Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
ပုစ္ဆာ ။ မဟာသတိပဋ္ဌာနသုတ္တံ ပနာဝုသော ယောဂါဝစရာနံ ဗဟုပကာရတ္တာ ဒီဃနိကာယေ စ ဣဓ စာတိ ဒွီသု နိကာယေသု ပေါရာဏကေဟိ သံဂီတိကာရေဟိ ဒွိက္ခတ္တုံ သံဂါယိတွာ ဝိတ္ထာရေန ပတိဋ္ဌာပိတံ၊ တံ အမှေဟိ ဒီဃနိကာယေ ယထာနုပ္ပတ္တဝသေန ပုစ္ဆိတဉ္စ ဝိဿဇ္ဇိတဉ္စ။ တထာပိ ယောဂါဝစရာနံ ဗဟုပကာရတ္တာယေဝ တံ ဣဒါနိပိ ယထာနုပ္ပတ္တဝသေန ပုန ပုစ္ဆိဿာမိ၊ တံ ပနေတံ အာဝုသော မဟာသတိပဋ္ဌာနသုတ္တံ ဘဂဝတာ ကတ္ထ ကံ အာရဗ္ဘ ဘာသိတံ။ ဝိဿဇ္ဇနာ။ ကုရူသု ဘန္တေ ကမ္မာသဓမ္မေ နာမ ကုရူနံ နိဂမေ သမ္ဗဟုလေ ဘိက္ခူအာရဗ္ဘ ဘာသိတံ။
အမေး။ မဟာသတိပဋ္ဌာနသုတ္တန် တရားဒေသနာတော်ကြီးသည် တရားအားထုတ် သော ယောဂါဝစရပုဂ္ဂိုလ်တို့အား အထူးသဖြင့် ကျေးဇူးများသည့် အဖြစ် ကြောင့် ဒီဃနိကာယ်၌၎င်း ယခု သံဂါယနာတင်ဆဲဖြစ်သော မဇ္ဈိမနိကာယ် ၌၎င်း ဤနိကာယ်နှစ်ရပ်လုံးတို့၌ ရှေးရှေးသော သံဂါယနာတင်မဟာထေရ် မြတ်တို့သည် နှစ်ကြိမ်တိုင်တိုင် သံဂါယနာတင်၍ အကျယ်အားဖြင့် တည်ထားတော်မူခဲ့ပေ၏။ ငါတို့သည်လည်း ဒီဃနိကာယ်၌ အစဉ်ရောက် သည့်အတိုင်း ထိုမဟာသတိပဋ္ဌာနသုတ်ကို မေးခဲ့ဖြေခဲ့ပြီ။ သို့ပင်ဖြစ်သော်လည်း ထိုမဟာသတိပဋ္ဌာနသုတ်တော်သည် ယောဂါဝစရပုဂ္ဂိုလ်တို့အား အထူးသဖြင့် ကျေးဇူးများသောကြောင့် ဤမဇ္ဈိမနိကာယ်၌ အစဉ် ရောက် သည့်အားလျော်စွာ ယခုအခါ၌လည်း တဖန်ထပ်၍ မေးမြန်းပေဦးအံ့။ ထိုမဟာသတိပဋ္ဌာနသုတ္တန် တရားဒေသနာတော်ကြီးကို ဘုန်းတော် ခြောက်ပါးသခင် သဗ္ဗညုမြတ်စွာဘုရားရှင်သည် အဘယ်အရပ်ဒေသ၌ အဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြု၍ ဟောကြားတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ကုရုတိုင်း အဝင်အပါ ကမ္မာသဓမ္မအမည်ရသော နိဂုံး၌ များစွာသော ရဟန်းတို့ကို အကြောင်းပြု၍ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ အစရှိသည်ဖြင့် ပဏ္ဍု ကမ္ပလာ ကုန်သည်သည် မိမိ၏ ပဏ္ဍုကမ္ပလာအထည်၏ ကျေးဇူးစကား တို့ကို ပြောကြားဘိသကဲ့သို့ ခုနစ်ပါးသော ကျေးဇူးစကားတို့ကို ဖော်ပြ၍ နှစ်ဆယ့်တပါးသော ဌာနဝယ် အရဟတ္တဖိုလ်တိုင် ပေါက်ရောက်စေလျက် ဤမဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်ကို များစွာသော ရဟန်း တို့ကို အကြောင်းပြု၍ သဗ္ဗညုမြတ်စွာဘုရား ဟောကြားတော်မူအပ်ပါ သည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ အာနာပါနဿတိ ကာယာနုပဿနာ ဘဂဝတာ ဝိဘဇိတွာ ပကာသိတာ။ ဝိဿဇ္ဇနာ ။ ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုည္ထာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ၊ ဒီဃံ ဝါ အဿသန္တော ‘ဒီဃံ အဿသာမီ’တိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ‘ဒီဃံ ပဿသာမီ’တိ ပဇာနာတိ၊ ဧဝမာဒိနာ ဘန္တေ တတ္ထ အာနာပါနဿတိ ကာယာနုပဿနာ ဘဂဝတော ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထိုမဟာသတိပဋ္ဌာန်သုတ်တော်မြတ်၌ ကာယာနုပဿနာ, ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာဟူ၍ လေးပါးအပြားရှိ၏။ ထိုလေးပါးတို့ တွင် ကာယာနုပဿနာသည်လည်း အာနာပါနဿတိ ကာယာနုပဿနာ အစရှိသောအားဖြင့် နှစ်ဆယ့်လေးပါးရှိရာတွင် အာနာပါနဿတိ ကာယာ နုပဿနာဘာဝနာကို သဗ္ဗညုမြတ်စွာဘုရားသခင်သည် အဘယ်သို့လျှင် ဝေဘန်၍ ဟောပြတော်မူပါသနည်း ငါ့ရှင်။
အဖြေ။ သဗ္ဗညုမြတ်စွာဘုရားသည် ကာယာနုပဿနာသတိပဋ္ဌာန် ဒေသနာတော်မြတ်ကို တဆယ့်လေးရပ်သော အပိုင်းအခဏ်းတို့ဖြင့် ခွဲခြမ်း၍ ဟောကြားတော်မူခဲ့ရာ ရှေးဦးစွာသော အာနာပါနအပိုင်း အခဏ်း၌ ဣဓဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ အစရှိသည်ဖြင့် – ဆက်လက်ဖတ်ရှုရန် ...
အဘိက္ကန္တေ ပဋိက္ကန္တေ
ချစ်သားတို့ … ဤငါဘုရားသာသနာတော်၌ ရဟန်းတော် အရှင်သူမြတ် သည် တောအရပ်သို့ဖြစ်စေ သစ်ပင်ရင်းသို့ဖြစ်စေ တစ်စုံတစ်ခု ဆိတ်ငြိမ် ရာအရပ်သို့ဖြစ်စေ ကပ်ရောက်၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် အာနာ ပါနတို့၏ ထွက်ရာဝင်ရာဖြစ်သော နှာသီးဖျားသို့ စိတ်ကိုထား၍ ထက်ဝယ် ဖွဲ့ခွေနေရမည်။ သို့နေပြီးသောအခါ ရှေးဦးအစဝယ် သတိကို မြဲစွာထား၍ ထွက်သက်ကိုလည်း ထုတ်ရမည်၊ ဝင်သက်ကိုလည်း ရှူရှိုက်ရမည်၊ ပဌမ အပိုင်းအခဏ်းဝယ် ထွက်သက်ဝင်သက်ထုတ်သည် ရှိုက်သည်တို့ကို သတိ အမြဲတစေ ရှိရမည်။ ဤသို့စသည်ဖြင့် အပိုင်းအပိုင်းခွဲခြမ်း၍ ကာယာ နုပဿနာသတိပဋ္ဌာန် အာနာပါန အပိုင်းအခဏ်းကို သဗ္ဗညုမြတ်စွာဘုရား ခွဲခြမ်း၍ ပြတော်မူခဲ့ပါသည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ ဣရိယာပထကာယာနုပဿနာ ဘဂဝတာ ဝိဘ-ဇိတွာ ပကာသိတာ။
ဝိဿဇ္ဇနာ ။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတိ၊ ဧဝမာဒိနာ ဘန္တေ ဘဂဝတာ ဣရိယာပထကာယာနုပဿနာ ဘာဝနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထိုမဟာသတိပဌာနသုတ္တန် ဒေသနာတော်မြတ်၌ ဣရိယာပုထ်လေးပါးကိုရှုရသော ဣရိယာပထ ကာယာနုပဿနာကို သဗ္ဗညု မြတ်စွာဘုရားသည် အဘယ်သို့ ဝေဘန်၍ ဟောပြတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ထိုကာယနုပဿနာသတိပဋ္ဌာန်အခဏ်း တစ်ဆယ့်လေးပိုင်းတို့တွင် နှစ်ခု မြောက်ဖြစ်သော ဣရိယာပထပဗ္ဗကို ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ အစရှိသည်ဖြင့် ချစ်သားတို့ ဤငါဘုရားသာသနာတော်ဝယ် ရဟန်းတော်အရှင်သူမြတ် သည် သွားသောအခါ သွားသည်ဟူ၍ ဉာဏ်ပညာဖြင့် သိရမည်၊ ရပ်သော အခါ ရပ်သည်ဟူ၍ ဉာဏ်ပညာဖြင့် သိရမည်၊ ထိုင်သောအခါ ထိုင်သည် ဟူ၍ လျောင်းသောအခါ လျောင်းသည်ဟူ၍ ဉာဏ်ပညာဖြင့် သိရမည်။ သို့သိပုံမှာ သွားလို ရပ်လို ထိုင်လို နေလိုသော စိတ်သည် ရှေးဦးစွာ ဖြစ်သည်၊ သို့ သွားလို ရပ်လို ထိုင်လို နေလိုသော စိတ်ဖြစ်သောအခါ ဝါယောဓာတ်လွန်ကဲသော စိတ္တဇရုပ်ဖြစ်သည်၊ ထိုဝါယောဓာတ် လွန်ကဲ သော စိတ္တဇရုပ်ဝယ်ပါရှိသော ဝါယောဓာတ်, ဝါယောဓာတ်၏ ဝိကာရ္ထသတ္တိတည်း ဟူသော ဝိညတ်ရုပ်ပါရှိသည်။ ဤခန္ဓာကိုယ်ဝယ် ထိုဝိညတ်ရုပ် အနှံ့အပြား ပြည့်လေသောကြောင့် စိတ္တကိရိယာ ဝါယောဓာတ်၏ အစွမ်းသတ္တိကြောင့် ဤရူပကာယသည် မူလဖြစ်ရာအရပ်မှ ရှေ့သို့ တစ်ဆင့်တိုး၍ နောက်တစ်ဖန် ရုပ်သဏ္ဌာန်တို့ ဖြစ်သည်ကိုပင် သွားသည်ဟူ၍၄င်း ထိုစတုဇရုပ်သန္တတိတို့သည် ရပ်သော အခြင်းအရာအားဖြင့် ဖြစ်သည်ကိုပင် လောကဝေါဟာရအားဖြင့် ရပ်သည် ဟူ၍၄င်း ထိုင်သောအခြင်းအရာ လျောင်းသောအခြင်းအရာအားဖြင့် ဖြစ် သည်ကိုပင် ထိုင်သည် လျောင်းသည်ဟု လောကဝေါဟာရအားဖြင့် ခေါ်ဆို ခြင်း ဖြစ်ချေသည်။ စင်စစ်သော် သွားတတ်သူ ရပ်တတ်သူ ထိုင်တတ်သူ လျောင်းတတ်သူ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ စိတ္တကိရိယာ ဝါယောဓာတ်၏ ပျံ့နှံ့ခြင်းတည်းဟူ သော တန်ခိုးအစွမ်းကြောင့်သာလျှင် သွားမှု ရပ်မှု ထိုင်မှု လျောင်းမှုတည်း ဟူသော ဣရိယာပုထ်တို့ ဖြစ်ပေါ်ရသည်ဟု ဉာဏ်ပညာဖြင့် သိရန် အကြောင်းကို သဗ္ဗညုမြတ်စွာဘုရားသည် ထိုဣရိယာပထ အပိုင်းအခန်း၌ ကာယာနုပဿနာ သတိပဋ္ဌာန်ကို ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူခဲ့ပါ သည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ သမ္ပဇညကာယာနုပဿနာ ဘဂဝတာ ဝိဘဇိတွာ ပကာသိတာ။
ဝိဿဇ္ဇနာ ။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ အာလော ကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီဟောတိ၊ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီဟောတိ၊ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာ နကာရီဟောတိ၊ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ၊ ဧဝမာဒိနာ ဘန္တေ ဘဂဝတာ တတ္ထသမ္ပ ဇညကာယာနုပဿနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထို သတိပဋ္ဌာန်သုတ်တရားတော်၌ သမ္ပဇဉ်လေးပါးကို ဖြစ်ပွားစေလျက် ရှုရသော သမ္ပဇည ကာယာနုပဿနာကို မြတ်စွာဘုရားသခင်သည် အဘယ်သို့ ဝေဘန်၍ ဟောပြတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ထိုကာယာနုပဿနာ သတိပဋ္ဌာန် သမ္ပဇည