ဖြည့်စွက်ရန်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဘုန်းကြီး ရွှေဘို ဆိပ်ခွန် မဟာစည်ကျောင်းမှာနေတုန်းက ဝိပဿနာလုပ်ငန်း ကို စပြီး ပြခါစတုန်းကပေါ့လေ၊ အဲဒီတုန်းက ကိုယ်တိုင်ပဲ ကမ္မဋ္ဌာန်းမေးရ စစ်ရပါ တယ်။ အဲဒီတုန်းက ကဆုန်လလား နယုန်လလားတော့ မပြောတတ်ဘူး၊ အလွန်ပူတဲ့ နေ့တနေ့မှာ ယောဂီတယောက်ကို ဘယ့်နှယ်လဲ ဒီကနေ့ မပူဘူးလား ကောင်းကောင်းမှ အားထုတ်နိုင်ပါရဲ့လားလို့ မေးကြည့်ပါတယ်။ အဲဒီ ယောဂီက တပည့်တော်မှာတော့ မပူပါဘူး ဘုရား၊ ပူမှန်းလဲ မသိပါဘူး၊ တနေ့လုံးမှတ်ရတာ သိပ်ကောင်းနေတာပဲ၊ အချိန်က ကုန်မှန်းမသိ ကုန်သွားပါတယ်လို့ ပြောပါတယ်။ အဲဒီတုန်းက တရား အားမထုတ်ပဲ အလွတ်နေတဲ့လူတွေ အားထုတ်သော်လဲ အမှတ်မကောင်းသေးတဲ့ လူတွေမှာတော့ ပူလွန်းလို့ ညည်းလိုက်ကြတာ မပြောပါနဲ့တော့၊ အဲဒီ အမှတ်ကောင်း နေတဲ့ ယောဂီမှာတော့ တရားအရသာတွေနဲ့ သူ့မှာ အေးငြိမ်းနေတယ်၊ သူ့တရားနဲ့သူ နေသာထိုင်သာဖြစ်ပြီး ကောင်းနေတယ်၊ ဒါကြောင့် သမာဓိဉာဏ် အားကောင်းတဲ့ အခါကျတော့လဲ အအေးအပူတွေက သိပ်အရေးမကြီးလှပါဘူး၊ ဒါပေမဲ့ အားထုတ်ခါစ သမာဓိဉာဏ် အားမကောင်းသေးခင်မှာတော့ အအေးအပူတွေကြောင့် တရားအားထုတ် ရာမှာ အနှောင့်အယှက်ဖြစ်တတ်ပါတယ်၊ ကျောင်းခန်းထဲ ဝင်နေရင်တော့ အပူလဲ သက်သာတတ်ပါတယ်၊ ယခု ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ခေတ်မှီနည်းဖြင့် ဆောက်လုပ် ထားတဲ့ ဒီမဟာစည်ကျောင်းတော်ကတော့ နွေရာသီအပူဓာတ်ကို ကောင်းကောင်း ကာကွယ်နိုင်မည့် လက္ခဏာရှိပါတယ်၊ ဒါကြောင့် ဝိဟာရော၊ ကျောင်းသည်။ သီတံ၊ အအေးကို၎င်း။ ဥဏှံ၊ အပူကို၎င်း။ ပဋိဟန္တိ၊ ပယ်ဖျောက်တတ် ကာကွယ်တတ်၏လို့ မြတ်စွာဘုရားက ဟောထားပါတယ်။

အဲဒီမှာ သီတံပုဒ်ကို အချမ်းလို့လဲ ဘာသာပြန်ကြပါတယ်၊ ချမ်းတယ်ဆိုတာ အေးတဲ့ အနိဋ္ဌာရုံနဲ့တွေ့ပြီး ဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာပဲ၊ ယခု ဒီမှာ ဆိုလိုတာက တော့ အဲဒီ ဒုက္ခဝေဒနာကို မဆိုလိုပါဘူး၊ ဒုက္ခဝေဒနာဖြစ်ကြောင်း အေးတဲ့အနိဋ္ဌာရုံ ကိုသာ ဆိုလိုပါတယ်၊ ဒါကြောင့် သီတံ၊ အအေးကို၎င်းလို့ အနက်ပြန်ထားပါတယ်၊

ဆောင်ပုဒ်ထဲမှာလဲ အေးပူစသားလို့ စီထားပါတယ်၊ အဲဒါဟာ သီတံ ဥဏှန္တိ ဥတု ဝိသဘာဂဝသေန ဝုတ္တံသီတံ ဥဏှံ- အအေး အပူဟူသောစကားကို ဥတုသဘော မတူသည့် အလိုအားဖြင့် ဟောအပ်သည်လို့ ဖွင့်ပြတဲ့ အဋ္ဌကထာနှင့်လဲ ညီပါတယ်။

