Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
“ဝိနယောနာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ” ဟူသော အဋ္ဌကထာအရ ဝိနည်းသည် ဗုဒ္ဓသာသနာတော်၏အသက်ဖြစ်၍ ထိုဝိနည်းတည်ရှိနေလျှင် ဗုဒ္ဓသာသနာတော် အသက်ရှင်လျက် တည်နေနိုင်ပေသည်။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား များစွာသောအကြောင်းဖြင့် ဝိနည်းနှင့်စပ်သော စကားကို ဟောတော်မူ၏။ ဝိနည်း၏ဂုဏ်ကျေးဇူးကို ဟောတော်မူ၏။ ဝိနည်းသင်ခြင်း၏ဂုဏ်ကျေးဇူးကို ဟောတော်မူ၏။ အသျှင်ဥပါလိ၏ ဂုဏ်ကျေးဇူးကို ရည်ညွှန်း၍ပြောဆိုတော်မူ၏။ ဝိနည်းကိုဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင်ဥပါလိသည် အမြတ်ဆုံးပေတည်း။ ဝိနည်းကို ဆရာအဆက်ဆက်သည် ဆောင်ခဲ့၏။ မဇ္ဈိမဒေသ၌ ဥပါလိမထေရ်, ဒါသကမထေရ်, သောဏကမထေရ်, သိဂ္ဂဝမထေရ်, မောဂ္ဂလိပုတ္တတိဿမထေရ်စသော ရဟန္တာမထေရ်မြတ်ကြီးတို့သည် ဝိနည်းပိဋကတ်ကို အစဉ်အဆက် ပို့ချတော်မူကြကုန်၏။
မြန်မာနိုင်ငံ၌မူ သာသနာတော်နှစ်(၂၃၅)မှစတင်၍ အရှင်သောဏနှင့် အရှင်ဥတ္တရ ရဟန္တာမထေရ်မြတ်ကြီး နှစ်ပါး ဦးဆောင်တော်မူခဲ့ကြသော သထုံပြည်သာသနာ, အရှင်အရဟံရဟန္တာမထေရ်မြတ်ကြီး ဦးဆောင်တော် မူခဲ့သော ပုဂံပြည်သာသနာ, ထို့နောက် ပုခန်းကြီးသာသနာ, ဒီပဲရင်းသာသနာ, ရွှေဘိုသာသနာဟူ၍ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာ အစဉ်အဆက် ဝိနည်းပိဋကတ်ကို ပို့ချတော်မူကြကုန်၏။ ရွှေဘိုသာသနာကို သီးလုံးတောရဆရာတော် အရှင်စန္ဒိမာမထေရ်မြတ်ကြီး ဦးဆောင်တော်မူခဲ့လေသည်။