Test 8
08 May 2024
ရေးသားသူ - ဖြည့်စွက်ရန်
ဖတ်ရှုချိန် - ဖြည့်စွက်ရန်
ဖြည့်စွက်ရန်
ဤအကြောင်းအရာများကို ပခုက္ကူဆရာတော် အရှင်ကေလာသ ပြုစုသော မဟာစည်ဆရာတော် ဘုရားကြီး၏ ထေရဝုတ္တန္တဝိလာသိနီကျမ်းနှင့် ၁၃၁၅-ခု ဝါခေါင်လ သံဂါယနာစာစောင်များမှ ကူးယူဖော်ပြပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၁၄-ခုနှစ် ဝါခေါင်လပြည့်နေ့က ပထမသင်္ဂါယနာအကြောင်းကို မြန်မာ့အသံမှ မိန့်ကြားတော်မူခဲ့လေသည်။ တဖန် ၁၃၁၅-ခုနှစ် ဝါခေါင်လပြည့်နေ့တွင် အောက်ပါအတိုင်း သင်္ဂါယနာအခါတော်မိန့်ခွန်းကို မိန့်ကြားတော်မူခဲ့လေသည်၊ ဆရာတော်ကြီးကား မရှိတော့ပြီ၊ စုတိကမ္မဇရုပ် ချုပ်ခဲ့လေပြီ၊ ဆရာတော်ဘုရားကြီး၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်မိန့်ခွန်းတော်ကို, ဝါ-ရှေးဆီကကြည်ညိုဖွယ် ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး၏ သင်္ဂါယနာအခါတော်နေ့တွင် မိန့်ကြားအပ်သော ဒုတိယပိုင်းမိန့်ခွန်းတော်ကို အောက်ပါအတိုင်း ဖတ်ရှုကြည်ညိုရာ၏။ ဒီကနေ့ဟာ သင်္ဂါယနာအခါတော်နေ့ကြီး ဖြစ်တယ်၊ ဒါကြောင့် ဒီကနေ့ သင်္ဂါယနာအကြောင်းကို ပြောရလိမ့်မယ်၊ လွန်ခဲ့တဲ့နှစ် ဝါခေါင်လပြည့်တုန်းကလဲ ဒီအကြောင်းကို တကြိမ်ပြောခဲ့ဖူးတယ်၊ အဲဒီတုန်းကတော့ ပထမသင်္ဂါယနာတင်ပုံကိုပြောခဲ့တယ်၊ မှတ်မိကြသေးရဲ့လား၊ ယခုတော့ ဒုတိယç တတိယç စတုတ္ထသင်္ဂါယနာတွေနဲ့ ရှေ့နှစ်မှာတင်မယ့် ဆဋ္ဌသင်္ဂါယနာအကြောင်းများကို ပြောရလိမ့်မယ်။
ဒုတိယသင်္ဂါယနာ ပထမသင်္ဂါယနာတင်ပြီးတဲ့နောက် အနှစ်တရာခန့်ကြာတဲ့အခါမှာ ဝေသာလီပြည်က ဝဇ္ဇီတိုင်းသားရဟန်းတွေဟာ မပြုအပ်တဲ့အမှုဆယ်မျိုးကို ပြုကောင်းတယ်လို့ ယူဆပြောဟောပြီး ဖောက်ပြန်စွာကျင့်နေကြသတဲ့၊ အဲဒီဆယ်မျိုးက ဘာတွေလဲ ဆိုရင်-
အဲသည်တုန်းက သင်္ဂါယနာတင်တဲ့ အရှင်မဟာယသတို့ ဓမ္မဝါဒီပုဂ္ဂိုလ်တွေကတဘက်, ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေကတဘက် ဒီလို နှစ်ဘက်ကွဲနေတယ်၊ ဝေသာလီပြည်ကို အုပ်စိုးနေတဲ့ ကာလာသောကမင်းကလည်း အစပထမမှာတော့ ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေဘက်က ဖြစ်နေတယ်၊ ဒါကြောင့် အဓမ္မဝါဒီရဟန်း သင်္ဂါယနာအခါတော်နေ့ အသံလွှင့်မိန့်ခွန်းတော် ၁၀၆၃ တွေရဲ့စကားကို နားယောင်ပြီးတော့ သူက အရှင်မဟာယသတို့ကိုတောင် တားမြစ်ဖို့ အမိန့်ပေးလိုက်မိသေးတယ်၊ နောက်ကျတော့မှ သူ့နှမဖြစ်တဲ့ နန္ဒာထေရီရဟန္တာမက ပြောပြလို့ အရှင်မဟာယသတို့ကို ဓမ္မဝါဒီမှန်း သိသွားတယ်၊ ဒီတော့မှ ဝဇ္ဇီတိုင်းသားတွေကို စွန့်ပြီး အရှင်မဟာယသတို့ကို အားပေးချီးမြှောက်တယ်။ ဆက်လက်ဖတ်ရှုရန် ...
