မဟာစည်ဆရာတော်ဘုရားကြီး ပါဝင်ရေးဆွဲတော်မူခဲ့သော ဆဋ္ဌသံဂါယနာ သံဃအဖွဲ့ ဥပဒေ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

တစ်ခါတွင် ဆဋ္ဌသံဂါယနာအတွက် မဟာစည်ဆရာတော်ကြီးပြုစုသော သင်္ဂီတိ ကာရက သံဃာတော်တို့ လိုက်နာရမည့်အချက်များသည် အလွန်ပင်ကောင်းလှသော်လည်း အများစုလိုက်နာနိုင်ဖို့ရာ မလွယ်ကူကြောင်း နီးစပ်ရာဆရာတော်တို့ လျှောက်ထားကြသည်ကို မဟာစည်ဆရာတော်ကြီးက မပြောင်းဘဲနေလေ၏။ ထိုအခြေအနေတွင် မဟာဂန္ဓာရုံဆရာတော်ကြီးကြွလာ၍ “တန်ဖိုးမသိသူတို့အတွက် ဒန်ပေါက်ထမင်းကိုပင်လျှင် ထမင်းအသိုးဟု ထင်မြင်တတ်ကြောင်း” ဥပမာဖြင့် ရှင်းလင်းပြောပြတော်မူ သောအခါမှသာ မဟာစည်ဆရာတော်ကြီးသည် မိမိရေးသားထားသည်တို့ကို ပြင်ဆင်လေတော့၏။ ဆဋ္ဌသံဂါယနာ သံဃအဖွဲ့ ဥပဒေကို သံဂါယနာစာစောင်မှ ကူးယူ၍ ဖော်ပြအပ်ပါသည်။

ဤဥပဒေကို ဆဋ္ဌသံဂါယနာတင်သြဝါဒါစရိယ သံဃနာယကဆရာတော်ကြီးများနှင့် ဆဋ္ဌသံဂါယနာ ပါဠိဝိသောဓကအဖွဲ့ဝင်ဆရာတော်များ အစည်းအဝေးကြီးမှ လွှဲအပ်သည့်အတိုင်း ဝန်ဆောင်သံဃအဖွဲ့က ဆုံးဖြတ် အတည်ပြုပြီးလျှင် ကြေငြာသည့်နေ့မှစ၍ ဆဋ္ဌသံဂါယနာတင်ကိစ္စ လုံးဝပြီးဆုံးအောင်မြင်သည် အထိ သင်္ဂီတိကာရကပုဂ္ဂိုလ်တိုင်း လိုက်နာဆောင်ရွက်သွားရန်ဖြစ်သည်။

သံဂါယနာတင်ခြင်းသည် နှစ်ပေါင်းနှစ်ထောင့်ငါးရာအတွင်းမှာ ၆-ကြိမ်သာရှိမည်ဖြစ်၍ ကြုံကြိုက်ခဲသော ဒုလ္လဘကြီးတစ်ခုဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူ အပေါင်းတို့သည် ကောင်းချီးသြဘာ ထောမနာအကြိမ်ကြိမ်ပြု၍ စိတ်အားထက်သန်စွာဖြင့် အားပေးချီးမြှောက်ကြရန် ဖြစ်သည်။ ဆဋ္ဌသံဂါယနာ ပွဲကြီး အောင်မြင်မှုကို ရှေးရှုး၍ ပြည်ထောင်စုအစိုးရနှင့်တကွ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီး အမှူးရှိသော ထေရဝါဒီအပေါင်းတို့ကလည်း ရှေးသံဂါယနာငါးတန်က သာသနာ့ဒါယကာများကဲ့သို့ သင်္ဂီတိကာရက ဆရာတော်များ ကာယသုခ စိတ္တသုခရှိစေခြင်းငှါ ပစ္စယာနုဂ္ဂဟဖြင့် လိုလေသေးမရှိအောင် အစွမ်းကုန် ထောက်ပံ့ချီးမြှင့်ပူဇော်ကြရန်ဖြစ်သည်။

ဤဥပဒေဖြင့် တည်ထောင်အပ်သော အဖွဲ့အသီးသီးတို့၏ ဆုံးဖြတ်ချက်များကို သံဂါယနာဝင် ထေရ၊ မဇ္ဈိမ၊ နဝဖြစ်တော်မူသော သံဃာတော်အပေါင်းတို့ကလည်း ဘုရားရှင်၏မျက်နှာတော်ကို ထောက်ထား၍ လေးစားကြည်ညိုစွာ လိုက်နာကျင့်သုံးရန်ဖြစ်သည်။ ဤဆဋ္ဌသံဂါယနာပွဲကြီးသည် ကမ္ဘာလောက၏ ငြိမ်းချမ်းသာယာရေး ရောင်ခြည် ဖြစ်စေရန် ရည်ရွယ်သည်။ ဆက်လက်ဖတ်ရှုရန် ...