အပိုင်းအခန်း၌ သဗ္ဗညု မြတ်စွာဘုရားသည် ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီဟောတိ အစရှိသည်ဖြင့် ချစ်သား ရဟန်းတို့ - ထိုမှတစ်ပါး ယောဂါဝစရ ရဟန်းတော် အရှင် သူမြတ်သည် ရှေ့သို့တက်သောအခါ ရှေ့သို့သွားသောအခါ၌၄င်း နောက် သို့ ပြန်ဆုတ်သောအခါ၌၄င်း တူရူတည့်တည့် ကြည့်သောအခါ၌၄င်း တစောင်းကြည့်သောအခါ၌၄င်း လက်ခြေတို့ကို ကွေးသောအခါ ဆန့်သော အခါ၌၄င်း သပိတ်သင်္ကန်းတို့ကို ဝတ်ရုံဆင်မြန်းသောအခါ၌၄င်း စားဖွယ် သောက်ဖွယ် ခဲဖွယ် လျက်ဖွယ်တို့ကို စားသောအခါ သောက်သောအခါ ခဲသောအခါ လျက်သောအခါ၌၄င်း ကိုယ်၏အညစ်အကြေးတို့ကို စွန့်ပစ် သောအခါ၌၄င်း သွားသောအခါ ရပ်သောအခါ ထိုင်သောအခါ အိပ်သော အခါ နိုးသောအခါ စကားပြောသောအခါ စကားမပြော တုဏှီဘော နေသောအခါ၌၄င်း ဤအစိတ်အစိတ် အမှုန့်အမှုန့်သော ဣရိယာပုထ် တို့၌လည်း- အကျိုးရှိသည် မရှိသည်ကို ရှေးဦးစွာဝေဘန်၍ အကျိုးရှိမှသာ ပြုခြင်း အကျိုးရှိသည်ကိုသာ ယူခြင်းတည်းုဟူသော သာတ္ထကသမ္ပဇဉ်။
အကျိုးပင်ရှိစေကာမူ မိမိနှင့် သပ္ပါယဖြစ်သည် သပ္ပါယမဖြစ်သည်ကို ရှေးဦးစွာ ပိုင်းခြားပြီးမှ သပ္ပါယဖြစ်၍ လျောက်ပတ်သည်ကိုသာလျှင် ပြုခြင်းတည်းဟူသော သပ္ပါယသမ္ပဇဉ်၊ ပြုပြုသမျှသော ကာယကံမှု ဝစီကံမှု အမှုမှုတို့ဝယ် ကမ္မဋ္ဌာန်း အာရုံလက်မလွတ်ခြင်းတည်း ဟူသော ဂေါစရသမ္ပဇဉ်၊ ထိုပြုပြုသမျှ အလုံးစုံဝယ် ဉာဏ်ပညာရှေးရှု၍ ပုဂ္ဂိုလ်သွားသည်မဟုတ် ပုဂ္ဂိုလ်နောက်ဆုတ်သည်မဟုတ် ငါ သူတစ်ပါး ယောကျာ်း မိန်းမ ရှေ့သို့ တက်သည် နောက်သို့ဆုတ်သည် တူရူကြည့်သည် တစောင်းကြည့်သည် မဟုတ်၊ စင်စစ်သော စိတ္တကိရိယာ ဝါယောဓာတ်အစရှိသော ထိုထို ပရမတ္ထတရားတို့၏ သတ္တိဖြင့်သာလျှင် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ် ခြင်း စသည်ဖြစ်သည်ဟု ဉာဏ်ဖြင့် သိမ်းဆည်းခြင်းတည်းဟူသော အသမ္မောဟသမ္ပဇဉ်၊ ဤသမ္ပဇည လေးပါးတို့ဖြင့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း အစရှိသော ကာယကံမှု ဝစီကံမှုတို့ဝယ် ပြုရမည်ဟု သဗ္ဗညုမြတ်စွာဘုရား သည် သမ္ပဇညကာယာနုပဿနာ ဘာဝနာကို စိတ်ဖြာခွဲခြား ဟောကြား တော်မူခဲ့ပါသည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ ပဋိကူလမနသိကာရကာယာနုပဿနာ ဘဂဝတာ ဝဘဇိတွာ ပကာ သိတာ။