နောက်ပြီးတော့ ကျောင်းက သက်မဲ့ဘေးရန်ကိုသာ ကာကွယ်တတ်တာ မဟုတ် သေးဘူး၊ သက်ရှိဘေးရန်တွေကိုလဲ ကာကွယ်တတ်သေးတယ်၊ ဒါကြောင့်- တတော၊ ထိုမှတပါး။ (ဒီပုဒ်ကိုလဲ ပဌမာဝိဘတ် အနက်ကြံဆပြီး ထိုကျောင်းသည်ဟူ၍လဲ အနက် ပြန်ကြပါသေးတယ်၊ ရှေး၌ ဝိဟာရော-ဆိုတဲ့ပုဒ်ကို တိုက်ရိုက်မပြခဲ့သေးပဲ အဲဒီပုဒ်ရဲ့ အစား ဒီနေရာမှာ သဗ္ဗနာမ်ပုဒ်ကို ပြဆိုထားတယ်လို့ မယူသင့်ပါဘူး၊ ဒါကြောင့် ဒီ နေရာမှာလဲ ဝိဟာရော-ပုဒ်ကို မြှုပ်ထားတယ်လို့ယူပြီးတော့ ထိုမှတပါးလို့ အနက်ပြန်ပါ တယ်။ နောက်ဂါထာမှာ တတော ကျတော့လဲ နည်းတူပဲ မှတ်ရမယ်။) တတော၊ ထိုမှတပါး။ ဝါဠမိဂါနိ စ၊ သားရဲတို့ကိုလဲ။ ပဋိဟန္တိ၊ ကာကွယ်တတ်၏။

တောင်ပုလုဆရာတော်ဘုရားကြီးအား ဖြေကြားလျှောက်ထားခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

တောင်ပုလုဆရာတော်ဘုရားကြီးအား ဖြေကြားလျှောက်ထားခြင်း

ကမ္ဘာ့သာသနာပြုပုဂ္ဂိုလ်ကျော် ကျေးဇူးရှင် တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်ကြီး အရှင်နန္ဒိယ (၁၂၅၈-၁၃၄၈)သည်ကား ၁၂၉၉-ခုနှစ်တွင် ကျေးဇူးရှင် မူလမင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီးထံ၌ သတိပဋ္ဌာန်ဝိပဿနာတရားတော်များကို ၂-နှစ်ခန့် တပည့်ခံနည်းယူပြီးသည်မှစတင်၍ ဓုတင်အကျင့်မြတ်နှင့် ဝိပဿနာ ကမ္မဋ္ဌာန်းတရားများကို အထူးကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့လေသည်။

ကျေးဇူးရှင် တောင်ပုလုတောရ ကမ္ဘာအေးဆရာတော်ကြီးသည် ၁၃၂၉-ခုနှစ် ဦးတန်ခူးလဆန်း ၈-ရက်နေ့နံနက်တွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း ရန်ကုန် မဟာစည်သာသနာ့ရိပ်သာသို့ ကြွရောက်တော်မူ လာပါသည်။ ဖလ်ယဉ်ဓမ္မာရုံအတွင်း ဆရာတော်ကြီးနှစ်ပါးလုံး ဘုရားဝတ်ပြုတော်မူကြပြီးနောက် တောင်ပုလု ဆရာတော်ကြီးအား မဟာစည်ဆရာတော်ကြီးက လက်အုပ်ချီကန်တော့ပါသည်။

ထိုနောက် ယောဂီများရှိခိုးကန်တော့ကြပြီးနောက် တောင်ပုလုဆရာတော်ကြီးက “ယောဂီတို့က ဆရာကောင်း တပည့်တွေပဲ၊ အထူးသြဝါဒပေးစရာမလိုပါဘူး၊ ဆရာသမားပေးတဲ့ တရားအတိုင်း ကြိုးစားအားထုတ်ကြဖို့ပဲ လိုပါတယ်”ဟူ၍ မိန့်တော်မူခဲ့လေသည်။

နောင် ၃-ရက်ခန့်၌ ဒေါက်တာဆာကားအိမ်၌ တောင်ပုလုဆရာတော်ကြီးနှင့် မဟာစည်ဆရာတော်ကြီး နှစ်ပါးတည်း တံခါးပိတ်၍ ဆွေးနွေးတော်မူကြသည်။ အပြန်၌ မင်္ဂလာဦးအောင်မြင့်က “တောင်ပုလု ဆရာတော်ကြီးအား ရဟန္တာအရှင်မြတ်ကြီးဟု အများကယူဆ၍ ကြည်ညိုနေကြကြောင်း” မေးမြန်း လျှောက်ထားရာ မဟာစည်ဆရာတော်ကြီးက “တောင်ပုလုဆရာတော်ကြီးကား ဘုရားဆုပန်ပုဂ္ဂိုလ်ကြီးပါပဲ” ဟု မိန့်တော်မူလေသည်။

တန်ခူးလဆုတ် ၁-ရက်နေ့တွင် မဟာစည်ဆရာတော်ကြီးသည် နေတ္တိပါဠိတော် စာ-၁၄၃၊ နေတ္တိအဋ္ဌကထာ စာ-၂၅၂ တို့ကို ပါဠိ-အနက်ပြည့်စုံစွာဖော်ပြ၍ တောင်ပုလုဆရာတော်ကြီးထံတော်သို့ အပို့ခိုင်းတော် မူလေသည်။

