Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

(၄၈)ကြိမ်မြောက်၊ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းအောင်လက်မှတ်နှင့်ဆုပေးပွဲ

 

မဟာစည်သာသနာ့ရိပ်သာ၊ (၄၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

အောင်လက်မှတ်နှင့်ဆုပေးပွဲအခမ်းအနား

 

၁၃၇၉-ခုနှစ်၊ တန်ခူးလပြည့်ကျော် (၅)ရက်၊ (၅-၄-၂၀၁၈) ကြာသပတေးနေ့တွင် မဟာစည်သာသနာ့ရိပ်သာ၊ (၄၈)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း အောင်လက်မှတ်နှင့်ဆုပေးပွဲအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဆုပေးပွဲအခမ်းအနားသို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစံထူး၊ တွဲဖက်-အတွင်းရေးမှူး ဦးတင်ဝင်း နှင့် အမှုဆောင်များ၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှုဆောင်များ၊ ရိပ်သာတွင်းယောဂီများ၊ သီလရှင်များ၊ သင်တန်းသား မိဘဆွေမျိုးများ တက်ရောက်ကြပါသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပါသည်။ သင်တန်းကြီးကြပ်ရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ မဟာစည်နာယက ဘဒ္ဒန္တသုမင်္ဂလ (ဒီပဲယင်းဆရာတော်) အမှူးပြုသော သံဃာတော်များအား ပရိသတ်များက သြကာသဖြင့် ကန်တော့ကြပါသည်။ ထို့နောက် ဆရာတော်မှ သြ၀ါဒစကားမိန့်ကြားရာတွင် သင်တန်းတက်ရောက်သော လူငယ်လေးများအား အသိအမှတ်ပြု၊ ဂုဏ်ပြုခြင်း၊ အနာဂါတ်မျိုးဆက်သစ် လူရည်ချွန်၊ လူရည်မွန်များ ပေါ်ပေါက်လာစေရေးအကြောင်းများ မိန့်ကြားပေးတော် မူခဲ့ပါသည်။

ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အကျိုးတော်ဆောင်ဆရာတော် ဦးရ၀ိန္ဒက ယဉ်ကျေးမှုသင်တန်းလှူဒါန်းငွေနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားရှင်းလင်းပါသည်။ ပြီးနောက် ဆရာတော်၊ သံဃာတော်များရှေ့မှောက်တွင် သင်တန်းသား၊ သင်တန်းသူများက မဟာစည်သာသနာပြုအဓိဋ္ဌာန် ဆောင်ပုဒ်ကို ရွတ်ဆိုကာ အဓိဋ္ဌာန်ပြုကြပါသည်။

အောင်မြင်သည့်အဆင့်အလိုက် ဆုလက်မှတ်နှင့် ဆုများကို သင်တန်းကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်များက တစ်ဦးချင်းစီ ဆုများချီးမြှင့်ပေးအပ်ပါသည်။ ဆုချီးမြှင့်ပေးအပ်ရာတွင် - ဒီပဲယင်းဆရာတော်က န၀မတန်း၊ အဋ္ဌမတန်း၊ သတ္တမတန်း၊ ဆဋ္ဌမတန်း၊ ပဉ္စမတန်း အောင်မြင်သူ (၁၃)ပါးအား အောင်လက်မှတ် ချီးမြှင့်ပါသည်။ ရှိမ်းမကားဆရာတော်က စတုတ္ထတန်း၊ တတိယတန်း၊ ဒုတိယတန်း အောင်မြင်သူ (၂၃)ပါးအား အောင်လက်မှတ်ချီးမြှင့်ပါသည်။ သင်တန်းမှူးဆရာတော်နှင့် သင်တန်းနည်းပြ ဆရာတော်များက ပထမတန်းအောင်မြင်သူ (၂၇)ပါးနှင့် အခြေပြုတန်းအောင်မြင်သူ (၁၅)ပါးအား အောင်လက်မှတ်ချီးမြှင့်ပါသည်။

ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆု ဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။