ဝိဿဇ္ဇနာ ။ ပုနစပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ အတ္ထိ ဣမသိံ္မ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော ဧဝမာဒိနာ ဘန္တေ တတ္ထ ဘဂဝတာ ပဋိကူလမနသိကာရကာယာနုပဿနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထိုသတိပဋ္ဌာန်သုတ်တရားတော်၌ စက်ဆုပ်ရွံရှာဖွယ်အဖြစ်ဖြင့် ထင်အောင် ရှုရအောင် ပဋိကူလမနသိကာရ ကာယာနုပဿနာကို မြတ်စွာဘုရားသခင် သည် အဘယ်သို့ ဝေဘန်၍ ဟောပြတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ပဋိကူလမနသိကာရ အပိုင်းအခဏ်းကို ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကောသမတ္ထကာ တစပရိယန္တံ ပူရံ နာနာပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ အစရှိသည်ဖြင့် – ချစ်သားတို့ - ထိုမှတစ်ပါး ယောဂါဝစရ ရဟန်းသူမြတ်သည် ဆံပင် မွေးညှင်း အစရှိသော သုံးဆယ့်နှစ်ပါးသော ဒွတ္တိံ သာကာရတို့နှင့် ပြည့် သော စက်ဆုပ်ရွံရှာဖွယ်သော ကောဋ္ဌသတို့နှင့်သာ ပြည့်၍သာနေသော ဤရူပကာယကို ဤသည်ကားဆံပင် ဤသည်ကားမွေးညှင်း ဤကား ခြေသည်းလက်သည်း ဤကားအရေထူ အရေပါး ဤကားသွား အစရှိ သည်ဖြင့် ပုဂ္ဂိုလ်, သတ္တဝါ, ယောကျာ်း, မိန်းမ, ငါ, သူတပါး အနေဖြင့် မရှုဘဲ ထင်ရှားရှိသော ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေထူ အရေပါး အစရှိသော ကောဋ္ဌာသတို့ကို ရှုဖို့ နေဖို့ရန် ရံခါ မိမိကောဋ္ဌာသကို ရှု၍နေရန် ရံခါ သူတပါးတို့၏ ကောဋ္ဌာသတို့ကို ရှု၍ နေရန် သဗ္ဗညုမြတ်စွာဘုရား ပဋိကူလမနသိကာရ ကာယနုပဿနာကို စိတ်ဖြာခွဲခြား ဟောကြားတော်မူခဲ့ပါသည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ ဓာတုမနသိကာရကာယာနုပဿနာ ဘဂဝတာ ဝဘဇိတွာ ပကာ သိတာ။
ဝိဿဇ္ဇနာ ။ ပုနစပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာ ဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဧဝမာဒိနာ ဘန္တေ တတ္ထ ဘဂဝတော ဓာတုမနသိကာရကာယာနုပဿနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ပုဂ္ဂိုလ်သတ္တဝါမဟုတ် ဓာတ်သဘောမျှမှုဟု ရှုရသော ဓာတုမနသိကာရ ကာယာနုပဿနာကို မြတ်စွာဘုရားသခင်သည် အဘယ်သို့ ဝေဘန်၍ ဟောပြတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ဓာတုမနသိကာရ အပိုင်းအခဏ်းကို ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အစ ရှိသည်ဖြင့် – ချစ်သား ရဟန်းတို့ - ထိုမှတစ်ပါးလည်း ယောဂါဝစရ သဒ္ဓါပဗ္ဗဇိတ ကုလပုတ္တ အမျိုးကောင်းသား ရဟန်းသူမြတ်သည် အကြင်ကြင် ရှိမြဲ တည်မြဲတိုင်းသော ဤရူပကာယကိုပင်လျှင် ဤသည်ကား ပထဝီဓာတ် ဤသည်ကား အာပေါဓာတ် ဤသည်ကား တေဇောဓာတ် ဤသည်ကား ဝါယောဓာတ် ဤနှစ်ဆယ်သော ဆံပင်အစရှိသော ကောဋ္ဌာသအစုသည်ကား ပထဝီဓာတ်, ဤတဆယ့်နှစ်ပါးသော အစုသည်ကား အာပေါဓာတ်, ဤလေးပါးသော အစုသည်ကား တေဇောဓာတ်, ဤ ခြောက်ပါးသော အစုသည်ကား ဝါယောဓာတ်ဟု ဤရူပကာယအတွင်းဝယ် ထင်ရှားရှိသော ပထဝီဓာတ် နှစ်ဆယ်, အာပေါဓာတ် တဆယ့်နှစ်ပါး, တေဇောဓာတ် လေးပါး, ဝါယောဓာတ် ခြောက်ပါးတို့ကို ပထဝီ အာပေါ တေဇော ဝါယော အနေဖြင့် ရှုကြည့်၍ နေရမည်။ ရံခါ မိမိသန္တာန် ရံခါ သူတပါးသန္တာန်ဝယ် ဤ ဓာတ်လေးပါးကို ရှုကြည့်၍ နေရမည်။