“နေတ္တိပါဠိ စာ-၁၄၃။ ။ ယံ တံ လောကုတ္တရံ ဉာဏံ, သဗ္ဗညူ ယေန ဝုစ္စတိ၊ န တဿ ပရိဟာနိ နတ္ထိ, သဗ္ဗကာလေ ပဝတ္တတိ။ ယံ တံ ဉာဏံ- (လောကီ လောကုတ္တရာ တရားအလုံးစုံကိုသိသော) အကြင်ဉာဏ်သည်၊ လောကုတ္တရံ- လောကကို (သိသောအားဖြင့် လွှမ်းမိုး) ကျော်လွန်သည်၊ ဟောတိ- ဖြစ်၏၊ ယေန- ယင်းအလုံးစုံကို သိသော ဉာဏ်ကြောင့်၊ တထာဂတော- မြတ်စွာဘုရားကို၊ သဗ္ဗညူ- အလုံးစုံကိုသိတော်မူသည် ဟူ၍၊ ဝုစ္စတိ- ခေါ်ဆိုအပ်၏၊ တဿ- ထိုအလုံးစုံကိုသိသော ထိုသဗ္ဗညုတဉာဏ်တော် ၏ ပရိဟာနိ- ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ- မရှိပေ၊ တံ- ထို သဗ္ဗညုတဉာဏ်တော် သည်၊ သဗ္ဗကာလေ- အခါခပ်သိမ်း၌၊ ပဝတ္တတိ- (ဆင်ခြင်တော်မူတိုင်း) ဖြစ်ပေါ်၏။

နေတ္တိအဋ္ဌကထာ စာ-၂၅၂။ ။ ယံ တံ လောကုတ္တရံ ဉာဏန္တိ သဗ္ဗံ လောကံ ဥတ္တရိတွာ အဘိဘဝိတွာ ဌိတတ္တာ ဝုတ္တံ၊ န ပန လောကုတ္တရဘူမိကတ္တာ၊ သဗ္ဗလောကေ ပဝတ္တတီတိ အာဝဇ္ဇနပဋိဗဒ္ဓတ္တာ ဝုတ္တံ၊ န သတတံ သမိတံ ပဝတ္ထ တီတိ။ န ဟိ သဗ္ဗညုတဉာဏံ ဘဂဝတော သဗ္ဗသ္မိံ ယေဝ ကာလေ ဥပ္ပဇ္ဇတီတိ သက္ကာ ဝတ္တုန္တိ။ ယံ တံ လောကုတ္တရံ ဉာဏံ-ဟူသောစကားကို အလုံးစုံသောလောကကို ကျော်လွန်၍ လွှမ်းမိုး၍ တည်သည်၏ အဖြစ်ကြောင့် ဆိုအပ်ပေသည်၊ (မဂ်ဖိုလ်နိဗ္ဗာန်ကဲ့သို့) လောကုတ္တရာဘုံ၌ အတွင်းဝင်သည်၏အဖြစ်ကြောင့် ဆိုအပ်သည်ကား မဟုတ်ပေ၊ သဗ္ဗကာလေ ပဝတ္တတိ-ဟူသောစကားကိုလည်း ဆင်ခြင်ခြင်းနှင့်စပ်သော ဖြစ်ခြင်း ရှိသည်၏အဖြစ်ကြောင့် (ဆင်ခြင်တိုင်း ဖြစ်တတ်သောကြောင့်) ဆိုအပ်ပေသည်၊ (မိနစ် စက္ကန့်မခြား) အခါခပ်သိမ်း အမြဲတမ်းဖြစ်နေသည်ဟူသော ဤအကြောင်းကြောင့် ဆိုအပ်သည်ကားမဟုတ်ပေ၊ အကြောင်းမူကား သဗ္ဗညုတဉာဏ်တော်သည် မြတ်စွာဘုရားမှာ မိနစ်စက္ကန့်မခြား အခါခပ်သိမ်းသာလျှင် မပြတ်ဖြစ်သည်ဟုဆိုရန် မစွမ်းနိုင်ပါ (မဆိုနိုင်ပါ)၊ ဤကားအကြောင်းပေတည်း။ (ဋ္ဌ-မြန်မာပြန်) အထက်ပါ နေတ္တိပါဠိဂါထာ ကို နိကာယ်ကြီးလေးရပ် ပါဠိတော်တို့၌မတွေ့ရပါ။

အရှင်သောဘန၊ မဟာစည်ဆရာတော်၊ သာသနာ့ရိပ်သာ၊ ရန်ကုန်။ ၁၃၂၉-ခုနှစ် ဦးတန်ခူးလဆုတ်၁-ရက်” ဟူ၍ ဖြစ်လေသည်။

နက်နဲသောမေးခွန်းများကို ကျမ်းဂန်ယုတ္တိ, သဘာဝယုတ္တိ ပိုင်နိုင်စွာ ဖြေဆိုတော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

U.S.A မှ အလှူရှင်များသို့ ပြန်စာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