ဒါကြောင့် ဝဇ္ဇီတိုင်းသား အဓမ္မဝါဒီရဟန်းတွေဟာ အားကိုးစရာမရှိတာနဲ့ လျှော့ပေးလိုက်ကြတယ်၊ ဒါပေမယ့် သူတို့က လုံးလုံးလျှော့တာတော့ မဟုတ်သေးဘူး၊ တခြားတနေရာမှာသွားပြီးတော့ သဘောတူပုဂ္ဂိုလ်ချင်း စုပေါင်းပြီး စင်ပြိုင် သင်္ဂါယနာတင်လိုက်ကြသေးသတဲ့၊ သူတို့သင်္ဂါယနာမှာ သံဃာဦးရေက ပိုပြီးတော့တောင်များသေးတယ်၊ သံဃာတစ်ထောင်တောင်ရှိဆိုပဲ၊ ဒါကြောင့် အဲဒီစင်ပြိုင်သင်္ဂါယနာအဖွဲ့ကို မဟာသင်္ဂီတိဂိုဏ်းလို့ သူတို့ဟာသူတို့ အမည်ပေးထားကြတယ်၊ အရှင်မဟာယသ တို့ကတော့ ထေရဝါဒဂိုဏ်းလို့ပဲ ခေါ်ပါတယ်၊ အရှင်မဟာယသ အစရှိသော မထေရ်ကြီးများ၏အဆုံးအမအတိုင်း ကျင့်တဲ့ဂိုဏ်းလို့ ဆိုလိုတယ်။
တတိယသင်္ဂါယနာ ဒုတိယသင်္ဂါယနာတင်ပြီးတဲ့နောက် သာသနာတော်နှစ် (၂၂၀-ကျော် ၂၃၀)အတွင်းမှာ သာသနာ့အရှုပ်အထွေးတွေ ပေါ်လာခဲ့ပြန်တယ်၊ ဘယ်လိုလဲဆိုတော့ကာ ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရတယ်ဆိုတဲ့ သီရိဓမ္မာသောကမင်းကြီးဟာ တိတ္ထိပရဗိုဇ်တွေကို ကိုးကွယ်နေရာက ဗုဒ္ဓသာသနာကို သက်ဝင်ကြည်ညိုပြီး ကိုးကွယ်ဆည်းကပ်လာတယ်၊ အဲဒီအခါမှာ တတ္ထိပရဗိုဇ်တွေကို အလေးမပြုတော့ပဲ သာသနာတော်ကိုသာအကြီးအကျယ် ချီးမြှောက်အားပေးနေတယ်၊ ဒီတော့ တိတ္ထိပရဗိုဇ်တွေမှာ လာဘ်လာဘ ချို့တဲ့တာနဲ့ သာသနာတော်တွင်းသို့ အများအပြားပဲ ဝင်လာကြတယ်၊ တချို့ကလည်း ကိုယ့်ဟာကို သင်္ကန်းဝတ်ပြီးတော့ ရဟန်းသံဃာများထံမှာ ဝင်ရောက်နေထိုင်ကြတယ်၊ ဒီလိုဝင်ရောက်လာကြတဲ့ ရဟန်းတုရဟန်းယောင်တွေဟာ အကျင့်ကတော့ တတ္ထိတွေရဲ့ ကျင့်ဝတ်ကိုသာ ကျင့်တယ်၊ တချို့က နေကို မော့ကြည့်နေကြတယ်၊ တချို့က လ-ကို ကြည့်နေကြတယ်၊ မီးပူဇော်နေကြတယ်စသည်ဖြင့် တိတ္ထိတို့၏ကျင့်ဝတ်အမျိုးမျိုးကို ထင်သလိုကျင့်နေကြတယ်၊ တိတ္ထိတို့၏ အယူဝါဒတရားတွေကိုလဲ ဟောပြောနေကြတယ်၊ ပြီးတော့ ရဟန်းကောင်းရဟန်းမြတ်တွေ ဥပုသ်ပဝါရဏာ သံဃာ့ကံ ပြုရာများမှာလည်း သူတို့က အတင်းဝင်လာကြတယ်၊ ဒါကြောင့် ပရိသတ်မစင်ကြယ်တာနဲ့ ပါဋလိပုတ် ပြည်က အသောကာရုံကျောင်းတော်မှာ ဥပုသ်ပဝါရဏာမပြုနိုင်ပဲ ပြတ်စဲနေတာ ၇-နှစ်တောင် ကြာသွားသတဲ့၊ ဒီလို ရဟန်းတုရဟန်းယောင်တွေနဲ့ ဖောက်ပြန်တဲ့အကျင့်အမျိုးမျိုးတွေ ပေါ်ပေါက်ပြီးတော့ သာသနာတော်မှာ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တယ်၊ ဒါကြောင့် အဲဒီအရှုပ်အထွေးတွေကို ရှင်းလင်း သုတ်သင်ပြီးတော့ သင်္ဂါယနာတင်ရန်အတွက် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သံဃာတော် ၆-သိန်းထဲက သံဃာတစ်ထောင်ကို ရွေးချယ်တော်မူလိုက်တယ်၊ ဒီလိုရွေးချယ်ပြီးတော့ ပါဋလိပုတ်ပြည် အသောကာရုံကျောင်းတော်မှာ သာသနာတော် ၂၃၅-ခုနှစ် နယုန်လကစပြီးတတိအကြိမ် သင်္ဂါယနာ တင်တော်မူကြရာ ၉-လကြာမှ ပြီးစီးသွားတယ်။
