Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လေ့လာရေးအဖွဲအား ကြိုဆိုပွဲအခမ်းအနား။

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လေ့လာရေးအဖွဲ လေ့လာရေးခရီး

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ လေ့လာရေးအဖွဲအား ကြိုဆိုပွဲအခမ်းအနားကို ၁၃၇၉-ခု၊ ၀ါဆိုလဆုတ် (၇)ရက် ၂၀၁၇-ခုနှစ်၊ ဇူလိုင်လ (၁၅)ရက် (စနေနေ့) နံနက် (၇း၃၀)နာရီတွင် မဟာစည်သာသနာ့ရိပ်သာ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မဟာစည်သာသနာ့ရိပ်သာ နာယကဆရာတော်ကြီးများ၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ် အမှုဆောင်လူကြီးများနှင့် မိတ်ဆက်ပေးပြီး ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် နိုင်ငံခြားသာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးဝန်းထိန် မှ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး နာယကဆရာတော်များ၊ ဒုတိယ ဥက္ကဋ္ဌ ဒီပဲရင်းဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ (၈)ပါးသီလပေးသနား၍ ၀ိပဿနာတရား အားထုတ်ပုံ အခြေခံ ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထိုနောက် မိနစ် (၂၀)ခန့် လက်တွေ့ ၀ိပဿနာကမဋ္ဌာန်းတရားအားထုတ်ကြပါသည်။၎င်းနောက် မဟာစည်နာယက ဓမ္မဂုဏ်ရောင်ဆရာတော် ဘဒ္ဒန္တတေဇိန၊ ဘဒ္ဒန္တဓမ္မဥာဏဆရာတော်များမှ သင်တန်းသား၊ သင်တန်းသူများ သိလိုသည်များ ကို ဖြေကြားပေးခဲ့ကြပါသည်။ ထိုနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။