ရက်လည်ဆွမ်းအနုမောဒနာတရား
Author By - မဟာစည်ဆရာတော်ဘုရားကြီး
ကွယ်လွန်သူ ဒေါ်သဲအတွက် အထိမ်းအမှတ်တရပ်အနေအားဖြင့် စက်တင်ပုံနှိပ်ခြင်း
ရက်လည်ဆွမ်းအနုမောဒနာတရား
Published Date - 1964
Author By - မဟာစည်ဆရာတော်ဘုရားကြီး
53 စာမျက်နှာ
ဤစာအုပ်ကလေး
ဤစာအုပ်
ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းမှာ ၁၃၂၂-ခု သီတင်းကျွတ်လဆန်း ၂-ရက်နေ့က ကွယ်လွန်ရှာသော
ရန်ကုန်မြို့၊ ကျောက်မြောင်း လှဝိဇ္ဇာ ဇာဘော်လီ ကုမ္ပဏီ ဦးကြည် ဒေါ်ကြွေတို့၏ မိခင်ကြီး
ဒေါ်သဲကို ရည်စူး၍ ၁၃၂၂-ခု သီတင်းကျွတ်လဆန်း ၈-ရက်နေ့၌ ရက်လည်ဆွမ်းသွတ်ရာတွင် ကျေးဇူးရှင်
‘အဂ္ဂမဟာပဏ္ဍိတ’ မဟာစည် ဆရာတော်ဘုရားကြီးက ရက်လည်ဆွမ်း အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့သည်။
၎င်းတရားတော်ကို
တိတ်ရီကော်ဒါဖြင့် အသံဖမ်းယူထားခဲ့သောကြောင့် ၎င်းအသံကို စာဖြင့်ကူးယူ၍ ဒေါ်သဲ ကွယ်လွန်သည့်
၂-နှစ်မြောက် အထိမ်းအမှတ် ရည်စူးအလှူပွဲတွင် ဦးကြည် ဒေါ်ကြွေတို့က ဓမ္မဒါနအဖြစ် ဝေငှရန်
စီစဉ်ခဲ့ပါသည်။
သို့ပါသောကြောင့်
ဤ “ရက်လည်ဆွမ်း အနုမောဒနာတရား” စာအုပ်ကလေးမှာ ကွယ်လွန်သူ ဒေါ်သဲအတွက် အထိမ်းအမှတ်တရပ်အနေအားဖြင့်
စက်တင်ပုံနှိပ်ခြင်း ဖြစ်ပါသတည်း။
မင်္ဂလာအောင်မြင့်
(တာဝန်ယူ
ဆောင်ရွက်ပေးသူ)
၅/၆၊
စိန်မေတ္တာလမ်း၊ ဟာမစ်တိတ်၊ ရန်ကုန်မြို့
၁၃၂၆-ခု
သီတင်းကျွတ်လဆန်း ၈-ရက်