ဤသို့စသည်ဖြင့် သဗ္ဗညုမြတ်စွာဘုရားသည် ဓာတုမနသိကာရ အပိုင်း အခဏ်းကို ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူအပ်ပါသည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ နဝ သိဝထိကကာရကာယာနုပဿနာ ဘဂဝတာ ဝိဘဇိတွာ ပကာသိတာ။
ဝိဿဇ္ဇနာ ။ ပုနစပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ၊ သော ဣမမေဝ ကာယံ ဥပသံဟရတိ “အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော”တိ ဧဝမာဒိနာ ဘန္တေ တတ္ထ ဘဂဝတာ နဝ သိဝထိကကာယာနုပဿနာ ဘာဝနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ သင်္ချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်တို့နှင့် နှိုင်းယှဉ်၍ ရှုရသော ကိုးဖြာသော သိဝထိက ကာယနုပဿနာကို မြတ်စွာဘုရားသခင်သည် အဘယ်သို့ ဝေဘန်၍ ဟောပြတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ နဝ သိဝထိကပဗ္ဗ အပိုင်းအခဏ်းကို ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ အစရှိသည်ဖြင့် သင်္ချိုင်းဝယ်စွန့်ပစ်အပ်သော သူကောင်၏အပိုင်းအခဏ်းတို့ကို သင်္ချိုင်းဝယ် စွန့်ပစ်အပ်သည့် အချိန်မှစ၍ အရိုးစုတို့ မှုန့်မှုန့်ညက်ညက် အချိန်တိုင် အောင် ကိုးပိုင်း ကိုးကဏ္ဍပြပြီးလျှင် ထိုကိုးပိုင်း ကိုးစိပ် ကိုးမျိုးသော သိဝထိက အပိုင်းအခဏ်းတို့ကို မြင်ရသောအခါ သြပနေယျိက ဓမ္မဂုဏ်ကို အာရုံပြုသောအားဖြင့် ထိုသိဝထိကပဗ္ဗလာ ကိုးပိုင်း ကိုးခဏ်းသော အသုဘရုပ်ကလာပ်တို့ကဲ့သို့ပင် မိမိခန္ဓာကိုယ်သည်လည်း ဤသဘောကို မလွန်မြောက်နိုင်ကြောင်း ကို ဉာဏ်ပညာရှေးရှု၍ – အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော အစရှိသည်ဖြင့် ငါ၏ခန္ဓာကိုယ်သည်လည်း ဤအသုဘရုပ်ကဲ့သို့ပင် စွန့်ပစ် အပ်သော သဘောရှိချေသည်။ ဤသဘောသည်ပင်လျှင် မချွတ်ဖြစ်လတ္တံ့ ဤသဘောကို ငါ၏ရူပကာယ မလွန်မြောက်နိုင်ဟု သတိသမ္ပဇည ရှေ့သွားရှိရန် ရည်သန်တော်မူသောအားဖြင့် အာဒီနဝါနုပဿနာဉာဏ် ရင့်သန်ရန်အတွက် ဤကာယနုပဿနာ သတိပဋ္ဌာန်အခဏ်းဝယ် နဝ္ထသိဝထိကပဗ္ဗအပိုင်း အခဏ်းကိုးခဏ်းတို့ကို သဗ္ဗညုမြတ်စွာဘုရား ခွဲခြမ်း စိတ်ဖြာ ဟောကြားတော်မူအပ်ပါသည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ ဝေဒနာနုပဿနာ ဘဂဝတာ ဝဘဇိတွာ ပကာ-သိတာ။