  • (၁)
    ဤဥပဒေကို သာသနာနှစ် ၂၄၉၆-ခု၊ သက္ကရာဇ် ၁၃၁၄-ခု၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် “ဆဋ္ဌသံဂါယနာ သံဃအဖွဲ့ဥပဒေ” ဟု ခေါ်တွင်စေရမည်။
  • (၂)
    ဤဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင် –
    • (က)
      သာသနာနှစ်ဆိုသည်မှာ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် သာသနာနှစ်နှင့် ဝေါဟာရနှစ် ကိုက်ညီစေခြင်းငှါ ဘိုးတော်အဉ္ဇနမင်း၏ ဖြိုခွင်းနှစ် မဟာသက္ကရာဇ် ၁၄၀-ကို အဇာတသတ်မင်း ဖြိုခွင်းပြီးလျှင် အကြွင်းတစ်ခုမှစ၍ ရေတွက်အပ်သောနှစ်ကို ဆိုလိုသည်။
    • (ခ)
      သက္ကရာဇ်ဆိုသည်မှာ ပုဂံပြည်ပုပ္ပါးစောရဟန်းမင်း၏ ဖြိုကြွင်းဖြစ်သော ပြည်ထောင်စုနိုင်ငံတော်သုံး မြန်မာဝေါဟာရနှစ်ကို ဆိုလိုသည်။
    • (ဂ)
      သံဂါယနာဆိုသည်မှာ –
      • (၁)
        ဇမ္ဗူဒိပ်မဇ္ဈိမတို့၌ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးသည့်နောက် သုံးလခန့်အကြာတွင် အရှင်မဟာကဿပကို အမှူးထား၍ အရှင်ဥပါလိ၊ အရှင်အာနန္ဒာအစရှိသော တေဝိဇ္ဇဆဠာဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာမထေရ် ငါးရာတို့သည် ရာဇဂြိုဟ်ပြည့်ရှင် အဇာသတတ်ဘုရင်ကို ဒါယကာပြု၍ ခုနစ်လတိုင်တိုင် တင်အပ်သော “ပထမသံဂါယနာ”
      • (၂)
        သာသနာနှစ် တရာမြောက်တွင် အရှင်မဟာယသကို အမှူးထား၍ တေဝိဇ္ဇဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာခုနစ်ရာတို့သည် ဝေသာလီပြည့်ရှင် ကာလာသောကဘုရင်ကို ဒါယကာပြု၍ ရှစ်လတိုင်တိုင် တင်အပ်သော “ဒုတိယ သံဂါယနာ”
      • (၃)
        သာသနာနှစ် ၂၃၅-ခုမြောက်တွင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿကို အမှူးထား၍ တေဝိဇ္ဇဆဠာဘိည ပဋိသမ္ဘိဒါပတ္တရဟန္တာ တစ်ထောင်တို့သည် ပါဋလိပုတ်ပြည့်ရှင် အသောကဘုရင်ကို ဒါယကာပြု၍ ကိုးလ တိုင်တိုင် တင်အပ်သော “တတိယသံဂါယနာ”
      • (၄)
        သာသနာနှစ် ၄၅၀-မြောက်တွင် သီဟိုဠ်ကျွန်း၌ အရှင်မဟာဓမ္မရက္ခိတမထေရ်ကို အမှူးထား၍ ရဟန္တာငါးရာတို့သည် မလယဇနပဒမင်းတို့ကို ဒါယကာပြု၍ မလယဇနပုဒ်အာလောကလိုဏ်၌ ပေထက် အက္ခရာတင်အပ်သော “စတုတ္ထ သံဂါယနာ”
      • (၅)
        သာသနာနှစ် ၂၄၂၅–ခု၊ သက္ကရာဇ် ၁၂၃၃-ခုနှစ်တွင် မြန်မာနိုင်ငံ ရတနာပုံရွှေမြို့တော်၌
        • (က)
          ဇာဂရာဘိဝံသ တိပိဋကဓရမဟာဓမ္မ-ရာဇာဓိရာဇဂုရု ဒက္ခိဏာရာမဘုရားကြီးဆရာတော်
        • (ခ)
          သုမင်္ဂလသာမိ - သိရီပဝရ မဏိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု စီးတော်မြင်းဝန်တိုက်ဆရာတော်၊
        • (ဂ)
          နရိန္ဒာဘိသိရီသဒ္ဓမ္မဇောတိပါလ မဟာဓမ္မရာဇာ- ဓိရာဇဂုရု ဆီးပန်းနီဆရာတော်ဘုရားတို့ကို အမှူးထား၍ တံဆိပ်တော် ရ/မရ ဆရာတော်သံဃာတော် ၂၄၀ဝ-တို့သည် ရွှေနန်းပြဿဒ်တော်ကြီးတွင် ခြောက်လတိုင်တိုင် ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီးလျှင် သိရီပဝရဝိဇယာနန္တယသပဏ္ဍိတတြိဘဝနာ ဓိတြ ဓိပတိမဟာ ဓမ္မရာဇာ ဓိရာဇာဘွဲ့တံဆိပ်တော်ခံယူသော မြန်မာပြည့်ရှင်မင်းတုန်းဘုရင် ဒါယကာခံယူအပ်သော သေလက္ခရာရုဠ ပဉ္စမသံဂါယနာဟူသော သံဂါယနာငါးတန်တို့ကို ထောက်ဆ၍ သာသနာနှစ် ၂၄၉၈-ခု ၊ သက္ကရာဇ် ၁၃၁၆-ခုနှစ် ကဆုန်လပြည့်နေ့မှစ၍ သာသနာနှစ် ၂၅၀ဝ ပြည့် သက္ကရာဇ် ၁၃၁၈-ခုနှစ် ကဆုန်လပြည့်နေ့အထိ ရန်ကုန်မြို့၊ သီရိမင်္ဂလာကုန်းတော်သာတွင် ကမ္ဘာအေးစေတီတော်အနီး၌ သီဟိုဠ်ကျွန်း ယိုးဒယားပြည်၊ ကမ္ဗောဒီးယားပြည်၊ လောပြည်တို့နှင့်တကွ ပြည်ထောင်စုမြန်မာနိုင်ငံတော်အရပ်ရပ်မှ လဇ္ဇီပေသလ သိက္ခာကာမ ပရိယတ္တိ ဝိသာရဒ ပါကဋဂဏပါမောက္ခဖြစ်တော်မူသော တံဆိပ်တော် ရ/မရ ၂၅၀ဝ-သောသံဃာတော်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့အမှူးရှိသော ထေရဝါဒီအပေါင်းတို့ကို ဒါယကာပြု၍တင်မည့် ဆဋ္ဌသံဂါယနာကိုဆိုလိုသည်။
        • (ဃ)
          ပိဋိကတ်ဆိုသည်မှာ ၁-သုတ္တန္တ၊ ၂-ဝိနယ၊ ၃-အဘိဓမ္မာဟူ၍ သုံးမျိုးခွဲခြားဖွဲ့ထားအပ်သော ကေဝလပရိပုဏ္ဏပရိသုဒ္ဓ ဗြဟ္မစရိယဒေသနာတော်ကိုဆိုလိုသည်။
        • (င)
          နိကာယ်ငါးရပ်ဆိုသည်မှာ ၁-ဒီဃနိကာယ်၊ ၂-မဇ္ဈိမနိကာယ်၊ ၃-သံယုတ္တနိကာယ်၊ ၄-အင်္ဂုတ္တရနိကာယ်၊ ၅-ခုဒ္ဒကနိကာယ်ဟူသော ကေဝလပရိပုဏ္ဏ ပရိသုဒ္ဓဗြဟ္မစရိယဒေသနာတော်ကို ဆိုလိုသည်။
        • (စ)
          ပါဠိတော်ဆိုသည်မှာ ငါးကြိမ်တိုင်တိုင် သံဂါယနာတင်ပြီးသောဘုရားဟော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို ဆိုလိုသည်။
        • (ဆ)
          အဋ္ဌကထာဆိုသည်မှာ ပါဠိတော်၌ ခက်ခဲနက်နဲသော ပုဒ်ဝါကျအဓိပ္ပါယ်တို့ကို သိလွယ်ပေါ်လွင်အောင် အရှင်မဟာဗုဒ္ဓဃောသ အစရှိသော ဗုဒ္ဓမတညူဆရာတို့ ဖွင့်ဆိုပြုစုံအပ်သောကျမ်းကို ဆိုလိုသည်။
        • (ဇ)
          ဋီကာဆိုသည်မှာ အဋ္ဌကထာ၌မဖွင့်အပ်သေးသော ပါဠိတော်ပုဒ် ဝါကျ အဓိပ္ပါယ်တို့ကို၄င်း၊ အဋ္ဌကထာ၌ ခက်ခဲနက်နဲသော ပုဒ်ဝါကျအဓိပ္ပါယ်တို့ကို၄င်း ထပ်ဆင့်၍ဖွင့်ဆိုပြုစုအပ်သောကျမ်းကို ဆိုလိုသည်။
        • (ဈ)
          ရဟန်းတော်ဆိုသည်မှာ ဉတ္တိစတုတ္ထ ဥပသမ္ပဒကံဖြင့် ဥပသမ္ပန္နရဟန်းအဖြစ်ကိုခံယူသော ပုဂ္ဂိုလ်ကို ဆိုလိုသည်။ သံဃာဆိုသည်မှာ ရဟန်းအပေါင်းကို ဆိုလိုသည်။
        • (ည)
          နိုင်ငံတော်သြဝါဒါစရိယဆိုသည်မှာ ဝိနိစ္ဆယဌာနအက်ဥပဒေအရ ရွေးကောက် တင်မြှောက် ထားအပ်သော ရဟန်းတော်ကို ဆိုလိုသည်။
        • (ဋ)
          နိုင်ငံတော်ဝိနည်းဓိုရ်ဆိုသည်မှာ ဝိနိစ္ဆယဌာနအက်ဥပဒေအရ ရွေးကောက်တင်မြှောက်ထားအပ်သော ရဟန်းတော်ကိုဆိုလိုသည်။
        • (ဌ)
          စာချဓမ္မာစရိယဆိုသည်မှာ ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယအက်ဥပဒေပုဒ်ပ၂-(ဂ)တွင် အဓိပ္ပါယ်ဖော်ပြ ထားသော စာချဓမ္မာစရိယမျိုးကို ဆိုလိုသည်။
        • (ဍ)
          ပါဠိဘာသာဆိုသည်မှာ ယခုခေတ်ကမ္ဘာတဝှမ်းလုံး၌ ပါဠိဟုခေါ်ဝေါ်သုံးစွဲနေသော ဘာသာတရပ်ကို ဆိုလိုသည်။
        • (ဎ)
          မြန်မာဘာသာဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်သုံး ဝေါဟာရဘာသာကို ဆိုလိုသည်။
        • (ဏ)
          ဘာသန္တရ သို့မဟုတ် အခြားဘာသာဆိုသည်မှာ ပါဠိဘာသာနှင့် မြန်မာဘာသာမှတစ်ပါးသော ဝေါဟာရဘာသာများကိုဆိုလိုသည်။
  • (၃-၁)
    ဆဋ္ဌသံဂါယနာသြဝါဒါစရိယသံဃနာယကအဖွဲ့ ဤအဖွဲ့တွင်အောက်ပါ ရဟန်းတော်များ ပါဝင်စေရမည်။
    • (က)
      အဂ္ဂမဟာပဏ္ဍိတ သို့မဟုတ် ထိုဘွဲ့တံဆိပ်အောက် မနိမ့်သော တံဆိပ်ရ ရဟန်းတော်များ။
    • (ခ)
      နိုင်ငံတော် သြဝါဒါစရိယရဟန်းတော်များ။
    • (ဂ)
      နိုင်ငံတော် ဝိနည်းဓိုရ် ရဟန်းတော်များ။
    • (ဃ)
      ဤဥပဒေ၏ဇယားတွင် ခွဲဝေဖော်ပြထားသည့် အရေအတွက်အတိုင်း ဆဋ္ဌသံဂါယနာ ဘာရနိတ္ထာရက သံဃာသဘာ (ဝန်ဆောင်သံဃအဖွဲ့)က ရွေးချယ်ခန့်ထားသော ရဟန်းတော်များ။
  • (၄)
    ဆဋ္ဌသံဂါယနာသြဝါဒါစရိယသံဃနာယကအဖွဲ့၏ အာဏာနှင့် တာဝန်ဝတ္တရားများ ဤအဖွဲ့တွင် အောက်ပါအာဏာနှင့် တာဝန်ဝတ္တရားများရှိစေရမည်။
    • (က)
      သံဂါယနာဆိုင်ရာ၌ ရဟန်းတော်များဆောင်ရွက်ရန်နှင့် စပ်လျဉ်းသမျှ လုပ်ငန်းကိစ္စအားလုံးအတွက် ဝန်ဆောင်သံဃအဖွဲ့အား သြဝါဒပေးတော်မူခြင်း။
    • (ခ)
      နိုင်ငံတော်အစိုးရနှင့်တကွ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးက ပစ္စယာ- နုဂ္ဂဟစသော ဆောင်ရွက်ဘွယ် ရှိသည့် ကိစ္စအားလုံးအတွက် အခါအားလျော်စွာ သြဝါဒပေးတော်မူခြင်း။
  • (၅)
    သိမ်တွင်းမှာရှိနေတဲ့သံဃာတွေ အစုံအလင်မရောက်သေးပေမယ့် သူတို့ရောက်လာတော့ ကျေနပ်အောင် ပန်ကြားမယ်လို့ နှလုံးသွင်းပြီး ဝဂ်ဖြစ်လျက်နဲ့ ကံပြုကောင်းတယ်၊ အာပတ်မသင့်ဘူးလို့ ယူတာကတချက်။
  • (၆)
    နိဿရည်းဆရာ, ဥပဇ္ဈာယ်ဆရာများ ပြုလုပ်တဲ့အမှုဆိုရင် ဘာမဆိုလုပ်ကောင်းတာချည်းပဲ အပြစ်မရှိဘူးလို့ ဒီလိုတထစ်ချယူတာက တချက်။
  • (၇)
    နို့ချဉ်မဖြစ်တတ်သေးတဲ့ နို့ရည်ပျက်ကို အတိရိတ်ဝိနည်းကံမပြုပဲ သောက်ကောင်းတယ်၊ အာပတ်မသင့်ဘူးလို့ယူတာက တချက်။
  • (၈)
    သေရည်မဖြစ်တတ်သေးတဲ့ သေနုကို သောက်ကောင်းတယ်လို့ ယူတာကတချက်။
  • (၉)
    အမြိတ်အဆာမရှိတဲ့ နိသီဒိုင်အခင်းကို သုံးဆောင်ကောင်းတယ်လို့ ယူတာကတချက်။
  • (၁၀)
    ရွှေငွေကို ခံယူကောင်းတယ်၊ အာပတ် မသင့်ဘူးလို့ ယူတာက တချက်။ ဒီဆယ်ချက်ပါပဲ၊ ဟိုခေတ်တုန်းကတော့ ဒါလောက်ဆိုရင် အပြစ်ကြီးလှပြီလို့ယူဆပြီးတော့ အရှင်မဟာယသမထေရ်က သင်္ဂါယနာတင်ရန် နှိုးဆော်တိုက်တွန်းခဲ့တယ်၊ ဒါကြောင့် သဗ္ဗာကာမိ မထေရ်အမှူးရှိတဲ့ ဓမ္မဝါဒီမထေရ် ၇၀ဝ-တို့က အဲဒီချွတ်ယွင်းချက်ဆယ်ခုကို ရှင်းလင်းသုတ်သင်ပြီးတော့ ဝေသာလီပြည် ဝါလုကာရုံ ကျောင်းတိုက်မှာ ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူကြတယ်၊ ခုနစ်လကြာမှ ပြီးစီးသွားတယ်။