အဲဒီ သင်္ဂါယနာတင်ပြီးတဲ့အခါမှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က ၉-တိုင်း ၉-ဌာနသို့ သာသနာပြုရန်စေလွှတ်တော်မူတယ်၊ အဲဒီ ၉-ဌာနထဲမှာ မြန်မာပြည်လည်းပါတယ်၊ သီဟိုဠ်ကျွန်း လည်းပါတယ်၊ မြန်မာပြည်ကို အရှင်သောဏနဲ့ အရှင်ဥတ္တရမထေရ်တို့ကြီးမှူးတဲ့ သာသနာပြု အဖွဲ့ကလာတယ်၊ ဟိုတုန်းက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံပြည်ကစပြီး သာသနာပြုတော်မူကြတယ်၊ အဲဒီကတည်းကစပြီး မြန်မာပြည်အောက်ပိုင်းမှာ သာသနာတော်ဟာ အဆက်မပြတ် တည်ထွန်းလာခဲ့တယ်။ မြန်မာပြည်အထက်ပိုင်းမှာလဲ ပုဂံပြည် အနော်ရထာမင်း လက်ထက်သာသနာတော်နှစ် ၁၆၀၁-ခု၊ မြန်မာသက္ကရာဇ် ၄၁၉-ခုနှစ်ကစပြီး တည်ထွန်းလာခဲ့တယ်၊ အဲဒီတုန်းက အရှင်အရဟံ အစရှိတဲ့မထေရ်များကို သထုံမှပင့်ဆောင်ပြီးတော့ အနော်ရထာမင်းက သာသနာပြုခဲ့တယ်၊ ဒါကြောင့် ယခုထက်ထိ မြန်မာပြည်တဝန်းလုံးမှာ ထင်ရှားတည်ရှိနေတဲ့ ဗုဒ္ဓသာသနာတော်ဟာ တတိယသင်္ဂါယနာမှ ဆင်းသက်လာခဲ့တဲ့ ထေရဝါဒဂိုဏ်းအဆက်အနွယ် ဖြစ်တယ်။
စတုတ္ထသင်္ဂါယနာ သီဟိုဠ်ကျွန်းကိုတော့ ဒေဝါနံပိယတိဿမင်းလက်ထက် သာသနာတော် ၂၃၆-ခုနှစ်မှာ အရှင်မဟိန္ဒမထေရ်အမှူးရှိတဲ့ သာသနာပြုအဖွဲ့က ကြွရောက်ပြီး သာသနာပြုတော်မူခဲ့တယ်၊ ဒါကြောင့် သီဟိုဠ်မှာလဲ အဲဒီကတည်းကစပြီးတော့ ဗုဒ္ဓသာသနာတော် တည်ထွန်းလာခဲ့တယ်၊ သာသနာနှစ် ၄၃၀-ကျော် ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ သီဟိုဠ်တကျွန်းလုံး ဘေးရန်အကြီးအကျယ် တွေ့ခဲ့ရတယ်၊ တွေ့ပုံကတော့ ဝဋ္ဋဂါမဏိမင်း နန်းတက်လို့ ငါးလခန့်အကြာမှာ ဗြာဟ္မဏတိဿဆိုတဲ့ ဒမြကြီးက ပုန်ကန်ထြွကတယ်၊ ယခင် ကျေးကုလားမင်းများ၏ အဆက်အနွယ်ဖြစ်တဲ့ ကျေးကုလားခုနစ်ဦးကလည်း အနုရာဓမြို့ကို လာပြီးတိုက်ကြတယ်၊ (ကျေးကုလားဆိုတာ ယခု ]တမယ်}လို့ ခေါ်တဲ့လူမျိုးပါပဲ) အဲဒီလိုတိုက်ခိုက်ကြတဲ့ ရန်သူတွေရဲ့ဒဏ်ကို မခံနိုင်လို့ နောက်ဆုံးကျတော့ ဝဋ္ဋဂါမဏိမင်းဟာ အနုရာဓမြို့မှာ အလွတ်ထွက်ပြေးရတယ်၊ တိမ်းရှောင်ပြီး မထင်ရှားတဲ့အသွင်နဲ့ ၁၄-နှစ်တိုင်တိုင် ပုန်းလျှိုးနေရတယ်၊ အနုရာဓမြို့မှာတော့ အဲဒီတုန်းက ကျေးကုလားတွေက အုပ်စုပြီး မင်းမူနေကြတယ်၊ တိုင်းပြည်ကလည်း မသာမယာ၊ မိုးကလဲခေါင်တာနဲ့ အဲဒီတုန်းက သီဟိုဠ်တကျွန်းလုံးမှာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီး ဆိုက်ရောက်နေတယ်၊ ဒါကြောင့် သံဃာတော်များမှာ ဆွမ်းအတွက် အလွန်ပင်ကျပ်တည်းတော်မူရှာကြတယ်၊ အများအားဖြင့် သံဃာတော်တွေဟာ အိန္ဒိယဘက်ကူးပြီး