တိုးချဲ့ဆောင်စင်္ကြံနှင့် သုံးထပ်တိုက်ကျောင်းများ ရေစက်ချအနုမောဒနာ
Author By - မဟာစည်ဆရာတော်ဘုရားကြီး
(၄ )ခုသော ကျောင်းဆောင်ကြီးများကို ရေစက်ချပွဲ ကျင်းပသည့် နေ့ထူးနေ့မြတ်
တိုးချဲ့ဆောင်စင်္ကြံနှင့် သုံးထပ်တိုက်ကျောင်းများ ရေစက်ချအနုမောဒနာ
Published Date - 1982
Author By - မဟာစည်ဆရာတော်ဘုရားကြီး
43 စာမျက်နှာ
၁၃၄၃ ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ တနင်္ဂနွေနေ့တွင်
ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၌ ကျင်းပသော
ကျောင်းတော်များနှင့် စင်္ကြံ ရေစက်သွန်းချအမျှပေးဝေပွဲတွင်
ကျေးဇူးတော်ရှင်
မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
သြဝါဒတရားတော် နှင့် အနုမောဒနာ
ဒီကနေ့ဟာ
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ လွန်ခဲ့သော ၂ နှစ်အတွင်းက စပြီး တည်ထောင်ခဲ့တဲ့ ၃ ထပ်ကျောင်းဆောင်ကြီး
၂ ခုရယ်၊ ဘုန်းကြီးနေရာ ကျောင်းဆောင်ကြီးနှင့် ဆက်စပ်၍ တိုးပွားဆောက်လုပ်တဲ့ ဓမ္မာရုံကျောင်းဆောင်ကြီးရယ်၊
စင်္ကြံတော် ကျောင်းဆောင်ကြီးရယ်၊ ဒီ ၄ ခုသော ကျောင်းဆောင်ကြီးများကို ရေစက်ချပွဲ ကျင်းပသည့်
နေ့ထူးနေ့မြတ်လဲဖြစ်တယ်။
ဒါကြောင့်
ဘုန်းကြီးက ယခုနေအခါမှာ အဲဒီ ကျောင်းတော်ကြီး (၄)ခု ရေစက်ချပွဲအတွက် သြဝါဒပေးတဲ့အနေဖြင့်
တရားဟောပြောမှုကို စပြီးဆောင်ရွက်ရမယ်။ ဟောမည့်တရားကတော့ ၁၃၃၀ ခုနှစ်က မဟာစည်ကျောင်းတော်ကို
ရေစက်ချပွဲကျင်းပစဉ်မှာ ဟောခဲ့တဲ့ တရားတော်ကို အရင်းခံပြုပြီး အတိုချုပ်လောက် ဟောပြောရမှာပါပဲ။