အဲသည်တုန်းက သင်္ဂါယနာတင်တဲ့ အရှင်မဟာယသတို့ ဓမ္မဝါဒီပုဂ္ဂိုလ်တွေကတဘက်, ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေကတဘက် ဒီလို နှစ်ဘက်ကွဲနေတယ်၊ ဝေသာလီပြည်ကို အုပ်စိုးနေတဲ့ ကာလာသောကမင်းကလည်း အစပထမမှာတော့ ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေဘက်က ဖြစ်နေတယ်၊ ဒါကြောင့် အဓမ္မဝါဒီရဟန်း သင်္ဂါယနာအခါတော်နေ့ အသံလွှင့်မိန့်ခွန်းတော် ၁၀၆၃ တွေရဲ့စကားကို နားယောင်ပြီးတော့ သူက အရှင်မဟာယသတို့ကိုတောင် တားမြစ်ဖို့ အမိန့်ပေးလိုက်မိသေးတယ်၊ နောက်ကျတော့မှ သူ့နှမဖြစ်တဲ့ နန္ဒာထေရီရဟန္တာမက ပြောပြလို့ အရှင်မဟာယသတို့ကို ဓမ္မဝါဒီမှန်း သိသွားတယ်၊ ဒီတော့မှ ဝဇ္ဇီတိုင်းသားတွေကို စွန့်ပြီး အရှင်မဟာယသတို့ကို အားပေးချီးမြှောက်တယ်။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဒါကြောင့် ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေဟာ အားကိုးစရာမရှိတာနဲ့ လျှော့ပေးလိုက်ကြတယ်၊ ဒါပေမယ့် သူတို့က လုံးလုံးလျှော့တာတော့ မဟုတ်သေးဘူး၊ တခြားတနေရာမှာသွားပြီးတော့ သဘောတူပုဂ္ဂိုလ်ချင်း စုပေါင်းပြီး စင်ပြိုင် သင်္ဂါယနာတင်လိုက်ကြသေးသတဲ့၊ သူတို့သင်္ဂါယနာမှာ သံဃာဦးရေက ပိုပြီးတော့တောင်များသေးတယ်၊ သံဃာတစ်ထောင်တောင်ရှိဆိုပဲ၊ ဒါကြောင့် အဲဒီစင်ပြိုင်သင်္ဂါယနာအဖွဲ့ကို မဟာသင်္ဂီတိဂိုဏ်းလို့ သူတို့ဟာသူတို့ အမည်ပေးထားကြတယ်၊ အရှင်မဟာယသ တို့ကတော့ ထေရဝါဒဂိုဏ်းလို့ပဲ ခေါ်ပါတယ်၊ အရှင်မဟာယသ အစရှိသော မထေရ်ကြီးများ၏အဆုံးအမအတိုင်း ကျင့်တဲ့ဂိုဏ်းလို့ ဆိုလိုတယ်။