သီတင်းသုံးတော်မူကြရတယ်။ သီဟိုဠ်ကျွန်းတွင်ပဲ ကျန်နေကြတဲ့မထေရ်များမှာလဲ ရသမျှ သစ်သီးသစ်ရွက် ပြုတ်ကလေးများနဲ့ပဲ မျှတပြီးနေတော်မူကြရတယ်၊ ဒီလို အာဟာရက မပြည့်စုံပေမယ့် ပိဋကတ်တွေကိုတော့ မမေ့ရအောင်ပဲ နှလုံးသွင်း ပြန်ဆိုနေတော်မူကြသတဲ့၊ ဝမ်းထဲကပူလောင်နေပေမယ့် ရေကိုထောက်ပြီးတော့ သဲပေါ်မှာဝမ်းလျားမှောက်လျက် သရဇ္ဈာယ်ပြန်ဆိုတော်မူကြရှာသတဲ့၊ ဒီလိုမမေ့မပျောက်ရအောင် ခက်ခက်ခဲခဲဆောင်ခဲ့ရတာလဲ ပေထက်အက္ခရာတင်ရခြင်းရဲ့ အကြောင်းတပါး ပါပဲ။ နောက် ဝဋ္ဋဂါမဏိမင်းနန်းပြန်တက်လို့ ဘေးငြိမ်းတဲ့အခါမှာ အိန္ဒိယဘက်ကူးသွားတဲ့ မထေရ်များလဲ သီဟိုဠ်ကိုပြန်လာကြတယ်၊ အဲဒီမထေရ်များနဲ့ သီဟိုဠ်တွင် နေရစ်တဲ့မထေရ်များဟာ ပိဋကတ်တော်များကို အချင်းချင်း တိုက်ဆိုင်နှီးနှောကြည့်ကြတယ်၊ ဒီလိုတိုက်ဆိုင်ကြည့်ကြတဲ့အခါမှာ တပုဒ်တဝါကျမျှ တိမ်းယိမ်းမှားယွင်းနေတာကို မတွေ့ကြရဘူးတဲ့။
ဒါပေမယ့် ခေတ်ပျက်ကာလပျက် ဘေးအန္တရာယ်တွေအကြားထဲမှာ ခဲခဲယဉ်းယဉ်း အာဂုံဆောင်လာခဲ့ရတာ တွေနဲ့ နောင်ကာလများမှာ အာဂုံဆောင်ခက်ခဲမည့် အရေးတွေကို ဆင်ခြင်တော်မူကြပြီးတော့ ပိဋကတ်တော်များကို ပေထက်အက္ခရာတင်ရန် စဉ်းစားဆုံးဖြတ်တော်မူကြတယ်၊ ဒီလို ဆုံးဖြတ်ပြီးတော့ မဟာဓမ္မရက္ခိတမထေရ်အမှူးရှိသော မထေရ်ငါးရာတို့ မလယဇနပုဒ်, ယခု အာလုဝိဟာရခေါ်တဲ့ အာလောကလိုဏ်မှာ ပေထက်အက္ခရာ တင်တော်မူကြတယ်၊ တနှစ်ကြာမှ ပြီးတယ်၊ ဒီ ပေထက်အက္ခရာ တင်တာကိုပဲ စတုတ္ထဝိယသင်္ဂဟံ- စတုတ္ထသင်္ဂါယနာတင်တာနဲ့ တူပါတယ်လို့ဆိုတဲ့ သာသနဝံသဒီပကျမ်း နှင့်အညီ စတုတ္ထသင်္ဂါယနာတင်တယ်လို့ အသိအမှတ်ပြုနေကြရတယ်။
ဒီနေရာမှာ အထူးသတိပြုစရာကတော့ ဝဋ္ဋဂါမဏိမင်းလက်ထက်မှာ စတုတ္ထသင်္ဂါယနာတင်တယ်လို့ ဆိုတာနဲ့ ဝဋ္ဋဂါမဏိမင်းကိုပဲ သင်္ဂါယနာရဲ့ဒါယကာလို့ ထင်မှတ်ပြောဆိုနေကြတယ်၊ အဲဒါကတော့ မဟုတ်ပါဘူး၊ အကြောင်းကတော့ အဲဒီ စတုတ္ထသင်္ဂါယနာတင်ရာမှာ ဝဋ္ဋဂါမဏိမင်းက ဘာအကူအညီမှ ပေးတယ်လို့မထင်ရှားဘူး၊ အဲဒီဝဋ္ဋဂါမဏိမင်းဟာ အဘယဂိရိကျောင်းတိုက်ကို စတင်ပြီး တည်ထောင်ကိုးကွယ်တဲ့ ဒါယကာဖြစ်တယ်၊ ဒါကြောင့် သူက အဘယဂိရိဂိုဏ်းကို အားပေးတဲ့ အကြောင်းသာထင်ရှားတယ်၊ ပေထက်အက္ခရာတင်တဲ့မထေရ်များမှာ အဘယဂိရိဂိုဏ်းကို အလေးမပြုတဲ့ မဟာဝိဟာရဝါသီဂိုဏ်းဝင်များ ဖြစ်နေပါတယ်၊ ဒိပြင် ထောက်ထားစရာ တချက်ကတော့ ဝဋ္ဋဂါမဏိမင်းက ဒါယကာခံပြီး သင်္ဂါယနာတင်တယ်ဆိုရင် သူ့မြို့တော် အနုရာဓမှာပဲ တင်စရာအကြောင်းရှိတယ်၊ သို့ဖြစ်ပါလျက် တကယ်သင်္ဂါယနာတင်ရာဌာနက အနုရာဓမြို့တော်နဲ့ မိုင်ပေါင်း ၆၀-ကျော်ဝေးတဲ့ မလယဇနပုဒ် အာလောကလိုဏ်မှာ ဖြစ်နေတာကိုတွေ့ရတယ်၊ မကြာမီက ဆရာတော်များကိုယ်တိုင်လဲ အဲဒီလိုဏ်ကိုရောက်သွားလို့ သင်္ဂါယနာတင် မထေရ်များကို အာရုံပြုပြီး ကန်တော့ခဲ့ရသေးတယ်၊ ခုပြောခဲ့တဲ့ အကြောင်းများကြောင့် ပေထက်တင်တဲ့ သင်္ဂါယနာတင်မထေရ်များမှာ သာသနာပြုမင်း ဒါယကာ အကူအညီမရှိပဲနဲ့ သင်္ဂါယနာကိစ္စကို အောင်မြင်စွာ ဆောင်ရွက်သွားတော်မူကြတယ်လို့ မှတ်ကြရမယ်။
