Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ကန်တော်မင်္ဂလာဆိတ်ငြိမ်ဓမ္မာရုံတော်ကြီးနှင့်ယောဂီဆောင်များဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ

ကန်တော်မင်္ဂလာဆိတ်ငြိမ်ဓမ္မာရုံတော်ကြီးနှင့်ယောဂီဆောင်များဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

၁၃၈၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် (၄)ရက်၊ (၃-၅-၂၀၁၈)နေ့ ကြာသပတေးနေ့၊ နံနက် (၈း၀၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ကန်တော်မင်္ဂလာ ဆိတ်ငြိမ်ဓမ္မာရုံတော်ကြီးနှင့် ယောဂီဆောင်များ ဖွင့်ပွဲအခမ်းအနား(ပထမပိုင်း)ကို ကန်တော်မင်္ဂလာဝန်းအတွင်း၌ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ အောင်သန်းထွဋ်၊  ဒေါက်တာဦးမျိုးသွယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပါသည်။ ထို့နောက် ကြွရောက်လာသော ဧည့်ပရိသတ်များ၊ အလှူရှင်များသည် ကန်တော်မင်္ဂလာဝန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

ထို့နောက် နံနက် (၉း၀၀)နာရီအချိန်တွင် အခမ်းအနား(ဒုတိယပိုင်း)ကို မဟာစည်ဓမ္မာန်တော်ကြီး၌ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပါသည်။ ပြည်တွင်း-ပြည်ပ မဟာစည်ရိပ်သာများ နာယကအဖွဲ့ ဦးသျှောင်သြဝါဒါ စရိယဆရာတော် ဘဒ္ဒန္တကေသရ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု) သရက်ဆရာတော်ဘုရားကြီး ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ခဲ့ကြပါသည်။ ပြီးနောက် ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်တော်မူခဲ့ပါသည်။

ထပ်မံ၍ ပြည်တွင်း-ပြည်ပ မဟာစည်ရိပ်သာများ နာယကအဖွဲ့ ဦးသျှောင်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသ (အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) ချမ်းမြေ့ဆရာတော်ဘုရားကြီး ထံမှ သြဝါဒတရား နာကြားကြပါသည်။ ထို့နောက် နိုင်င့တော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်-အကျိုးတော်ဆောင် ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ (ဓမ္မရောင်ခြည်ဆရာတော်ဘုရားကြီး)ထံမှ သြ၀ါဒတရားနာကြားခဲ့ကြပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း။ မဟာစည်သာသာနာ့ ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်းက ဆိတ်ငြိမ်ဓမ္မာရုံတော်၊ ယောဂီဆောင်များဖြစ်ပေါ်လာပုံအကြောင်း လျှောက်ထားခြင်း။ ဦးရန်ပိုင်စိုးမှ မဟာစည်သြဝါဒါစရိယ၊ မြစ်သားဆရာတော်ကြီးအား ရေးသားပူဇော်အပ်သော ထောင်သောင်း  တေဇာချီ အချီအချညီ ရတုပိုဒ်စုံ ကို ရွတ်ဖတ်ပူဇော်ခြင်း။ အလှူတော်စာရင်းအား ဖတ်ကြားလျှောက်ထားခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။

မဟာစည်သာသနာ့ရိပ်သာ၊ သြဝါဒါစရိယဆရာတော်၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ မြစ်သားဆရာတော်ဘုရားကြီးက အနုမောဒနာတရားချီးမြှင့်ပေးသနားပြီး မဟာစည် သာသနာ့ရိပ်သာ၊ သြဝါဒါစရိယဆရာတော်၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ၊ ရွှေမင်းဝံဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား ပေးသနားတော်မူခဲ့ပါသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ကာ ရုပ်သိမ်းခဲ့ကြပါသည်။