တတိယသင်္ဂါယနာ ဒုတိယသင်္ဂါယနာတင်ပြီးတဲ့နောက် သာသနာတော်နှစ် (၂၂၀-ကျော် ၂၃၀)အတွင်းမှာ သာသနာ့အရှုပ်အထွေးတွေ ပေါ်လာခဲ့ပြန်တယ်၊ ဘယ်လိုလဲဆိုတော့ကာ ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရတယ်ဆိုတဲ့ သီရိဓမ္မာသောကမင်းကြီးဟာ တိတ္ထိပရဗိုဇ်တွေကို ကိုးကွယ်နေရာက ဗုဒ္ဓသာသနာကို သက်ဝင်ကြည်ညိုပြီး ကိုးကွယ်ဆည်းကပ်လာတယ်၊ အဲဒီအခါမှာ တတ္ထိပရဗိုဇ်တွေကို အလေးမပြုတော့ပဲ သာသနာတော်ကိုသာအကြီးအကျယ် ချီးမြှောက်အားပေးနေတယ်၊ ဒီတော့ တိတ္ထိပရဗိုဇ်တွေမှာ လာဘ်လာဘ ချို့တဲ့တာနဲ့ သာသနာတော်တွင်းသို့ အများအပြားပဲ ဝင်လာကြတယ်၊ တချို့ကလည်း ကိုယ့်ဟာကို သင်္ကန်းဝတ်ပြီးတော့ ရဟန်းသံဃာများထံမှာ ဝင်ရောက်နေထိုင်ကြတယ်၊ ဒီလိုဝင်ရောက်လာကြတဲ့ ရဟန်းတုရဟန်းယောင်တွေဟာ အကျင့်ကတော့ တတ္ထိတွေရဲ့ ကျင့်ဝတ်ကိုသာ ကျင့်တယ်၊ တချို့က နေကို မော့ကြည့်နေကြတယ်၊ တချို့က လ-ကို ကြည့်နေကြတယ်၊ မီးပူဇော်နေကြတယ်စသည်ဖြင့် တိတ္ထိတို့၏ကျင့်ဝတ်အမျိုးမျိုးကို ထင်သလိုကျင့်နေကြတယ်၊ တိတ္ထိတို့၏ အယူဝါဒတရားတွေကိုလဲ ဟောပြောနေကြတယ်၊ ပြီးတော့ ရဟန်းကောင်းရဟန်းမြတ်တွေ ဥပုသ်ပဝါရဏာ သံဃာ့ကံ ပြုရာများမှာလည်း သူတို့က အတင်းဝင်လာကြတယ်၊ ဒါကြောင့် ပရိသတ်မစင်ကြယ်တာနဲ့ ပါဋလိပုတ် ပြည်က အသောကာရုံကျောင်းတော်မှာ ဥပုသ်ပဝါရဏာမပြုနိုင်ပဲ ပြတ်စဲနေတာ ၇-နှစ်တောင် ကြာသွားသတဲ့၊ ဒီလို ရဟန်းတုရဟန်းယောင်တွေနဲ့ ဖောက်ပြန်တဲ့အကျင့်အမျိုးမျိုးတွေ ပေါ်ပေါက်ပြီးတော့ သာသနာတော်မှာ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တယ်၊ ဒါကြောင့် အဲဒီအရှုပ်အထွေးတွေကို ရှင်းလင်း သုတ်သင်ပြီးတော့ သင်္ဂါယနာတင်ရန်အတွက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သံဃာတော် ၆-သိန်းထဲက သံဃာတစ်ထောင်ကို ရွေးချယ်တော်မူလိုက်တယ်၊ ဒီလိုရွေးချယ်ပြီးတော့ ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတော်မှာ သာသနာတော် ၂၃၅-ခုနှစ် နယုန်လကစပြီးတတိအကြိမ် သင်္ဂါယနာ တင်တော်မူကြရာ ၉-လကြာမှ ပြီးစီးသွားတယ်။

အဲဒီ သင်္ဂါယနာတင်ပြီးတဲ့အခါမှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က ၉-တိုင်း ၉-ဌာနသို့ သာသနာပြုရန်စေလွှတ်တော်မူတယ်၊ အဲဒီ ၉-ဌာနထဲမှာ မြန်မာပြည်လည်းပါတယ်၊ သီဟိုဠ်ကျွန်း လည်းပါတယ်၊ မြန်မာပြည်ကို အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ်တို့ကြီးမှူးတဲ့ သာသနာပြု အဖွဲ့ကလာတယ်၊ ဟိုတုန်းက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံပြည်ကစပြီး သာသနာပြုတော်မူကြတယ်၊ အဲဒီကတည်းကစပြီး မြန်မာပြည်အောက်ပိုင်းမှာ သာသနာတော်ဟာ အဆက်မပြတ် တည်ထွန်းလာခဲ့တယ်။ မြန်မာပြည်အထက်ပိုင်းမှာလဲ ပုဂံပြည် အနော်ရထာမင်း လက်ထက်သာသနာတော်နှစ် ၁၆၀၁-ခု၊ မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်ကစပြီး တည်ထွန်းလာခဲ့တယ်၊ အဲဒီတုန်းက အရှင်အရဟံ အစရှိတဲ့မထေရ်များကို သထုံမှပင့်ဆောင်ပြီးတော့ အနော်ရထာမင်းက သာသနာပြုခဲ့တယ်၊ ဒါကြောင့် ယခုထက်ထိ မြန်မာပြည်တဝန်းလုံးမှာ ထင်ရှားတည်ရှိနေတဲ့ ဗုဒ္ဓသာသနာတော်ဟာ တတိယသင်္ဂါယနာမှ ဆင်းသက်လာခဲ့တဲ့ ထေရဝါဒဂိုဏ်းအဆက်အနွယ် ဖြစ်တယ်။