ဒါကြောင့် အဲဒီ ပေထက်တင်တဲ့ စတုတ္ထသင်္ဂါယနာနဲ့ နှိုင်းယှဉ်ထောက်ဆကြည့်ရင် ယခု ရှေ့နှစ်များမှာ တင်မယ့် ဆဋ္ဌသင်္ဂါယနာအတွက်တော့ အများကြီးပဲ အားတက်စရာကောင်းတယ်၊ ဘယ်လိုလဲ ဆိုရင် စတုတ္ထသင်္ဂါယနာတင်တုန်းက သီဟိုဠ်ဘုရင် ဝဋ္ဋဂါမဏိမင်းထံမှ အထောက်အပံ့ဆိုရင် ဘာမျှမရခဲ့ဘူး၊ ဒါတောင်မှ သင်္ဂါယနာကိစ္စဟာ အောင်မြင်ထမြောက်တဲ့ပြင် ယခုထက်တိုင် အဲဒီသင်္ဂါယနာမှ ဆင်းသက် လာတဲ့ ပိဋကစာမူတွေကြောင့် အကျိုးများနေတာကို တွေ့ကြရတယ်မဟုတ်လား၊ ဒီတော့ ယခု ဆဋ္ဌသင်္ဂါယနာတင်လိုက်ရင် ပိုပြီးအကျိုးများသွားမယ်ဆိုတာ ဘာမှယုံမှား စရာမရှိတော့ဘူး၊ ဘာကြောင့်လဲ ဆိုရင် အခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက သိန်းတစ်ရာမက အကုန်ခံပြီးတော့ သင်္ဂါယနာတင်ရာတွင် ဒါယကာအဖြစ်နဲ့ အရာရာမှာ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိနေပါတယ်၊ ဒါတွင် မကသေးဘူး၊ သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီယား, လာအို-ဆိုတဲ့ ထေရဝါဒနိုင်ငံခြားများကလည်း အစိုးရများကရော ပြည်သူပြည်သားများကပါ စိတ်အားထက်သန်စွာနဲ့ အားပေးကြပါတယ်၊ ဒီလိုအားပေးတဲ့ ဒါယကာတွေ ပြည့်စုံတဲ့အတွက် ဆဋ္ဌသင်္ဂါယနာဟာ ခမ်းခမ်းနားနား ကြီး အောင်မြင်ထမြောက်သွားတဲ့ပြင် အနာဂတ်သာသနာအတွက်လည်း အတိုင်းမသိ ကျေးဇူးများသွား မယ်လို့ဆိုတာ ခန့်မှန်းနိုင်ပါတယ်၊ ဒါလဲ တချက်ပဲ။
ပြီးတော့ အဲဒီ ပေထက်အက္ခရာတင်နေတုန်းက သင်္ဂါယနာတင်နေတယ်ဆိုတာကို သီဟိုဠ်ကျွန်းတွင် တောင်မှ အလှမ်းဝေးတဲ့မြို့ရွာများက သိချင်မှသိကြမယ်၊ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာကိုတော့ မြန်မာပြည်တပြည်လုံးမှာ ယခုကတည်းက အနှံ့အပြားသိနေကြတဲ့ပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအို-ဆိုတဲ့ ထေရဝါဒနိုင်ငံအားလုံးကလည်း သိပြီးဖြစ်နေပါတယ်၊ ပြီးတော့ ဥရောပတိုက်, အမေရိကတိုက်များနှင့်တကွ တကမ္ဘာလုံးကတောင် သိတန်သလောက်သိပြီး ဖြစ်နေပါတယ်၊ ဒါလဲအားတက်စရာတချက်ပါပဲ။