အရှင်ဓမ္မဓဇ(ဝန်ကြီးချုပ်ဟောင်းဦးနု) မေးလျှောက်အပ်သည်များကို ဖြေကြားတော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု(၁၂၆၉-၁၃၅၆)သည် ၁၃၂၈-ခုနှစ် နတ်တော် လပြည့်ကျော် ၈-ရက်၊ (၁၉၆၇-ခုနှစ် ဇန်နဝါရီလ ၄-ရက်နေ့တွင်) ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်က အနုသာသကနှင့်ပဌမကမ္မဝါဆရာအဖြစ် ဆောင်ရွက် တော်မူကာ ၁၅-ပါးသော ကမ္မကာရကသံဃာတော်တို့၏ အချီးအမြှောက်ဖြင့် သံဝေဂရဟန်းအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ထိုနှစ် တပို့တွဲလဆန်း ၁၀-ရက်နေ့က အရှင်ဓမ္မဓဇသည် “အမြတ်ဆုံးသုံးဆူ” တရားတော်ကို ဟောကြားရာ၌ မဟာစည်ဆရာတော်ဘုရားကြီးက အဖွင့်မိန့်ခွန်းဖြင့် ချီးမြှောက်တော် မူခဲ့သည်။ ထို့ပြင် အမြတ်ဆုံးသုံးဆူတရားစာအုပ် ပဌမတွဲနှင့် ဒုတိယတွဲကို ပုံနှိပ်ဖြန့်ချိရာတွင်လည်း ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တည်းဖြတ်ပေးတော်မူခဲ့လေသည်။

ယခုဖော်ပြမည့် အကြောင်းအရာမှာ ဝန်ကြီးချုပ်ဟောင်းဦးနုသည် အရှင်ဓမ္မဓဇမည်သော သံဝေဂ ရဟန်းဘဝဖြင့် သီတင်းသုံးနေခိုက် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာရှိ ဖလ်ယဉ်ဓမ္မာရုံတော်ကြီးတွင် ဖြစ်ပါသည်။

“အရှင်ဓမ္မဓဇက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်မြတ် များအား ရိုသေစွာလျှောက်ထားပါမည်ဘုရား” ဟူ၍ အခမ်းအနားမှူးက ကြေညာပါသည်။

“ကျေးဇူးတော်ရှင်ဆရာတော်ဘုရားအား တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။ တပည့်တော် သည် လူတချို့ကို တွေ့ဖူးပါသည်ဘုရား၊ ၎င်းလူများတွင် ကိုယ်ကျင့်တရားလည်းမရှိပါ၊ အလှူအတန်းစသည့် ကောင်းမှုကုသိုလ်များကိုလည်း လုပ်သင့်သလောက်ကလေးတောင် ပြုလုပ်သည်ကို မတွေ့ပါဘုရား၊ ထကြွမှုလည်း မရှိပါဘုရား၊ ၎င်းပုဂ္ဂိုလ်များက ၎င်းတို့သည် ဘုရားဆုပန်သည်ဟူ၍၎င်း၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝကဆုများကို ပန်သည်ဟူ၍၎င်း၊ အသီးသီး ပြောကြားကြပါသည်ဘုရား။ ၎င်းတို့၏ နေပုံထိုင်ပုံ၊ စိတ်နေစိတ်ထား၊ ကိုယ်ကျင့်တရားများကိုကြည့်ပြီး ဒီလိုလူတွေက ဒီဆုကြီးတွေကိုပန်တာ ရယ်စရာကောင်းလှတယ်ဟု ယူဆပြီး တပည့်တော် ၎င်းပုဂ္ဂိုလ်များကို အထင်သေးမိပါသည်ဘုရား၊ ၎င်းပုဂ္ဂိုလ်များနှင့် တွေ့ပြီးသည့်နောက် တပည့်တော်သည် ယခုလို ဆင်ခြင်မိပါသည်ဘုရား၊ ငါ့ထက်ညံ့တဲ့ သူများကို ငါအထင်သေးပြီး ရယ်ချင်သလို ငါ့ထက်သာတဲ့ပုဂ္ဂိုလ်တွေကလည်း ငါပန်ထားတဲ့ ဆုကိုကြားရရင် ငါရဲ့ချို့ယွင်းချက်တွေကိုကြည့်ပြီး ရယ်ချင်ကြမှာပဲ၊ ငါ့ကို အထင်သေးကြမှာပဲ အစရှိသည်ဖြင့် ဆင်ခြင်မိပါ သည်ဘုရား။

ကျေးဇူးရှင်ဆရာတော်ဘုရားသည် တပည့်တော်ထက် အစစအရာရာတွင် မနှိုင်းယှဉ်သာအောင် ထူးကဲသာလွန်သော ပုဂ္ဂိုလ်မြတ်ဖြစ်ပါသည်ဘုရား၊ တပည့်တော် ပန်ထားသောဆုကိုလည်း သိတော်မူသော တပည့်တော်၏ဆရာမြတ် ဖြစ်ပါသည်ဘုရား၊ ဆရာမြတ်ဖြစ်သည့်အားလျော်စွာ ထိုဆုကို ပန်ထားသော သူအနေနှင့် တပည့်တော်၏ ချို့ယွင်းချက်များ၊ ညံ့ဖျင်းချက်များနှင့်တကွ သင့်တော်မည့်အချက်များကိုလည်း ကောင်းစွာသိမြင်နိုင်သော ဆရာမြတ်ဖြစ်ပါသည်ဘုရား။ သို့ဖြစ်ပါသောကြောင့် တပည့်တော်အား အစဉ်သနားသည်ကိုအကြောင်းပြု၍ တပည့်တော်၏ဆုနှင့် ပတ်သက်ပြီး မည်သည့်ချို့ယွင်းချက်များကို ပယ်ရမည်ဟူ၍၎င်း၊ မည်သည့်အချက်များကို ဆတက်ထမ်းပိုး တိုး၍လုပ်ရမည်ဟူ၍၎င်း၊ တပည့်တော်အား ပွင့်လင်းစွာ သြဝါဒပေးသနားတော်မူပါဘုရား၊ ဆရာတော်ဘုရား၏သြဝါဒများသည် တပည့်တော်အတွက် အခါကြာမြင့်စွာ အကျိုးဖြစ်ထွန်းနိုင်လိမ့်မည်ဟု တပည့်တော် မမှိတ်မသုန် ယုံကြည်ပါ သည်ဘုရား။”