ဝိဿဇ္ဇနာ ။ ဣဓ ဘိက္ခဝေ ဘိက္ခု သုခံ ဝါ ဝေဒနံ ဝေဒယမာနော “သုခံ ဝေဒနံ ဝေဒယာမီ” တိ ပဇာနာတိ၊ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော “ဒုက္ခံ ဝေဒနံ ဝေဒယာမီ”တိ ပဇာနာတိ၊ အဒုက္ခမသုခံ ဝါ ဝေဒနံ ဝေဒယမာနော “အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ” တိ ပဇာနာတိ၊ ဧဝမာဒိနာ ဘန္တေ တတ္ထ ဘဂဝတာ ဝေဒနာနုပဿနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထိုသတိပဋ္ဌာန်ဒေသနာတော်၌ ဝေဒနာတို့ကိုရှုရသော ဝေဒနာနုပဿနာကို သဗ္ဗညု မြတ်စွာဘုရားသည် အဘယ်သို့လျှင် ဝေဘန်၍ ဟောကြားတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ဣဓ ဘိက္ခဝေ ဘိက္ခု သုခံ ဝါ ဝေဒနံ ဝေဒယမာနော “သုခံ ဝေဒနံ ဝေဒယာမီ”တိ အစရှိသည်ဖြင့် ထို မဟာသတိပဋ္ဌာနသုတ္တန်၌ နှစ်ခု မြောက်သော ဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို – ချစ်သား ရဟန်းတို့ - ဤငါဘုရားသာသနာတော်ဝယ် ယောဂါဝစရ သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသား ရဟန်းတော် အရှင်သူမြတ်သည် သုခ ဝေဒနာကို ခံစားသည်ရှိသော် သုခဝေဒနာကို ခံစားသည်ဟု သိရမည်။ အဘယ်သို့ သိရမည်နည်းဟူမူကား ဣဋ္ဌာရုံ, ဒွါရ ဤနှစ်ပါးတို့ ပေါင်းဆုံခြင်းကြောင့် မီးခတ်ကျောက်နှင့် သံခဲတို့ ထိခိုက်သောအခါ မီးပွင့်သကဲ့သို့ ဒွါရနှင့် ဣဋ္ဌာရုံအစရှိသော ထိုထိုအကြောင်းတို့ ပေါင်းဆုံ ခြင်းကြောင့်သာလျှင် သုခဝေဒနာ ဖြစ်ပေါ်လာသည်။ သို့ သုခဝေဒနာ ဖြစ်ပေါ်သည်ကိုပင် လောကဝေါဟာရအားဖြင့် သုခ ဝေဒနာကို ခံစားသည်ဟူ၍ ခေါ်ဆိုရသည်။ စင်စစ်သော်မူ သုခဝေဒနာကို ခံစားတတ်သော ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး ယောကျာ်း မိန်းမဟူ၍ မရှိပါတကား၊ သုခဝေဒနာသည်ပင် ဥပါဒ်ခဏအားဖြင့် ဖြစ်ပေါ်၍ ဌီခဏ အားဖြင့် ရပ်တည်ပြီးလျှင် ဘင်ခဏအားဖြင့် ချုပ်ပျောက်သောအခါ သုခ ဝေဒနာ တဇာတ်သိမ်းရပြန်သည်။
ဤသို့စသည်ဖြင့် ဝေဒနာသုံးပါး အာမိသ နိရာမိသအားဖြင့် ခြောက် မျိုး ခြောက်စားပြား၍ ဖြစ်ပုံတို့ကို ပိုင်းပိုင်းခြားခြားသိဘို့ရန် သဗ္ဗညု မြတ်စွာဘုရားသည် ထိုမဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်၌ ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူအပ်ပါ သည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ စိတ္တာနုပဿနာ ဘဂဝတာ ဝိဘဇိတွာ ဒေသိတာ။
ဝိဿဇ္ဇနာ ။ ဣဓ ဘိက္ခဝေ ဘိက္ခု သရာဂံ ဝါ စိတ္တံ “သရာဂံ စိတ္တ” န္တိ ပဇာနာတိ၊ ဝီတရာဂံ ဝါ စိတ္တံ “ဝီဘရာဂံ စိတ္တ”န္တိ ပဇာနာတိ၊ သဒေါသံ ဝါ ဝီတဒေါသံ ဝါ သမောဟံ ဝါ ဝီတမောဟံ ဝါ သံခိတ္တံ ဝါ စိတ္တံ “သံခိတ္တံ စိတ္တ” န္တိ ပဇာနာတိ၊ ဝိက္ခိတ္တံ ဝါ စိတ္တံ “ဝိက္ခိတ္တံ စိတ္တ” န္တိ ပဇာနာတိ၊ ဧဝမာဒိနာ ဘန္တေ တတ္ထ ဘဂဝတာ စိတ္တာနုပဿနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထို သတိပဋ္ဌာနသုတ်ဒေသနာတော်၌ စိတ်ကိုရှုရသော စိတ္တာနုပဿနာကို မြတ်စွာဘုရားသည် အဘယ်သို့ ဝေဘန်၍ ဟောကြားတော်မူခဲ့ပါသနည်း ငါ့ရှင်။
