည်ဆရာတော်သည် ပရိယတ်နယ်ဖြစ်စေ, ပဋိပတ်နယ်ဖြစ်စေ မည်သည့်နယ်မှာမဆို ကျွမ်းကျင်တော်မူသဖြင့် ပရိယတ်ပဋိပတ်နှင့် စပ်၍ မည်သည့်ပုစ္ဆာ ပြဿနာမျိုးပင်မဆို ပြေလည်အောင် ဖြေစွမ်းတော်မူနိုင်ပေသည်။
ထို့ကြောင့် မဟာစည်ဆရာတော်သည် ယခုခေတ်တွင် ဗုဒ္ဓသာသနာ၏ အားကိုးအားထားပြုရဆုံးသော ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်သည်နှင့်အမျှ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာဝင်အပေါင်းတို့၏ရှေ့မှ မားမားမတ်မတ် ရပ်တော်မူလျက်ရှိသော အလားတူရနိုင်ရန် ခဲယဉ်းလှသော ခေါင်းဆောင်ဆရာတော်ကြီးတစ်ပါး ဖြစ်ပါပေ တော့သည်” ဟူ၍ ဖြစ်လေသည်။
သုံးရိုးသုံးစဉ် ခေါ်ဝေါ်ခြင်းမျှမဟုတ်သော ကျေးဇူးတော်ရှင်, အနန္တ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
မဟာစည်ဆရာတော်ကြီးအား “ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး” ဟူ၍ ခေါ်ဝေါ်ခြင်းအပေါ် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသက ဖော်ပြထားသည်မှာ ..
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
“၁၃၃၅-ခုနှစ် ကဆုန်လအတွင်းက မဟာစည်ဆရာတော်ကြီး မန္တလေး ရတနာပုံမဟာစည် သာသနာ့ရိပ်သာသို့ကြွရောက်စဉ် ဆရာတော်ကြီးအနီး ဦးပဉ္စင်းကြီး တစ်ပါးကို တွေ့ရပါသည်။ ဆရာတော်ကြီး၏ ကမ္မဋ္ဌာန်းနည်းဖြင့် ဝိပဿနာဉာဏ်အထူး များရရှိခဲ့၍ ဆရာတော်ကြီး၏ကျေးဇူးကြီးမားလှကြောင်း၊ ဆရာတော်ကြီးအား ပစ္စည်းဥစ္စာကိုလှူသည်ထက် အဆများစွာလေးနက်သော မိမိ၏အသက်ကိုပင် လှူဒါန်းခဲ့ ကြောင်း ထိုဦးပဉ္စင်းကြီးကပြောပြလေသည်။ ထိုဦးပဉ္စင်းကြီးမှာ အခြားသူမဟုတ်၊ မဟာစည်ဆရာတော်ကို သူဌေးကြီးဆာဦးသွင်နှင့် ဆက်သွယ်ပေးခဲ့သော ရေဦးမြို့ စက်သူဌေး ဦးဘသင်ပင်ဖြစ်ပါသည်။
မိမိသန္တာန်၌ တစ်ကြိမ်တစ်ခါမျှမဖြစ်ဖူးခဲ့သော ဝိပဿနာဉာဏ်များဖြစ်ပေါ်လာ သောအခါမှာမူ အလွန်ဝမ်းမြောက်ခြင်းဖြစ်သည်နှင့်အမျှ ဤနည်းလမ်းတို့ကို ဟောကြားတော်မူခဲ့သော မြတ်စွာဘုရားရှင်ကိုလည်းကောင်း၊ နည်းလမ်းညွှန်ပြသော ဆရာမြတ်ကိုလည်းကောင်း ကျေးဇူးတင်မဆုံးအောင်ရှိရသည်။ ရှိခိုးကန်တော့၍မဆုံးအောင် ရှိရသည်။ ဤသို့သောအဖြစ်မျိုးကို (လက်တွေ့တရားအားထုတ်၍ ရုပ်နာမ်ကွဲပြားသောဉာဏ်၊ ဖြစ်ခြင်းပျက်ခြင်းကို သိမြင်သောဉာဏ်) ရရှိလာသည့်ယောဂီတိုင်းပင် တွေ့ကြ ရသည်။ မဟာစည်ဆရာတော်ကြီး၏သြဝါဒအတိုင်း တရားအားထုတ်၍ ထိုအဆင့်တို့ကို လည်းကောင်း, ထိုထက်မြင့်သောအဆင့်တို့ကိုလည်းကောင်း ရောက်ရှိခဲ့သော ယောဂီတို့ ၏ ကျေးဇူးရှင်အစစ်သည်ကား မဟာစည်ဆရာတော်ကြီးပင် ဖြစ်ပါတော့သည်။
ဤသို့တရားနှင့်စပ်သော လက်တွေ့ကျေနပ်မှုကို ပေးတော်မူနိုင်သောကြောင့် ပင် မဟာစည်ဆရာတော်ကြီးသည် သူမတူတန်သောလေးစားမှုကို ခံယူရရှိတော်မူပါ သည်။ ယောဂီများက ဆရာတော်ကြီးကိုလေးစားပုံမှာ ဟန်ဆောင်မှုမပါသော တကယ့် လေးစားမှုပင်ဖြစ်ကြောင်း သိနိုင်ပါသည်။ ဤပုဂ္ဂိုလ်တို့အဖို့ မဟာစည်ဆရာတော်ကြီးကို ကျေးဇူးတော်ရှင်ဟု ခေါ်ဝေါ်ရသည်ကိုပင် အားရနိုင်ကြမည်မဟုတ်ပါ။ ထို့ကြောင့် “ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး” ဟူသောအသုံးအနှုန်းမှာ သုံးရိုးသုံးစဉ်ဖြစ်၍ မဟုတ်၊ တကယ်နှစ်နှစ်ကာကာ လေးစားကြည်ညိုမှုကြောင့် နှလုံးမဆန့် ပျံ့နှံ့ထွက်ပေါ် လာသော သုတိသာယာလှသည့်စကားလုံး ဖြစ်ပါတော့သည်” ဟူ၍ ဖြစ်လေသည်။