စတုတ္ထသင်္ဂါယနာ သီဟိုဠ်ကျွန်းကိုတော့ ဒေဝါနံပိယတိဿမင်းလက်ထက် သာသနာတော် ၂၃၆-ခုနှစ်မှာ အရှင်မဟိန္ဒမထေရ်အမှူးရှိတဲ့ သာသနာပြုအဖွဲ့က ကြွရောက်ပြီး သာသနာပြုတော်မူခဲ့တယ်၊ ဒါကြောင့် သီဟိုဠ်မှာလဲ အဲဒီကတည်းကစပြီးတော့ ဗုဒ္ဓသာသနာတော် တည်ထွန်းလာခဲ့တယ်၊ သာသနာနှစ် ၄၃၀-ကျော် ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ သီဟိုဠ်တကျွန်းလုံး ဘေးရန်အကြီးအကျယ် တွေ့ခဲ့ရတယ်၊ တွေ့ပုံကတော့ ဝဋ္ဋဂါမဏိမင်း နန်းတက်လို့ ငါးလခန့်အကြာမှာ ဗြာဟ္မဏတိဿဆိုတဲ့ ဒမြကြီးက ပုန်ကန်ထြွကတယ်၊ ယခင် ကျေးကုလားမင်းများ၏ အဆက်အနွယ်ဖြစ်တဲ့ ကျေးကုလားခုနစ်ဦးကလည်း အနုရာဓမြို့ကို လာပြီးတိုက်ကြတယ်၊ (ကျေးကုလားဆိုတာ ယခု ]တမယ်}လို့ ခေါ်တဲ့လူမျိုးပါပဲ) အဲဒီလိုတိုက်ခိုက်ကြတဲ့ ရန်သူတွေရဲ့ဒဏ်ကို မခံနိုင်လို့ နောက်ဆုံးကျတော့ ဝဋ္ဋဂါမဏိမင်းဟာ အနုရာဓမြို့မှာ အလွတ်ထွက်ပြေးရတယ်၊ တိမ်းရှောင်ပြီး မထင်ရှားတဲ့အသွင်နဲ့ ၁၄-နှစ်တိုင်တိုင် ပုန်းလျှိုးနေရတယ်၊ အနုရာဓမြို့မှာတော့ အဲဒီတုန်းက ကျေးကုလားတွေက အုပ်စုပြီး မင်းမူနေကြတယ်၊ တိုင်းပြည်ကလည်း မသာမယာ၊ မိုးကလဲခေါင်တာနဲ့ အဲဒီတုန်းက သီဟိုဠ်တကျွန်းလုံးမှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီး ဆိုက်ရောက်နေတယ်၊ ဒါကြောင့် သံဃာတော်များမှာ ဆွမ်းအတွက် အလွန်ပင်ကျပ်တည်းတော်မူရှာကြတယ်၊ အများအားဖြင့် သံဃာတော်တွေဟာ အိန္ဒိယဘက်ကူးပြီး သီတင်းသုံးတော်မူကြရတယ်။ သီဟိုဠ်ကျွန်းတွင်ပဲ ကျန်နေကြတဲ့မထေရ်များမှာလဲ ရသမျှ သစ်သီးသစ်ရွက် ပြုတ်ကလေးများနဲ့ပဲ မျှတပြီးနေတော်မူကြရတယ်၊ ဒီလို အာဟာရက မပြည့်စုံပေမယ့် ပိဋကတ်တွေကိုတော့ မမေ့ရအောင်ပဲ နှလုံးသွင်း ပြန်ဆိုနေတော်မူကြသတဲ့၊ ဝမ်းထဲကပူလောင်နေပေမယ့် ရေကိုထောက်ပြီးတော့ သဲပေါ်မှာဝမ်းလျားမှောက်လျက် သရဇ္ဈာယ်ပြန်ဆိုတော်မူကြရှာသတဲ့၊ ဒီလိုမမေ့မပျောက်ရအောင် ခက်ခက်ခဲခဲဆောင်ခဲ့ရတာလဲ ပေထက်အက္ခရာတင်ရခြင်းရဲ့ အကြောင်းတပါး ပါပဲ။ နောက် ဝဋ္ဋဂါမဏိမင်းနန်းပြန်တက်လို့ ဘေးငြိမ်းတဲ့အခါမှာ အိန္ဒိယဘက်ကူးသွားတဲ့ မထေရ်များလဲ သီဟိုဠ်ကိုပြန်လာကြတယ်၊ အဲဒီမထေရ်များနဲ့ သီဟိုဠ်တွင် နေရစ်တဲ့မထေရ်များဟာ ပိဋကတ်တော်များကို အချင်းချင်း တိုက်ဆိုင်နှီးနှောကြည့်ကြတယ်၊ ဒီလိုတိုက်ဆိုင်ကြည့်ကြတဲ့အခါမှာ တပုဒ်တဝါကျမျှ တိမ်းယိမ်းမှားယွင်းနေတာကို မတွေ့ကြရဘူးတဲ့။

ဒါပေမယ့် ခေတ်ပျက်ကာလပျက် ဘေးအန္တရာယ်တွေအကြားထဲမှာ ခဲခဲယဉ်းယဉ်း အာဂုံဆောင်လာခဲ့ရတာ တွေနဲ့ နောင်ကာလများမှာ အာဂုံဆောင်ခက်ခဲမည့် အရေးတွေကို ဆင်ခြင်တော်မူကြပြီးတော့ ပိဋကတ်တော်များကို ပေထက်အက္ခရာတင်ရန် စဉ်းစားဆုံးဖြတ်တော်မူကြတယ်၊ ဒီလို ဆုံးဖြတ်ပြီးတော့ မဟာဓမ္မရက္ခိတမထေရ်အမှူးရှိသော မထေရ်ငါးရာတို့ မလယဇနပုဒ်, ယခု အာလုဝိဟာရခေါ်တဲ့ အာလောကလိုဏ်မှာ ပေထက်အက္ခရာ တင်တော်မူကြတယ်၊ တနှစ်ကြာမှ ပြီးတယ်၊ ဒီ ပေထက်အက္ခရာ တင်တာကိုပဲ စတုတ္ထဝိယသင်္ဂဟံ- စတုတ္ထသင်္ဂါယနာတင်တာနဲ့ တူပါတယ်လို့ဆိုတဲ့ သာသနဝံသဒီပကျမ်း နှင့်အညီ စတုတ္ထသင်္ဂါယနာတင်တယ်လို့ အသိအမှတ်ပြုနေကြရတယ်။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဒီနေရာမှာ အထူးသတိပြုစရာကတော့ ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ စတုတ္ထသင်္ဂါယနာတင်တယ်လို့ ဆိုတာနဲ့ ဝဋ္ဋဂါမဏိမင်းကိုပဲ သင်္ဂါယနာရဲ့ဒါယကာလို့ ထင်မှတ်ပြောဆိုနေကြတယ်၊ အဲဒါကတော့ မဟုတ်ပါဘူး၊ အကြောင်းကတော့ အဲဒီ စတုတ္ထသင်္ဂါယနာတင်ရာမှာ ဝဋ္ဋဂါမဏိမင်းက ဘာအကူအညီမှ ပေးတယ်လို့မထင်ရှားဘူး၊ အဲဒီဝဋ္ဋဂါမဏိမင်းဟာ အဘယဂိရိကျောင်းတိုက်ကို စတင်ပြီး တည်ထောင်ကိုးကွယ်တဲ့ ဒါယကာဖြစ်တယ်၊ ဒါကြောင့် သူက အဘယဂိရိဂိုဏ်းကို အားပေးတဲ့ အကြောင်းသာထင်ရှားတယ်၊ ပေထက်အက္ခရာတင်တဲ့မထေရ်များမှာ အဘယဂိရိဂိုဏ်းကို အလေးမပြုတဲ့ မဟာဝိဟာရဝါသီဂိုဏ်းဝင်များ ဖြစ်နေပါတယ်၊ ဒိပြင် ထောက်ထားစရာ တချက်ကတော့ ဝဋ္ဋဂါမဏိမင်းက ဒါယကာခံပြီး သင်္ဂါယနာတင်တယ်ဆိုရင် သူ့မြို့တော် အနုရာဓမှာပဲ တင်စရာအကြောင်းရှိတယ်၊ သို့ဖြစ်ပါလျက် တကယ်သင်္ဂါယနာတင်ရာဌာနက အနုရာဓမြို့တော်နဲ့ မိုင်ပေါင်း ၆၀-ကျော်ဝေးတဲ့ မလယဇနပုဒ် အာလောကလိုဏ်မှာ ဖြစ်နေတာကိုတွေ့ရတယ်၊ မကြာမီက ဆရာတော်များကိုယ်တိုင်လဲ အဲဒီလိုဏ်ကိုရောက်သွားလို့ သင်္ဂါယနာတင် မထေရ်များကို အာရုံပြုပြီး ကန်တော့ခဲ့ရသေးတယ်၊ ခုပြောခဲ့တဲ့ အကြောင်းများကြောင့် ပေထက်တင်တဲ့ သင်္ဂါယနာတင်မထေရ်များမှာ သာသနာပြုမင်း ဒါယကာ အကူအညီမရှိပဲနဲ့ သင်္ဂါယနာကိစ္စကို အောင်မြင်စွာ ဆောင်ရွက်သွားတော်မူကြတယ်လို့ မှတ်ကြရမယ်။

ဒါကြောင့် အဲဒီ ပေထက်တင်တဲ့ စတုတ္ထသင်္ဂါယနာနဲ့ နှိုင်းယှဉ်ထောက်ဆကြည့်ရင် ယခု ရှေ့နှစ်များမှာ တင်မယ့် ဆဋ္ဌသင်္ဂါယနာအတွက်တော့ အများကြီးပဲ အားတက်စရာကောင်းတယ်၊ ဘယ်လိုလဲ ဆိုရင် စတုတ္ထသင်္ဂါယနာတင်တုန်းက သီဟိုဠ်ဘုရင် ဝဋ္ဋဂါမဏိမင်းထံမှ အထောက်အပံ့ဆိုရင် ဘာမျှမရခဲ့ဘူး၊ ဒါတောင်မှ သင်္ဂါယနာကိစ္စဟာ အောင်မြင်ထမြောက်တဲ့ပြင် ယခုထက်တိုင် အဲဒီသင်္ဂါယနာမှ ဆင်းသက် လာတဲ့ ပိဋကစာမူတွေကြောင့် အကျိုးများနေတာကို တွေ့ကြရတယ်မဟုတ်လား၊ ဒီတော့ ယခု ဆဋ္ဌသင်္ဂါယနာတင်လိုက်ရင် ပိုပြီးအကျိုးများသွားမယ်ဆိုတာ ဘာမှယုံမှား စရာမရှိတော့ဘူး၊ ဘာကြောင့်လဲ ဆိုရင် အခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက သိန်းတစ်ရာမက အကုန်ခံပြီးတော့ သင်္ဂါယနာတင်ရာတွင် ဒါယကာအဖြစ်နဲ့ အရာရာမှာ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိနေပါတယ်၊ ဒါတွင် မကသေးဘူး၊ သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီယား, လာအို-ဆိုတဲ့ ထေရဝါဒနိုင်ငံခြားများကလည်း အစိုးရများကရော ပြည်သူပြည်သားများကပါ စိတ်အားထက်သန်စွာနဲ့ အားပေးကြပါတယ်၊ ဒီလိုအားပေးတဲ့ ဒါယကာတွေ ပြည့်စုံတဲ့အတွက် ဆဋ္ဌသင်္ဂါယနာဟာ ခမ်းခမ်းနားနား ကြီး အောင်မြင်ထမြောက်သွားတဲ့ပြင် အနာဂတ်သာသနာအတွက်လည်း အတိုင်းမသိ ကျေးဇူးများသွား မယ်လို့ဆိုတာ ခန့်မှန်းနိုင်ပါတယ်၊ ဒါလဲ တချက်ပဲ။

ပြီးတော့ အဲဒီ ပေထက်အက္ခရာတင်နေတုန်းက သင်္ဂါယနာတင်နေတယ်ဆိုတာကို သီဟိုဠ်ကျွန်းတွင် တောင်မှ အလှမ်းဝေးတဲ့မြို့ရွာများက သိချင်မှသိကြမယ်၊ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာကိုတော့ မြန်မာပြည်တပြည်လုံးမှာ ယခုကတည်းက အနှံ့အပြားသိနေကြတဲ့ပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအို-ဆိုတဲ့ ထေရဝါဒနိုင်ငံအားလုံးကလည်း သိပြီးဖြစ်နေပါတယ်၊ ပြီးတော့ ဥရောပတိုက်, အမေရိကတိုက်များနှင့်တကွ တကမ္ဘာလုံးကတောင် သိတန်သလောက်သိပြီး ဖြစ်နေပါတယ်၊ ဒါလဲအားတက်စရာတချက်ပါပဲ။

ပြီးတော့ စတုတ္ထသင်္ဂါယနာတင်တုန်းက သွားရေးလာရေးစသည် ယခုလို မလွယ်ကူတဲ့အတွက် သီဟိုဠ်ကျွန်းက သံဃာများတောင်မှ နယ်တိုင်းနယ်တိုင်းမှ စုံစုံလင်လင် ပါဝင်နိုင်ကြမယ် မထင်ပါဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပထမကစပြီး သြဝါဒါစရိယသံဃနာယကအဖွဲ့ကြီး ဖွဲ့လိုက်ကတည်းက မြန်မာပြည်မှာ ထင်ရှားကျော်စောတဲ့ ပိဋကတ်ကျမ်းဂန်တတ် သီလဝန္တ လဇ္ဇီပေသလ သိက္ခာကာမ ပုဂ္ဂိုလ်တွေ နယ်တိုင်းနယ်တိုင်းမှ အစုံအလင် ပါဝင်နေတာကို တွေ့ရပါတယ်၊ အဲဒီနောက် ပါဠိဝိသောဓက အဖွဲ့တွေ ထပ်မံပြီး ဖွဲ့လိုက်တဲ့အခါမှာလည်း ထင်ထင်ရှားရှား ကျမ်းဂန်တတ်ပုဂ္ဂိုလ်တွေဆိုရင် ကုန်သလောက်နီးပါး စုံလင်နေတာကို တွေ့ရပြန်တယ်၊ နောက်ဆုံး သင်္ဂါယနာတင်ပွဲကြီး ကျင်းပတဲ့အခါကျတော့ ပါဝင်သင့်တဲ့ မထေရ်ကြီးတွေမှန်သမျှ မကျန်ရအောင် ပင့်ဆောင်ဖို့ရန်လည်း စီမံဆုံးဖြတ်ထားပါတယ်၊ ဒါတွင် မကသေးဘူး၊ ပထမ, ဒုတိယ, တတိယ, စတုတ္ထ သင်္ဂါယနာတွေမှာ ဆိုင်ရာ သူ့တိုင်းပြည်တွင်းက သံဃာများလောက်သာ ပါဝင်ဆောင်ရွက်သွားကြတယ်၊ သက္ကရာဇ် ၁၂၂၂-ခုမှစပြီး ၁၂၃၃-ခုနှစ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကျောက်ထက်အက္ခရာတင် ပဉ္စမသင်္ဂါယနာမှာလည်း အထက်မြန်မာပြည်က သံဃာလောက်သာ ပါဝင်နိုင်ခဲ့တယ်၊ အောက်မြန်မာပြည်ကတောင် မပါဝင်နိုင်ခဲ့ဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပြည်ထောင်စုမြန်မာတနိုင်ငံလုံးက ပါဝင်တဲ့အပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအိုဆိုတဲ့ ထေရဝါဒနိုင်ငံအားလုံးကလည်း သံဃာတော်တွေ ပါဝင်လျက် ရှိနေပါတယ်၊ ဒါလည်း အားတတ်စရာတချက်ပဲ။ပြီးတော့ စတုတ္ထသင်္ဂါယနာ ပေထက်အက္ခရာတင်တုန်းက မူတူပေစာဟာ အနည်းငယ်လောက်သာ ရနိုင်မယ်၊ နောက်မှ အဆင့်ဆင့်ကူးပြီး ယူကြရတာပဲ ဖြစ်မယ်၊ ဒီလို အဆင့်ဆင့်ကူးယူရတယ်ဆိုတော့ ပထမမူရင်းနဲ့ တသွေမတိမ်း ကိုက်ညီဖို့ဟာ သိပ်မလွယ်ဘူး။