အဖြေ ။ ထိုမဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်မြတ်၌ စိတ်ကို ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတပါး, ယောကျာ်း, မိန်းမအနေဖြင့် ရှုရမည်မဟုတ် စိတ်ကို စိတ် အနေဖြင့်သာ ရှုရမည့်အကြောင်းကို ဖော်ပြရာဖြစ်သော စိတ္တာနုပဿနာ မဟာသတိပဋ္ဌာန ဒေသနာတော်မြတ်ကို သဗ္ဗညု မြတ်စွာဘုရားသည် ဣဓ ဘိက္ခဝေ ဘိက္ခု သရာဂံ ဝါ စိတ္တံ”သရာဂံ စိတ္တ” န္တိ ပဇာနာတိ အစရှိ သည်ဖြင့် လောဘနေယျအာရုံကို အကြောင်းခံ၍ လောဘစိတ်တို့ ဖြစ် သောအခါ ဤသန္တာန်ဝယ် လောဘနေယျ အာရုံကို အကြောင်းပြု၍ လောဘစိတ်ဖြစ်သည်ဟု စိတ်ကိုသာ စိတ်အနေဖြင့် သိဘို့ရန် ထိုအတူ လောဘကင်းသောစိတ် ဒေါသနှင့်တကွ ဖြစ်သောစိတ် ဒေါသကင်းသော စိတ် အစရှိသော တစ်ဆယ့်ခြောက်မျိုးသော စိတ်ကို တဆယ့်ခြောက်မျိုး သော စိတ်အနေဖြင့် သိဘို့ရန် တစ်ဆယ့်ခြောက်မျိုးသော စိတ်တို့၏ ဖြစ်ပုံကို တဆယ့်ခြောက်မျိုးသော အခြင်းအရာမှ လွတ်၍ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး ယောကျာ်း မိန်းမအနေဖြင့် ပုဂ္ဂိုလ်ဖြစ်သည် သတ္တဝါဖြစ်သည် ငါဖြစ်သည် သူတစ်ပါးဖြစ်သည် ယောကျာ်းဖြစ်သည် မိန်းမဖြစ်သည် စသည်ဖြင့် မရှုဘို့ရန် တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သဗ္ဗညုမြတ်စွာဘုရားသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်တရားကို ခွဲခြား စိတ်ဖြာ ဟောကြားတော်မူအပ်ပါသည် အရှင်ဘုရား။
ပုစ္ဆာ ။ ကထဉ္စာဝုသော တတ္ထ ဓမ္မာနုပဿနာ ဘဂဝတာ ဝိဘဇိတွာ ဒေသိတာ၊ တံ သင်္ခေပမတ္တေနေဝ ဝိဿဇ္ဇေဟိ။
ဝိဿဇ္ဇနာ ။ ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မေသုဓမ္မာနုပဿီ ဝိဟရတိ၊ ပဉ္စသု နီဝရဏေသု ဧဝမာဒိနာ ဘန္တေ တတ္ထ ဘဂဝတာ ပဉ္စဟိ ပဗ္ဗေဟိ ဓမ္မာနုပဿနာ ဝိဘဇိတွာ ပကာသိတာ။
အမေး ။ ထိုသတိပဋ္ဌာန်သုတ် ဒေသနာတော်မြတ်၌ သဘောတရားတို့ကို ရှုရသော ဓမ္မာနုပဿနာကို မြတ်စွာဘုရားသခင်သည် အဘယ်သို့ ဝေဘန်၍ ဟောကြားတော်မူခဲ့ပါသနည်း ထိုသို့ဝေဘန်၍ဟောကြားပုံကို အကျဉ်းချုပ် မျှဖြင့်သာလျှင် ဖြေကြားပါလော့ ငါ့ရှင်။
အဖြေ ။ ထိုမဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်၌ ဓမ္မာနုပဿနာ တရား တော်မြတ်ကို သဗ္ဗညုမြတ်စွာဘုရားသည်
ဤသို့ အခဏ်းကြီး ငါးခဏ်းဖြင့် ခွဲခြမ်းစိတ်ဖြာ ဟောပြတော်မူအပ်ပါသည် အရှင်ဘုရား။
မဟာသတိပဋ္ဌာနသုတ်ပြီး၏