မဟာစည်ဆရာတော်ကြီး၏ လက်ရုံးတပည့်ကြီးဖြစ်သော ကမ္မဋ္ဌာနာစရိယ ဆရာတော်အရှင်သုဇာတက မိမိသည် မဟာစည်ဆရာတော်ကြီး၏ ကျေးဇူးကြောင့် ပါဠိတော်တို့ကို ကြည့်ရှုရသောအခါ လက်တွေ့နှင့်ဟပ်၍ အနက်အဓိပ္ပါယ်တို့ကို အားပါးတရ သိမြင်ရပါသည်။ ဆရာတော်ကြီးထံ၌ တရားအားမထုတ်ခဲ့လျှင် ဤသို့ သော အသိဉာဏ်မျိုးကို ရမည်မဟုတ်ပါ။ ထို့ကြောင့် ဆရာတော်ကြီးအား ကျေးဇူးတင် မဆုံးအောင်ရှိပါသည်ဟု အမိန့်ရှိဖူးပါသည်။ ဆရာတော်အရှင်သုဇာတသည်ကား ကျေးဇူးရှင်ဆရာတော်ဘုရားကြီး လွန်တော်မူပြီး ၈-ရက်မြောက်နေ့တွင် မဟာစည် သာသနာ့ရိပ်သာ၏ သြဝါဒါစရိယဆရာတော်အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူခဲ့ သည်။ ဆရာတော်အရှင်သုဇာတသည် ထိုနေ့ ညနေ ၅-နာရီခွဲတွင် သြဝါဒကထာ မိန့်ကြားတော်မူပြီးနောက် ည ၈-နာရီ ၄၅-မိနစ်တွင် လွန်တော်မူခဲ့လေသည်။
ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာဆရာတော်ကမူ “အနန္တ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး” ဟူ၍ ခေါ်ဝေါ်လျက် အစဉ်ကြည်ညို မြဲ ဖြစ်လေသည်။
ဓမ္မာစရိယ ဦးမောင်မောင်လေး
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
ဓမ္မာစရိယ ဦးမောင်မောင်လေးသည် တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်တွင် ရဟန်း ၆-ဝါခန့် စာချဘုန်းကြီးအဖြစ် သီတင်းသုံးနေစဉ်ကာလက ဆဋ္ဌသင်္ဂါယနာတင် တော်မူစဉ် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးနှင့် ဆုံဆည်းခဲ့ပုံများကို အပ္ပမာဒ တွေ့ဆုံမေးမြန်းဓမ္မလမ်း၌ ပြောကြားခဲ့ရာ “မဟာစည်ဆရာတော်ဘုရားကြီးက သင်္ဂါယနာ အမေး-အဖြေကို နေ့လည် ၁-နာရီကနေ ၂-နာရီအထိ ဆောင်ရွက်ပါတယ်၊ ပြီးတာနဲ့ ဆရာတော်ဘုရားကြီးဟာ ဇမ္ဗူဒီပကျောင်းဆောင် ကြွလာပြီးတော့ ၅-နာရီ လောက်အထိ သြသာနအစည်းအဝေးထိုင်ရတယ်။ ဆရာတော်ကြီးနဲ့ အမြဲထိတွေ့ လုပ်ကိုင်ရတော့ ဆရာတော်ကြီးဟာ သီလ၊ သမာဓိ၊ ပညာနဲ့ပတ်သက်လို့ အတော် ကြည်ညိုစရာကောင်းပါတယ်။ အထူးအားဖြင့်တော့ သမာဓိအလွန်ကောင်းပါတယ်။ အလုပ် လုပ်နေတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်က ဘယ်သူတွေ ဘာပြောနေနေ၊ ဘာမျှ အနှောင့်အယှက်မဖြစ်ဘူး၊ ဘယ်ကိုမျှ စိတ်မရောက်ဘူး” ဟူ၍ဖြစ်လေသည်။
ရေဦးစက်ပိုင် ဦးသဘင်နှင့် ဖခင် ဦးတင့် တို့၏ ဂုဏ်ကျေးဇူးများကို ရွှေဘိုမြို့၊ ထောင့်စေတီရိပ်သာဆရာတော်ကြီး အရှင်တိလောကမထေရ်က ဆောင်းပါးဖြင့် ထုတ်ဖော်ခဲ့
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဆွမ်းအလှူပြုနေပုံ
၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်
ဓာတ်ပုံဆရာ - ကျော်ကျော်
ဖြည့်စွက်ရန်
PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...