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဒါတောင်မှ အဲဒီလို အဆင့်ဆင့်ကူးယူရတဲ့မူတွေက နိုင်ငံအနှံ့အပြားကို ပြန့်ပွားသွားတဲ့အထိ ဗုဒ္ဓသာသနာတော်ကြီး ယခုထက်တိုင်ခိုင်မြဲတည်တံ့ပြီး ကျေးဇူးများနေတာကို ထင်ရှားတွေ့နေကြတယ် မဟုတ်လား၊ ယခု ဆဋ္ဌသင်္ဂါယနာမှာဆိုရင် သင်္ဂါယနာတင် ပိဋကမူမှန်တွေကို စက်တင်ပုံနှိပ်ပြီးတော့ စာအုပ်တွေ ဖြန့်ချိဖို့စီစဉ်ထားတယ်၊ ဒါကြောင့် မူမှန်ဖြစ်တဲ့ ပိဋကစာအုပ်တွေကို တသောင်းပဲဖြစ်ဖြစ်, တသိန်းပဲဖြစ်ဖြစ် လိုသလောက်ရနိုင်တယ်၊ အဲဒီမူတူ ပိဋကတွေဟာ တကမ္ဘာလုံး နိုင်ငံအနှံ့အပြားကို ပျံ့နှံ့သွားမယ်၊ ဒီလို ပျံ့နှံ့နေတဲ့အတွက် ကမ္ဘာ့စစ်ဘေးအစရှိတဲ့ ဘေးရန်အန္တရာယ်တွေနဲ့ ဘယ်လိုပဲတွေ့တွေ့ ဒီပိဋကစာအုပ်တွေဟာ အကုန်လုံးတော့ ဘယ်နည်းနဲ့မှ ပျောက်ကွယ်မသွားနိုင်တော့ဘူး၊ ဒါကြောင့် ဒီဆဋ္ဌသင်္ဂါယနာဟာ အနာဂတ်သာသနာအတွက် အတိုင်းမသိ ကျေးဇူးများသွားနိုင်ပါတယ်၊ သာသနာတော်နှစ် ၅၀ဝ၀-အထိ ဒီပိဋကမူမှန်တွေဟာ တည်တံ့လည်းသွားနိုင်တယ်၊ ဒါလည်း အားတက်စရာတချက်ပဲ။ တချို့က သင်္ဂါယနာဆိုတာ သံဃာအားလုံးနဲ့တိုင်ပင်ရမယ်၊ သံဃာအားလုံး ပါဝင် ရမယ်၊ သံဃာအားလုံးက အညီအညွတ် သဘောတူရမယ်လို့ ဒီလို ထင်မှတ်ပြောဆိုနေကြတယ်၊ ဒါကတော့ ရှေးရှေးသင်္ဂါယနာတွေကို သေသေချာချာ စဉ်းစားမကြည့်လို့ပါပဲ၊ ပထမသင်္ဂါယနာမှာလည်း သံဃာ ၇-သိန်းရှိတဲ့အနက်က ၅၀ဝ-မျှသာ ပါဝင်ရပါတယ်၊ တတိယသင်္ဂါယနာမှာလည်း သံဃာ ၆-သိန်းရှိတဲ့အနက်က ၁၀ဝ၀-သာပါဝင်ရပါတယ်၊ ဒုတိယသင်္ဂါယနာတင်တုန်းကတော့ မဟာသံဃိကဂိုဏ်းသားတွေက သီးခြားခွဲပြီး စင်ပြိုင်တောင် သင်္ဂါယနာတင်လိုက်ကြသေးတယ်၊ စတုတ္ထသင်္ဂါယနာမှာလည်း သံဃာ၅၀ဝ-မျှသာ ပါဝင်ရတယ်၊ ဒိပြင်ကျန်နေတဲ့ သံဃာတွေလည်း အဲဒီတုန်းက ရှိဦးမှာပါပဲ၊ မင်းတုန်းမင်းတရားကြီး လက်ထက်က အထက်မြန်မာပြည်မှာ သံဃာတော် ရှစ်သောင်းခန့်ရှိတယ်လို့ ပြောကြတယ်၊ အဲဒီတုန်းက ပဉ္စမသင်္ဂါယနာ တင်ရာမှာတော့ သံဃာ ၂၄၀ဝ-သာ ပါဝင်ရပါတယ်။

ဒါတွေကို သေသေချာချာ စဉ်စားကြည့်ရင် သင်္ဂါယနာတင်တယ်ဆိုတာဟာ သံဃာတွေရှိသမျှ အကုန်လုံးကို တိုင်ပင်ဖို့ç အကုန်လုံးပါဝင်ဖို့ အကုန်လုံးညီညွတ်ဖို့က လိုရင်းမဟုတ်ဘူး၊ သီလဝန္တလဇ္ဇီ ပေသလ သိက္ခာကာမ ဖြစ်တဲ့ ပိဋကတ်ကျမ်းဂန်ထက် ထင်ထင်ရှားရှား ပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ဆောင်ရွက်သွားဖို့ကသာ လိုရင်းဖြစ်တယ်လို့ ထင်ရှားနေပါတယ်၊ တကယ်ဆိုတော့ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ထေရဝါဒနိုင်ငံအားလုံးက ပါဝင်သင့်တဲ့ သံဃာတော်တွေ အများဆုံးပါဝင်နိုင်အောင် စီစဉ်ထားတယ်။

ဒါကြောင့် ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာဟာ နိုင်ငံနယ်ပယ်အားဖြင့်လည်း သံဃာတော် အစုံအလင်ဆုံးပါပဲ၊ အရေအတွက်အားဖြင့်လည်း သံဃာတော် အများဆုံးပါပဲ၊ ဒါလည်း အားတက်စရာ တချက်ပဲ။ တချို့က မင်းတုန်မင်းတရားကြီးရဲ့ ကျောက်စာတော်တွေ ထင်ရှားရှိနေတဲ့အတွက် ပါဠိကိုသုတ်သင်ပြီး သင်္ဂါယနာတင်စရာ မလိုသေးပါဘူးလို့လဲ ဆိုကြပြန်တယ်၊ ၁၀၇၀ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီး ဒီစကားကတော့ ပါဠိကျမ်းဂန်တတ်ပုဂ္ဂိုလ်များရဲ့ အရာသာဖြစ်တယ်၊ ပါဠိမတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ ဘာမျှမဆိုင်ပါဘူး၊ ဒါကြောင့် သုတ်သင်စရာ လိုတယ်, မလိုဘူးလို့ တိတိကျကျ ဆုံးဖြတ်ဖို့ရာကတော့ ပါဠိဝိသောဓကဆရာတော်တွေရဲ့ ပြင်ဆင်ချက်များအပေါ်မှာ တည်နေပါတယ်၊ ဝိသောဓကဆရာတော်တွေက မူကွဲတွေ့တိုင်း တွေ့တိုင်း ကျောက်စာမူကသာ မှန်တယ်၊ တခြားမူတွေက မှားတယ်လို့ ဒီလိုချည်း ပြင်ဆင်ချက် ပေးကြမယ်ဆိုရင်တော့ သုတ်သင်စရာမလိုဘူးလို့ပဲ ဆိုရပေလိမ့်မယ်၊ သို့ပေမယ့် ယခု ပါဠိပဋိဝိသောဓက ဆရာတော်တွေ ပါဠိမူအမျိုးမျိုးနဲ့ရော, အဋ္ဌကထာ, ဋီကာတွေနဲ့ရော, ဗျာကရုဏ်းကျမ်း, အဘိဓာန်ကျမ်း အမျိုးမျိုးနဲ့ရော တိုက်ဆိုင်ပြီး သုတ်သင်နေကြရာမှာ တွေ့ရတာကတော့ အဲဒီလို မဟုတ်ဘူး၊ ကျမ်းစာတအုပ် တအုပ်မှာကို ပြင်ဆင်ဆုံးဖြတ်ချက်တွေ ငါးဆယ်ခြောက်ဆယ်ထက် မနည်းရှိနေတယ်၊ အဲဒီအထဲမှာ ကျောက်စာမူကိုလည်း မှန်တယ်လို့ ဒီလို တဘက်သတ် ဆုံးဖြတ်မထားကြပါဘူး၊ အခြားမူတွေကို လက်ခံရတာလဲ ရှိနေပါတယ်။

