Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏(၇၀)နှစ်မြောက်၊သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေး

မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

(၇၀)နှစ်မြောက်သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးကျင်းပခြင်း

 

၁၃၇၉-ခုနှစ်၊ တန်ခူးလဆန်း(၉)ရက်၊ (၂၅-၃-၂၀၁၈) တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၏ (၇၀)နှစ်မြောက်သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးကို မဟာကုသလကာရီ ဓမ္မသာလာခန်းမ အောက်ထပ်တွင် ကျင်းပခဲ့ပါသည်။ (၇၀)နှစ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေးသို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်းနှင့်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ အတွင်းရေးမှူး၊ တွဲဖက်-အတွင်းရေးမှူး၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ကြပါသည်။

မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တသောဘန (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ) ရွှေမင်းဝံဆရာတော်ကြီးက သြ၀ါဒမိန့်ကြားပေးတော်မူပါသည်။ အခမ်းအနားမှူးအဖြစ် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ဆောင်ရွက်ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်းက အခမ်းအနားအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဘဏ္ဍာရေးမှူး ဒေါက်တာဦးမြင့်ဆွေမှ (၆၉)နှစ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေး မှတ်တမ်းနှင့် (၇၀)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေး အစီရင်ခံစာတို့ကို ဖတ်ကြားတင်သွင်းပါသည်။ ဆက်လက်၍ ဘဏ္ဍာရေးမှူး ဒေါက်တာဦးမြင့်ဆွေ၊ စာရင်းစစ် ဒေါ်ယုယု (ဦးဝင်းသင်-စာရင်းစစ်အဖွဲ့)တို့က ဘဏ္ဍာရေးအစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းကြပါသည်။ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါသည်။

ထို့နောက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်းက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။