“ကြွရောက်လာကြသော သံဃာတော်အရှင်မြတ်များနှင့် လူပရိသတ်များ၏ မျက်မှောက်၌ အရှင်ဓမ္မဓဇက ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးအား အလွန်တရာသိလိုသော အချက်များကို လျှောက်ထားသည့်အတိုင်း ကျေးဇူးရှင် ဆရာတော်ဘုရားကြီးက ပြန်လည်၍ မိန့်ကြားတော်မူသည်ကို နာယူကြပါဘုရား” ဟူ၍ အခမ်းအနားမှူးက ထပ်မံကြေညာပါသည်။

“လျှောက်ထားချက်ထဲမှာ ဘုရားဆု၊ ပစ္စေကဗုဒ္ဓါဆု၊ အဂ္ဂသာဝကဆု၊ မဟာ သာဝကဆုပန်ပြီး ထိုဆုကြီးများနှင့် သင့်လျော်အောင် ပါရမီဖြည့်ဆည်းမှု ကင်းပြီးတော့နေတဲ့ ပုဂ္ဂိုလ်တွေကိုတွေ့ရတဲ့အတွက် အထင်အမြင် သေးပုံကို ပထမအခြေတည်ပြီးတော့ လျှောက်ထားပါတယ်။

ဆုပန်ပြီးတော့ ထိုဆုနဲ့သင့်လျော်တဲ့ ကျင့်ဝတ်ကိုမကျင့်ရင် အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တိုင်းက ထိုပုဂ္ဂိုလ်အပေါ်မှာ ဒီလိုအထင်အမြင်သေးစရာ ရှိပါတယ်၊ ဆုပန်ရုံသာ ပန်ပြီးတော့ ကျင့်သင့်ကျင့်ထိုက်တဲ့ အကြောင်းပါရမီတွေ မကျင့်လို့ရှိရင် သူပန်ထားတဲ့ ဆုအတိုင်း ပြည့်စုံဖို့ရာကတော့ အတော်ဝေးသေးတယ်လို့ ဆိုရမှာပဲ၊ သို့သော်လည်း သူ ဆုပန်ပြီး တဖြည်းဖြည်းချင်းနဲ့ ပါရမီတွေရင့်ကျက်ပြီး နောက်ခါကာလ မဆုတ်မနစ် ဖြည့်ကျင့်သွားမယ်ဆိုရင်တော့ သူပန်ထားတဲ့ဆုအတိုင်း ပြည့်စုံချင်လည်း ပြည့်စုံပါလိမ့်မယ်၊ နီးတော့မနီးသေးဘူးဆိုတာကတော့ သေချာပါလိမ့်မယ်။

အဲဒါကြောင့် ဆုပန်ပြီးတော့ ထိုဆုနဲ့သင့်လျော်တဲ့ ပါရမီကျင့်ဝတ်တွေကို မကျင့်တဲ့ပုဂ္ဂိုလ်တွေ ဒါ သတိပြုစရာပါပဲ၊ အခု လျှောက်ထားချက်ဟာ အင်မတန် ကောင်းပါတယ်။ ‘သုဒဿံ ဝဇ္ဇ မညေ သံ၊ အတ္တနော ပန ဒုဒ္ဒသံ’ မြတ်စွာဘုရား ဟောထားတဲ့ ဓမ္မပဒပါဠိတော်မှာ ရှိပါတယ်၊ အညေသံ- သူတပါးတို့၏၊ ဝဇ္ဇံ- အပြစ်ကို၊ သုဒဿံ- မြင်လွယ်တယ်တဲ့။ သူတပါးအပြစ်ကို အင်မတန်မြင်လွယ်တယ်၊ အတ္တနော ပန- မိမိ၏အပြစ်ကိုမူကား၊ ဒုဒ္ဒသံ- မြင်နိုင်ခဲတယ်တဲ့၊ ကိုယ့်အပြစ်ဆိုတာ မြင်ခဲတယ် တဲ့၊ သူများအပြစ်ကိုသာ မြင်လွယ်တယ်။

