Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.
မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။
Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.
မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။
သင်တန်းကျောင်းဝန်ဆောင်ရွေးချယ်ပွဲ
မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံကြီး၌
သင်တန်းကျောင်း ၀န်ဆောင်ရွေးချယ်ပွဲကျင်းပခြင်း
၁၃၇၉-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၁)ရက်၊ (၁-၁၀-၂၀၁၇) ရက်နေ့တွင် မဟာစည်သာသာနာ့ရိပ်သာ၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြုသင်တန်းကျောင်း ၀န်ဆောင် သံဃာတော် ရွေးချယ်ခြင်းကို မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံတော်ကြီးတွင် ကျင်းပခဲ့ပါသည်။
သင်တန်းကျောင်းဝန်ဆောင်ရွေးချယ်ပွဲသို့ မဟာစည်နာယကဆရာတော်များက ကြီးကြပ်၍ တရားဟောသံဃာတော်များ၊ တရားနာကြားသော ယောဂီများ တက်ရောက်ကြ ပါသည်။ သင်တန်းကျောင်းဝန်ဆောင်သံဃာ ရွေးချယ်ပွဲတွင် သံဃာတော်(၂၂)ပါး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
သင်တန်းကျောင်း ၀န်ဆောင်သံဃာတော် ရွေးချယ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သံဃာတော်များသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည်။
(၁) အသံပီသရမည်။
(၂) ပါဠိ-အရွတ်-အဖတ် မှန်ကန်ရမည်။
(၃) သာယာနာပျော်ဖွယ်ရှိရမည်။
(၄) ၀ိပဿနာအလုပ်ပေးတရားပါရမည်။
(၅) မိနစ် ၃၀ အတွင်း တရားအပြီး ဖြစ်ရပါမည်။
တရားဟောပြသခြင်းအား နံနက် (၆)နာရီမှ (၉)နာရီအထိလည်းကောင်း၊ နေ့လည် (၁၂)နာရီမှ ညနေ (၄)နာရီအထိလည်းကောင်း တစ်နေ့ (၂)ကြိမ် ကျင်းပခဲ့ပါသည်။ သင်တန်းကျောင်း ၀န်ဆောင်ရွေးချယ်ရေးအဖွဲ့ မဟာစည်နာယကဆရာတော်များက ပြိုင်ပွဲဝင် သံဃာတော်များအား အမှတ်ပေးဆုံးဖြတ်ကြပါသည်။