ဆရာတော်ကိုယ်တိုင်လဲ ပိဋကတ်မြန်မာပြန်တွေကို ထပ်မံပြီး သုတ်သင်ရတဲ့အဖွဲ့ထဲမှာ ပါဝင်နေလို့ ဒီအကြောင်းကို တာဝန်မဲ့ပုဂ္ဂိုလ်များထက် ပိုပြီးသိနေပါတယ်၊ တခါတရံ မူကွဲနေလို့ပဲဖြစ်ဖြစ်, အနက်အဓိပ္ပါယ် မဖြောင့်လို့ပဲဖြစ်ဖြစ် ခက်ခဲနေတဲ့အခါများမှာ အင်မတန်ကို ဂရုစိုက်ရပါတယ်၊ ပါဠိမူအမျိုးမျိုးကို အဋ္ဌကထာ, ဋီကာများနဲ့ တိုက်ဆိုင်ကြည့်ရတယ်၊ ရှေးနိဿယ ပြန်ဆိုထားပုံ, ဆရာမြို့ဘာသာပြန်နဲ့ အင်္ဂလိပ်ဘာသာပြန်တို့က ဆိုထားပုံများကိုလည်း ကြည့်ရတယ်၊ ပါဠိအဘိဓာန်, သက္ကတ အဘိဓာန်ကြီးများနဲ့လည်း တိုက်ဆိုင်ပြီးကြည့်ရတယ်၊ ဒီလိုကြည့်ရတဲ့အခါမှာ ကျောက်စာမူက ပိုပြီးယုတ္တိရှိတာကိုလည်း တွေ့ရတယ်၊ အခြားမူတွေက ပိုပြီးယုတ္တိရှိတာကိုလည်း တွေ့ရတယ်၊ ဒီတော့ ယုတ္တိအရှိဆုံးကိုပဲ ယူပြီးတော့ မြန်မာပြန်မှာ မူတင်ထားရပါတယ်။

ပြီးတော့ ကျောက်စာမူဆိုတာကလည်း ပါဠိတော်လောက်သာရှိတာပဲ၊ အဋ္ဌကထာ, ဋီကာတွေကတော့ သင်္ဂါယနာတင်ကျောက်စာမူရယ်လို့ မရှိသေးဘူး၊ ပြီးတော့ တချို့တချို့နေရာများမှာ ပါဠိတော်နဲ့အဋ္ဌကထာ, အဋ္ဌကထာနဲ့ဋီကာ အဆင်မပြေပဲ ဖြစ်နေတာတွေလည်းရှိတယ်၊ အဲဒါတွေဟာ ယခုဆဋ္ဌသင်္ဂါယနာမှာဖြင့် အဆင်ပြေသွား လိမ့်မယ်လို့ မျှော်လင့်ရတာပဲ၊ ဒါကြောင့် ယခု ဆဋ္ဌသင်္ဂါယနာတင်တဲ့အတွက် အထင်အရှားရမယ့် အကျိုးတွေကို အကြမ်းအားဖြင့် ဖော်ပြရလျှင်-

  • (၁)
    ထေရဝါဒနိုင်ငံအားလုံးက အကောင်းဆုံးမူမှန်အဖြစ်ဖြင့် လက်ခံနိုင်တဲ့ ပါဠိ, အဋ္ဌကထာ, ဋီကာ မူသန့်များကိုလည်းရမယ်။
  • (၂)
    ပါဠိ, အဋ္ဌကထာ, ဋီကာကျမ်းအားလုံးပင် ပုံနှိပ်ပြီး စာအုပ်များ ဖြစ်ရမယ်၊ ပုံနှိပ်ပုံလည်း သန့်ရှင်းရမယ်။
  • (၃)
    မူကလည်းသန့်, ပုံနှိပ်ပုံကလည်း သန့်တဲ့အတွက် ကြည့်ရှုပို့ချသင်ယူရာမှာ အထူးသဖြင့် လွယ်ကူသွားမယ်။
  • (၄)
    စာမျက်နှာအနေအထားအားဖြင့် တမူတည်းသာရှိတဲ့အတွက် ကျမ်းညွှန်းရန်လည်း လွယ်သွားမယ်။
  • (၅)
    မူမှန်ပိဋကတော်တွေ နိုင်ငံတကာအရပ်တိုင်းမှာ ပျံ့နှံ့နေတဲ့အတွက် ပိဋကတော်တွေ လုံးဝကွယ်ပျောက် ပျက်စီးသွားတယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။
  • (၆)
    သဒ္ဓါတရားရှိသူတိုင်း ဒီဆဋ္ဌသင်္ဂါယနာကို အကြောင်းပြုပြီး နတ်ရွာနိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ ကောင်းမှုအထူးတွေ ရသွားကြမယ်၊ အယုတ်ဆုံး သာဓုခေါ်ရုံနဲ့လည်း ရသွားနိုင်တာပဲ။
  • (၇)
    နောက် အနာဂတ်ကာလများမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်နိုင်ငံ အားလုံးဟာ တပေါင်းတည်း စည်းလုံးမိ ပြီးတော့ သာသနာရေးအတွက် ထူးထူးခြားခြားကြီး ဆောင်ရွက်သွားနိုင်စရာ အကြောင်းလည်း ရှိနေပါတယ်။

ယခု ပြောခဲ့တာတွေဟာ အကြမ်းလောက်ပဲ ရှိပါသေးတယ်၊ အနုစိတ်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲကျန်နေပါသေးတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းပုဂ္ဂိုလ်တိုင်း ဒီဆဋ္ဌသင်္ဂါယနာ ပွဲတော်ကြီးဟာ ငါတို့အတွက် ပေါ်လာရတယ်၊ ငါတို့ပါဝင်ပြီး သာသနာပြုရအောင် ပေါ်လာရတယ်၊ ငါတို့မှာ ကုသိုလ်အထူးတွေ တိုးပွားရအောင် ပေါ်လာရတယ်လို့ ဒီလို ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်စွာ အဲဒီလို နှလုံးသွင်းပြီးတော့ ဆဋ္ဌသင်္ဂါယနာနဲ့စပ်ပြီး မိမိတို့ရသင့်ရထိုက်တဲ့ သာသနာပြုမှု အခွင့်အရေးတွေ, ကုသိုလ်ထူးတိုးပွားမှု အခွင့်အရေးတွေကို လက်မလွတ်ရအောင် သတိဆောင်ပြီး အရယူနိုင်ကြပါစေကုန် သတည်း။