အရှင်ဓမ္မဓဇက သူ့မှာလည်းပဲ ချို့ယွင်းချက်တွေ ရှိကောင်းရှိလိမ့်မယ်လို့ ယူဆပြီးတော့ ကိုယ့်အပြစ် ကိုယ်မမြင်နိုင်တဲ့အတွက် အဲဒီလိုအပြစ်များ ပြုပြင်ရအောင်၊ လိုနေတဲ့အချက်များလည်းပဲ ဖြည့်စွက်ပြီး ကျင့်ရအောင် ရည်ရွယ်ချက်နဲ့ အခုဒီမှာ လျှောက်ထားပါတယ်၊ ဒါလည်း ကောင်းတာပါပဲ။

ရဟန်းတော်များမှာ ဝါကျွတ်တိုင်း ပဝါရဏာပြုရတယ်၊ ပဝါရဏာဆိုတာ ကိုယ့်မှာရှိတဲ့အပြစ်တွေကို သိမြင်တဲ့ပညာရှိရဟန်းတော်တွေက ပြောကြားရအောင် ဆုံးမရအောင်လို့ ဖိတ်မန္တကပြုတာပဲ၊ ကိုယ်တိုင် မျက်မှောက်တွေ့လို့ဖြစ်စေ၊ သတင်းကြားလို့ဖြစ်စေ၊ စိတ်ထဲက ယုံမှားသံသယရှိလို့ဖြစ်စေ၊ အဲဒီလို ချို့ယွင်းချက်များကို ဆုံးမတော်မူကြပါဆိုပြီးတော့ ဖိတ်မန္တကပြုရပါတယ်၊ မြတ်စွာဘုရားက တပည့် ရဟန်းတော်များကို အင်မတန်စင်ကြယ်စေလိုတဲ့အတွက် ပဝါရဏာဆိုတဲ့ အကောင်းဆုံးနည်းနဲ့ ခွင့်ပြုထား ပါတယ်။

အခုလည်းပဲ အရှင်ဓမ္မဓဇက သူတောင်းထားတဲ့ဆုကိုလည်း ဘုန်းကြီးကိုယ်တိုင် သိတယ်တဲ့၊ ဒိပြင်ပုဂ္ဂိုလ်တွေလည်း ဒီမှာသိကြပါတယ်၊ အဲဒီဆုနဲ့သင့်လျော်တဲ့ ပြုကျင့်မှု တွေမရှိဘဲနဲ့ လိုနေခဲ့လို့ရှိရင် အဲဒီချို့ယွင်းချက်များကိုလည်း ဘုန်းကြီးက အခုပြောကြားဖို့လို့ ဆိုပါတယ်၊ ဆတက်ထမ်းပိုး ဖြည့်ကျင့်ရမယ့် ကျင့်ဝတ်တွေရှိရင်လည်း ပြောကြားဖို့ လျှောက်ထားပါတယ်၊ အချက် ၂-ချက်ပါပဲ။

ဒါပေမယ့် ဒီအချက် ၂-ချက်က အင်မတန်ကျယ်ပြန့်ပါတယ်၊ ပြောဖို့ရာ သိပ် မလွယ်ပါဘူး၊ ချို့ယွင်းနေတဲ့ မသင့်တဲ့အမှုဆိုတာလည်း ပြောဖို့ရာ အရှင်ဓမ္မဓဇအပေါ်မှာ ဘုန်းကြီးက စဉ်းစားဆင်ခြင်ကြည့်တော့ ရှေးကတည်းက သူကျင့်သုံးနေတဲ့ ကျင့်စဉ်တွေထဲမှာ ချို့ယွင်းတယ်လို့ ပြောရလောက်အောင် ဘုန်းကြီးကတော့ မမြင်ဘူး၊ ဘုန်းကြီးသာ မမြင်တာမဟုတ်ဘူး၊ ဘုန်းကြီးနဲ့ အင်မတန်ရင်းနှီးတဲ့ အမြော်အမြင်လည်း အင်မတန်ရှိတဲ့ ဆရာတော်တစ်ပါးကလည်းပဲ ပြောဖူးပါတယ်၊ သူ ဆုတောင်းထားတာနဲ့ သူကျင့်ပုံနဲ့ကတော့ တော်တော်ညီညွတ်ပါတယ်တဲ့၊ ဒီဆုကိုပန်ပြီး ကျင့်သုံးလာတာ တော်တော်ကြာပြီ ဖြစ်ပါလိမ့်မယ်လို့ ဒီလိုထင်မြင်ချက်ပေးပါတယ်။

အဲဒါကြောင့် ဘယ်နေရာတော့ ဘယ်အရာတွေလိုနေတာပဲလို့ ဘုန်းကြီးက မယ်မယ်ရရတော့ ပြောလို့မဖြစ်နိုင်ဘူး၊ ပြီးတော့ ဆတက်ထမ်းပိုး တိုးပြီးတော့ကျင့်ဖို့ ဆိုတာကလည်း ဘယ်ဟာကိုတော့ ဘယ်လောက်တိုးပြီး ကျင့်ရဦးမယ်လို့ တိတိကျကျ ပြောဖို့ရာ ခက်ပါတယ်။