ပြီးတော့ စတုတ္ထသင်္ဂါယနာတင်တုန်းက သွားရေးလာရေးစသည် ယခုလို မလွယ်ကူတဲ့အတွက် သီဟိုဠ်ကျွန်းက သံဃာများတောင်မှ နယ်တိုင်းနယ်တိုင်းမှ စုံစုံလင်လင် ပါဝင်နိုင်ကြမယ် မထင်ပါဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပထမကစပြီး သြဝါဒါစရိယသံဃနာယကအဖွဲ့ကြီး ဖွဲ့လိုက်ကတည်းက မြန်မာပြည်မှာ ထင်ရှားကျော်စောတဲ့ ပိဋကတ်ကျမ်းဂန်တတ် သီလဝန္တ လဇ္ဇီပေသလ သိက္ခာကာမ ပုဂ္ဂိုလ်တွေ နယ်တိုင်းနယ်တိုင်းမှ အစုံအလင် ပါဝင်နေတာကို တွေ့ရပါတယ်၊ အဲဒီနောက် ပါဠိဝိသောဓက အဖွဲ့တွေ ထပ်မံပြီး ဖွဲ့လိုက်တဲ့အခါမှာလည်း ထင်ထင်ရှားရှား ကျမ်းဂန်တတ်ပုဂ္ဂိုလ်တွေဆိုရင် ကုန်သလောက်နီးပါး စုံလင်နေတာကို တွေ့ရပြန်တယ်၊ နောက်ဆုံး သင်္ဂါယနာတင်ပွဲကြီး ကျင်းပတဲ့အခါကျတော့ ပါဝင်သင့်တဲ့ မထေရ်ကြီးတွေမှန်သမျှ မကျန်ရအောင် ပင့်ဆောင်ဖို့ရန်လည်း စီမံဆုံးဖြတ်ထားပါတယ်၊ ဒါတွင် မကသေးဘူး၊ ပထမ, ဒုတိယ, တတိယ, စတုတ္ထ သင်္ဂါယနာတွေမှာ ဆိုင်ရာ သူ့တိုင်းပြည်တွင်းက သံဃာများလောက်သာ ပါဝင်ဆောင်ရွက်သွားကြတယ်၊ သက္ကရာဇ် ၁၂၂၂-ခုမှစပြီး ၁၂၃၃-ခုနှစ်အတွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကျောက်ထက်အက္ခရာတင် ပဉ္စမသင်္ဂါယနာမှာလည်း အထက်မြန်မာပြည်က သံဃာလောက်သာ ပါဝင်နိုင်ခဲ့တယ်၊ အောက်မြန်မာပြည်ကတောင် မပါဝင်နိုင်ခဲ့ဘူး၊ ယခု ဆဋ္ဌသင်္ဂါယနာမှာတော့ ပြည်ထောင်စုမြန်မာတနိုင်ငံလုံးက ပါဝင်တဲ့အပြင် သီဟိုဠ်, ယိုးဒယား, ကမ္ဗောဒီးယား, လာအိုဆိုတဲ့ ထေရဝါဒနိုင်ငံအားလုံးကလည်း သံဃာတော်တွေ ပါဝင်လျက် ရှိနေပါတယ်၊ ဒါလည်း အားတတ်စရာတချက်ပဲ။ပြီးတော့ စတုတ္ထသင်္ဂါယနာ ပေထက်အက္ခရာတင်တုန်းက မူတူပေစာဟာ အနည်းငယ်လောက်သာ ရနိုင်မယ်၊ နောက်မှ အဆင့်ဆင့်ကူးပြီး ယူကြရတာပဲ ဖြစ်မယ်၊ ဒီလို အဆင့်ဆင့်ကူးယူရတယ်ဆိုတော့ ပထမမူရင်းနဲ့ တသွေမတိမ်း ကိုက်ညီဖို့ဟာ သိပ်မလွယ်ဘူး။
ဒါတောင်မှ အဲဒီလို အဆင့်ဆင့်ကူးယူရတဲ့မူတွေက နိုင်ငံအနှံ့အပြားကို ပြန့်ပွားသွားတဲ့အထိ ဗုဒ္ဓသာသနာတော်ကြီး ယခုထက်တိုင်ခိုင်မြဲတည်တံ့ပြီး ကျေးဇူးများနေတာကို ထင်ရှားတွေ့နေကြတယ် မဟုတ်လား၊ ယခု ဆဋ္ဌသင်္ဂါယနာမှာဆိုရင် သင်္ဂါယနာတင် ပိဋကမူမှန်တွေကို စက်တင်ပုံနှိပ်ပြီးတော့ စာအုပ်တွေ ဖြန့်ချိဖို့စီစဉ်ထားတယ်၊ ဒါကြောင့် မူမှန်ဖြစ်တဲ့ ပိဋကစာအုပ်တွေကို တသောင်းပဲဖြစ်ဖြစ်, တသိန်းပဲဖြစ်ဖြစ် လိုသလောက်ရနိုင်တယ်၊ အဲဒီမူတူ ပိဋကတွေဟာ တကမ္ဘာလုံး နိုင်ငံအနှံ့အပြားကို ပျံ့နှံ့သွားမယ်၊ ဒီလို ပျံ့နှံ့နေတဲ့အတွက် ကမ္ဘာ့စစ်ဘေးအစရှိတဲ့ ဘေးရန်အန္တရာယ်တွေနဲ့ ဘယ်လိုပဲတွေ့တွေ့ ဒီပိဋကစာအုပ်တွေဟာ အကုန်လုံးတော့ ဘယ်နည်းနဲ့မှ ပျောက်ကွယ်မသွားနိုင်တော့ဘူး၊ ဒါကြောင့် ဒီဆဋ္ဌသင်္ဂါယနာဟာ အနာဂတ်သာသနာအတွက် အတိုင်းမသိ ကျေးဇူးများသွားနိုင်ပါတယ်၊ သာသနာတော်နှစ် ၅၀ဝ၀-အထိ ဒီပိဋကမူမှန်တွေဟာ တည်တံ့လည်းသွားနိုင်တယ်၊ ဒါလည်း အားတက်စရာတချက်ပဲ။ တချို့က သင်္ဂါယနာဆိုတာ သံဃာအားလုံးနဲ့တိုင်ပင်ရမယ်၊ သံဃာအားလုံး ပါဝင် ရမယ်၊ သံဃာအားလုံးက အညီအညွတ် သဘောတူရမယ်လို့ ဒီလို ထင်မှတ်ပြောဆိုနေကြတယ်၊ ဒါကတော့ ရှေးရှေးသင်္ဂါယနာတွေကို သေသေချာချာ စဉ်းစားမကြည့်လို့ပါပဲ၊ ပထမသင်္ဂါယနာမှာလည်း သံဃာ ၇-သိန်းရှိတဲ့အနက်က ၅၀ဝ-မျှသာ ပါဝင်ရပါတယ်၊ တတိယသင်္ဂါယနာမှာလည်း သံဃာ ၆-သိန်းရှိတဲ့အနက်က ၁၀ဝ၀-သာပါဝင်ရပါတယ်၊ ဒုတိယသင်္ဂါယနာတင်တုန်းကတော့ မဟာသံဃိကဂိုဏ်းသားတွေက သီးခြားခွဲပြီး စင်ပြိုင်တောင် သင်္ဂါယနာတင်လိုက်ကြသေးတယ်၊ စတုတ္ထသင်္ဂါယနာမှာလည်း သံဃာ၅၀ဝ-မျှသာ ပါဝင်ရတယ်၊ ဒိပြင်ကျန်နေတဲ့ သံဃာတွေလည်း အဲဒီတုန်းက ရှိဦးမှာပါပဲ၊ မင်းတုန်းမင်းတရားကြီး လက်ထက်က အထက်မြန်မာပြည်မှာ သံဃာတော် ရှစ်သောင်းခန့်ရှိတယ်လို့ ပြောကြတယ်၊ အဲဒီတုန်းက ပဉ္စမသင်္ဂါယနာ တင်ရာမှာတော့ သံဃာ ၂၄၀ဝ-သာ ပါဝင်ရပါတယ်။
ဒါတွေကို သေသေချာချာ စဉ်စားကြည့်ရင် သင်္ဂါယနာတင်တယ်ဆိုတာဟာ သံဃာတွေရှိသမျှ အကုန်လုံးကို တိုင်ပင်ဖို့ç အကုန်လုံးပါဝင်ဖို့ အကုန်လုံးညီညွတ်ဖို့က လိုရင်းမဟုတ်ဘူး၊ သီလဝန္တလဇ္ဇီ ပေသလ သိက္ခာကာမ ဖြစ်တဲ့ ပိဋကတ်ကျမ်းဂန်ထက် ထင်ထင်ရှားရှား ပုဂ္ဂိုလ်တွေ အများအပြား ပါဝင်ဆောင်ရွက်သွားဖို့ကသာ လိုရင်းဖြစ်တယ်လို့ ထင်ရှားနေပါတယ်၊ တကယ်ဆိုတော့ ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာမှာ ထေရဝါဒနိုင်ငံအားလုံးက ပါဝင်သင့်တဲ့ သံဃာတော်တွေ အများဆုံးပါဝင်နိုင်အောင် စီစဉ်ထားတယ်။
ဒါကြောင့် ယခုတင်မယ့် ဆဋ္ဌသင်္ဂါယနာဟာ နိုင်ငံနယ်ပယ်အားဖြင့်လည်း သံဃာတော် အစုံအလင်ဆုံးပါပဲ၊ အရေအတွက်အားဖြင့်လည်း သံဃာတော် အများဆုံးပါပဲ၊ ဒါလည်း အားတက်စရာ တချက်ပဲ။ တချို့က မင်းတုန်မင်းတရားကြီးရဲ့ ကျောက်စာတော်တွေ ထင်ရှားရှိနေတဲ့အတွက် ပါဠိကိုသုတ်သင်ပြီး သင်္ဂါယနာတင်စရာ မလိုသေးပါဘူးလို့လဲ ဆိုကြပြန်တယ်၊ ၁၀၇၀ ရတနာမြတ်သုံးပါးတို့၏ဂုဏ်ရည်များနှင့် မဟာစည်ဆရာတော်ကြီး ဒီစကားကတော့ ပါဠိကျမ်းဂန်တတ်ပုဂ္ဂိုလ်များရဲ့ အရာသာဖြစ်တယ်၊ ပါဠိမတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့တော့ ဘာမျှမဆိုင်ပါဘူး၊ ဒါကြောင့် သုတ်သင်စရာ လိုတယ်, မလိုဘူးလို့ တိတိကျကျ ဆုံးဖြတ်ဖို့ရာကတော့ ပါဠိဝိသောဓကဆရာတော်တွေရဲ့ ပြင်ဆင်ချက်များအပေါ်မှာ တည်နေပါတယ်၊ ဝိသောဓကဆရာတော်တွေက မူကွဲတွေ့တိုင်း တွေ့တိုင်း ကျောက်စာမူကသာ မှန်တယ်၊ တခြားမူတွေက မှားတယ်လို့ ဒီလိုချည်း ပြင်ဆင်ချက် ပေးကြမယ်ဆိုရင်တော့ သုတ်သင်စရာမလိုဘူးလို့ပဲ ဆိုရပေလိမ့်မယ်၊ သို့ပေမယ့် ယခု ပါဠိပဋိဝိသောဓက ဆရာတော်တွေ ပါဠိမူအမျိုးမျိုးနဲ့ရော, အဋ္ဌကထာ, ဋီကာတွေနဲ့ရော, ဗျာကရုဏ်းကျမ်း, အဘိဓာန်ကျမ်း အမျိုးမျိုးနဲ့ရော တိုက်ဆိုင်ပြီး သုတ်သင်နေကြရာမှာ တွေ့ရတာကတော့ အဲဒီလို မဟုတ်ဘူး၊ ကျမ်းစာတအုပ် တအုပ်မှာကို ပြင်ဆင်ဆုံးဖြတ်ချက်တွေ ငါးဆယ်ခြောက်ဆယ်ထက် မနည်းရှိနေတယ်၊ အဲဒီအထဲမှာ ကျောက်စာမူကိုလည်း မှန်တယ်လို့ ဒီလို တဘက်သတ် ဆုံးဖြတ်မထားကြပါဘူး၊ အခြားမူတွေကို လက်ခံရတာလဲ ရှိနေပါတယ်။
ဆရာတော်ကိုယ်တိုင်လဲ ပိဋကတ်မြန်မာပြန်တွေကို ထပ်မံပြီး သုတ်သင်ရတဲ့အဖွဲ့ထဲမှာ ပါဝင်နေလို့ ဒီအကြောင်းကို တာဝန်မဲ့ပုဂ္ဂိုလ်များထက် ပိုပြီးသိနေပါတယ်၊ တခါတရံ မူကွဲနေလို့ပဲဖြစ်ဖြစ်, အနက်အဓိပ္ပါယ် မဖြောင့်လို့ပဲဖြစ်ဖြစ် ခက်ခဲနေတဲ့အခါများမှာ အင်မတန်ကို ဂရုစိုက်ရပါတယ်၊ ပါဠိမူအမျိုးမျိုးကို အဋ္ဌကထာ, ဋီကာများနဲ့ တိုက်ဆိုင်ကြည့်ရတယ်၊ ရှေးနိဿယ ပြန်ဆိုထားပုံ, ဆရာမြို့ဘာသာပြန်နဲ့ အင်္ဂလိပ်ဘာသာပြန်တို့က ဆိုထားပုံများကိုလည်း ကြည့်ရတယ်၊ ပါဠိအဘိဓာန်, သက္ကတ အဘိဓာန်ကြီးများနဲ့လည်း တိုက်ဆိုင်ပြီးကြည့်ရတယ်၊ ဒီလိုကြည့်ရတဲ့အခါမှာ ကျောက်စာမူက ပိုပြီးယုတ္တိရှိတာကိုလည်း တွေ့ရတယ်၊ အခြားမူတွေက ပိုပြီးယုတ္တိရှိတာကိုလည်း တွေ့ရတယ်၊ ဒီတော့ ယုတ္တိအရှိဆုံးကိုပဲ ယူပြီးတော့ မြန်မာပြန်မှာ မူတင်ထားရပါတယ်။
ပြီးတော့ ကျောက်စာမူဆိုတာကလည်း ပါဠိတော်လောက်သာရှိတာပဲ၊ အဋ္ဌကထာ, ဋီကာတွေကတော့ သင်္ဂါယနာတင်ကျောက်စာမူရယ်လို့ မရှိသေးဘူး၊ ပြီးတော့ တချို့တချို့နေရာများမှာ ပါဠိတော်နဲ့အဋ္ဌကထာ, အဋ္ဌကထာနဲ့ဋီကာ အဆင်မပြေပဲ ဖြစ်နေတာတွေလည်းရှိတယ်၊ အဲဒါတွေဟာ ယခုဆဋ္ဌသင်္ဂါယနာမှာဖြင့် အဆင်ပြေသွား လိမ့်မယ်လို့ မျှော်လင့်ရတာပဲ၊ ဒါကြောင့် ယခု ဆဋ္ဌသင်္ဂါယနာတင်တဲ့အတွက် အထင်အရှားရမယ့် အကျိုးတွေကို အကြမ်းအားဖြင့် ဖော်ပြရလျှင်-
ယခု ပြောခဲ့တာတွေဟာ အကြမ်းလောက်ပဲ ရှိပါသေးတယ်၊ အနုစိတ်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲကျန်နေပါသေးတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းပုဂ္ဂိုလ်တိုင်း ဒီဆဋ္ဌသင်္ဂါယနာ ပွဲတော်ကြီးဟာ ငါတို့အတွက် ပေါ်လာရတယ်၊ ငါတို့ပါဝင်ပြီး သာသနာပြုရအောင် ပေါ်လာရတယ်၊ ငါတို့မှာ ကုသိုလ်အထူးတွေ တိုးပွားရအောင် ပေါ်လာရတယ်လို့ ဒီလို ယောနိသောမနသိကာရဖြင့် နည်းလမ်းမှန်စွာ အဲဒီလို နှလုံးသွင်းပြီးတော့ ဆဋ္ဌသင်္ဂါယနာနဲ့စပ်ပြီး မိမိတို့ရသင့်ရထိုက်တဲ့ သာသနာပြုမှု အခွင့်အရေးတွေ, ကုသိုလ်ထူးတိုးပွားမှု အခွင့်အရေးတွေကို လက်မလွတ်ရအောင် သတိဆောင်ပြီး အရယူနိုင်ကြပါစေကုန် သတည်း။