Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

မဟာစည်သာသနာ့ရိပ်သာသို့ထိုင်းနိုင်ငံမှဆရာတော်များ၊ယောဂီများမှလှူဒါန်းဖွယ်ရာများလှူဒါန်းခြင်း

မဟာစည်သာသနာ့ရိပ်သာသို့ ထိုင်းနိုင်ငံမှဆရာတော်များ၊ ယောဂီများမှ လှူဒါန်းဖွယ်ရာများလှူဒါန်းခြင်း

 

၁၃၇၉-ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၂)ရက်၊ သောကြာနေ့ နေ့လည်(၂)နာရီတွင် မဟာစည်သာသနာရိပ်သာသို့ ထိုင်းနိုင်ငံမှ ဆရာတော်ကြီးက အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပါသည်။

အလှူငွေလှူဒါန်းခြင်းအခမ်းအနားသို့ မဟာစည်သာသနာ့ ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၁)ဦးသော်ဇင်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှုဆောင်များ၊ နိုင်ငံခြားသာသနာပြုအဖွဲ့ငယ်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ တက်ရောက်ကြပါသည်။

ထိုင်းနိုင်ငံမှ ဆရာတော်များက လှူဒါန်းသော လှူဖွယ်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေ ၂၂၉၀၀၀ိ/- ကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးသော်ဇင်နှင့်အဖွဲ့က လက်ခံကြပါသည်။

လှူဒါန်းမှုအစုစုအတွက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါ စရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သား ဆရာတော်ကြီးက တရားဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေပါသည်။ ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပါသည်။