ပါရမီ ၁၀-ပါး၊ အပြား-၃၀၊ စွန့်ခြင်းကြီး ၅-ပါး၊ စရိယ ၃-ပါးဆိုတာတွေဟာ ဗုဒ္ဓဝင်ကျမ်းတွေမှာ အစုံပါပါတယ်၊ အခု တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရ ကြီးမှူးပြီးတော့ထုတ်ထားတဲ့ မဟာဗုဒ္ဓဝင်ကျမ်းကြီးမှာ ဘုရားအလောင်းတို့ကျင့်ရတဲ့ ကျင့်ဝတ်တွေ အကုန်လုံးအပြည့်အစုံပါပါတယ်။ အဲဒါတွေလည်း အရှင်ဓမ္မဓဇက သူလည်း လေ့လာထားပြီးသားဖြစ်နေတော့ ဒီကျင့်ဝတ်တွေဖြင့်ရင် ဘယ်လောက်လျော့နေသေးတယ်၊ ဘယ်လောက်ထိ ပိုပြီးတော့ ကျင့်လိုက်ဦးလို့ ဒီလိုပြောဖို့ရာတော့ လိုမယ်မဟုတ်ပါဘူး။

အခု အားလုံးနဲ့ဆိုင်တဲ့ သာမညညွှန်ကြားချက်လောက်ပဲ ဘုန်းကြီးက ညွှန်ကြားလို့ရမယ်၊ ဝိသေသအားဖြင့် ဘယ်အချက် ဘယ်အချက်ရယ်လို့ ဒီလိုတော့ ပြောလို့မဖြစ်ဘူး၊ ဘုရားအလောင်းတော်များမှာ ဘုရားဆုပန်ခြင်းရဲ့ ပြည့်စုံခြင်းအကြောင်း ၈-ပါး ရှိပါတယ်။ အဲဒါတွေလည်းပဲ ဗုဒ္ဓဝင်ကျမ်းတွေမှာ ကျမ်းတိုင်းကျမ်းတိုင်း ပါပါတယ်။ ဒါပေမယ်လို့ အခုလျှောက်ထားချက်ရှိတော့ ဒါကို အခြေခံပြီးတော့ ပြောရမှာပဲ” ဟူ၍ အစပျိုးလျက် ပြည့်စုံစွာ ဟောကြားတော်မူခဲ့လေသည်။

နာနာဘာဝ ဝိနာဘာဝ အကြောင်း ဒဂုန်ဦးထွန်းမြင့်၏ လျှောက်ထားချက်အပေါ် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အဖြေ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးဉာနုတ္တရအား ဖြေကြားလျှောက်ထားခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

မဟာစည်ဆရာတော်ထံသို့ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းပြု အဂ္ဂမဟာ ပဏ္ဍိတဆရာတော် ဦးဉာနုတ္တရက မေးလျှောက်သော ၁၃၃၁-ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့ရက်စွဲပါ စာတွင် “ဆရာတော် တဘက်ပါ သာဌေယျနှင့်စပ်ရာ အဋ္ဌကထာ ပါဌ်(မ-ဋ္ဌ ၁၊ ၁၅၆)နှင့် ဋီကာပါဌ်(မ-ဋိ ၁၊ ၂၅၃)တို့၏ နိဿယနက်နှင့်အဓိပ္ပာယ်များကို ရလိုကြောင်း လျှောက်အပ်ပါသည်”၊ မဟာစည်ဆရာတော်က “သာဌေယျဉှိ အစရှိသော မ-ဋ္ဌ၁-ဝါကျနှင့် ယင်း၏အဖွင့် ဋီ-ဝါကျတို့၌ မိမိသဘောဉာဏ်သက်သည့်အတိုင်း ဖော်ပြလိုက် ပါသည်” ဟူ၍ အစပျိုးကာ ဖြေဆိုအပ်သည်မှ ဖော်ပြအပ်ပါသည်။

ကောက်ကျစ်စဉ်းလဲသူ၏အမှု, ကောက်ကျစ်စဉ်းလဲမှု- သာဌေယျသည် မိမိ၌ မရှိသော, မဟုတ်သောဂုဏ်ကို ဖော်ပြခြင်းဖြစ်သောကြောင့် ရောင်းကုန်ပစ္စည်း၏ မရှိသော, မဟုတ်သောဂုဏ်ကိုဖော်ပြကာ လှည့်စား၍ ရောင်းခြင်းနှင့်တူသည်ဟု နှလုံးသွင်းယူဆပြီးလျှင် ယင်းသာဌေယျကို ကေရာဋိယဟု ခေါ်အပ်သည်ဟုဆိုလို၏။ ထိုအလိုအားဖြင့် ကေရာဋိယသည် ရောင်းကုန်ပစ္စည်း၏ မရှိသော, မဟုတ်သောဂုဏ်ကို လိမ်လည်၍ ဖော်ပြခြင်း၏ အမည်ဖြစ်သည်၊

သာဌေယျသည် မိမိ၌မရှိသောဂုဏ်ကို လိမ်လည်၍ ဖော်ပြခြင်း၏ အမည်ဖြစ်သည်၊ သဒိသူပစာဟု ယူသင့်၏။ ဋီကာအလိုအားဖြင့်လည်း ပစ္စည်း၏ မဟုတ်မမှန်သောဂုဏ်ကို လိမ်လည်ဖော်ပြ၍ ရောင်းသောကုန်သည်တို့ကို ကေရာဋိကခေါ်သည်၊ ယင်းကောက်ကျစ်မှုကို ကေရာဋိယခေါ်သည်၊ ထို့အတူပင် မိမိ၌မရှိသော, မဟုတ် မမှန်သောဂုဏ်ကို လိမ်လည်ဖော်ပြသောသူတို့သည် ဂုဏ်ကို လိမ်လည်၍ရောင်းရာ ရောက်သောကြောင့် သဌဂုဏဝါဏိဇကမည်သည်၊ ယင်းတို့၏ လိမ်လည်ဖော်ပြမှုသည် ကုန်သည်တို့၏လိမ်လည်ဖော်ပြမှုနှင့် တူသောကြောင့် ယင်းသာဌေယျကိုပင် ကေရာဋိယဟု သဒိသူပစာအားဖြင့် ဆိုအပ်သည်၊ ထို့ကြောင့် သာဌေယျဥှိစသည်ကို အဋ္ဌကထာဆရာ မိန့်ဆိုလေသည်ဟု ဆိုလို၏၊ ဤ ဋီကာပါဌ်၌လည်း ကေရာဋိယံ ဝုစ္စတိ သာဌေယျံ၊ သဌာဂုဏဝါဏိဇကာနံ ကမ္မန္တိ ကာတွာတိ အာဟ သာဌေယျဥှီတိ အာဒိဟု တစ်ဝါကျတည်းရှိလျှင် သာ၍ ချောမောရာ၏။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ကျောင်းတော်ဝိနိစ္ဆယ ထင်မြင်ချက်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

သာသနာတော်အတွက် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး၏ မေတ္တာရပ်ခံစာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

မဟာစည်ဆရာတော်ကြီးက ကြိုပြီးသိနေလေရောသလား

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

တောင်ကြီးမဟာစည်ရိပ်သာ ဖြစ်မြောက်ရေးအတွက် ချီးမြှောက်ထောက်ပံ့သောစာ

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ကြီး လွန်တော်မမူမီ (၁၅)ရက်က သာသနာပြုမှတ်တမ်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး သဒ္ဓါနုသာရီနှင့် ဓမ္မာနုသာရီအကြောင်း ဖြေကြားတော်မူခြင်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

မဟာစည်ဆရာတော်၏ သောတာပန်လူထွက်၊ မထွက် အဆုံးအဖြတ်

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဆွမ်းအလှူပြုနေပုံ

၄ နိုဝင်ဘာ ၁၉၆၉ - ဆွမ်းစားဆောင်

ဓာတ်ပုံဆရာ - ကျော်ကျော်

ဖြည့်စွက်ရန်

PDF ဖြင့်လည်းဖတ်ရှုနိုင်ပါသည် ...

ဟာဝိုင်ယီ မေးခွန်း

ရေးသားသူ - ဖြည့်စွက်ရန်

ဖတ်ရှုချိန် - ဖြည့်စွက်ရန်

ဖြည့်စွက်ရန်

ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ပြည်ပသာသနာပြုမကြွမီကပင် နိုင်ငံခြား ရောက်၍ မေးခွန်းများမေးပါက အခြားဘာသာအကြောင်းကို မဖြေဘဲ ဗုဒ္ဓဘာသာ ဆိုင်ရာကိုသာ စွမ်းနိုင်သမျှဖြေကြရန် အမိန့်ရှိထားပါသည်။ ဟာဝိုင်ရီကျွန်း ဟိုနိုလူလူ မြို့တွင် ယောဂီတစ်ဦးက “အရှင်ဘုရားတို့ဟောတဲ့ သတိပဋ္ဌာန်အကျင့်လမ်းသည်သာ လျှင် ကိုယ်ဆင်းရဲငြိမ်းရေး၊ စိတ်ဆင်းရဲငြိမ်းရေးအတွက် တစ်ခုတည်းသောလမ်းမှန် ဖြစ်သည်ဟု ဆိုပါသည်။ သို့ဖြစ်လျှင် ယေရှုခရစ်တော်နှင့် မိုဟာမက်သခင်တို့ ပေါ်ထွန်း ခြင်း၏ ရည်ရွယ်ချက်မှာ ဘာပါလဲ”ဟု မေးပါသည်။

ဤမေးခွန်းကို ကျေလည်အောင်ဖြေရန်မှာ ဘာသာချင်းနှိုင်းယှဉ်ပြီး ဖြေမှသာ ဖြစ်မည်။ မဆွကပင် ကြိုတင်ဆုံးဖြတ်သည့်အတိုင်း ဆရာတော်ဘုရားကြီးက “ယေရှု ခရစ်တော်နှင့် မိုဟာမက်သခင်တို့ ပေါ်ထွန်းလာတာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ ဘုန်းကြီးတို့ သေသေချာချာ လေ့လာမထားလို့ မသိပါဘူး၊ သို့သော်လည်းပဲ ဆင်းရဲငြိမ်း ချင်ရင်တော့ သတိနဲ့စောင့်ရှုတဲ့ ဒီသတိပဋ္ဌာန်လမ်းမှတပါး အခြားမရှိပါဘူး” ဟူ၍ ဖြေကြားတော်မူပါသည်။