Mahasi Meditation Centre was opened in 1950, with the Most Venerable Mahasi Sayadaw as its Principle Preceptor. The most Venerable Mahasi Sayadaw started the teaching of the Mahasi method of insight in 1947 and taught for 33 years until his death in August, 1982.

The Venerable Mahæsø Sayædaw was one of the very rare personalities in whom there was a balanced and high development of both profound erudition linked with a keen intellect, and deep and advanced meditative experience.

(၂၂-၁၂-၂၀၁၅) မဟစည်ဓမ္မဗိမာန်တောကြီတွင်ကျင်းပပြုလုပ်သော ဓမ္မကထိကအစည်းအဝေး

(၆၆) နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲကြီးသို့ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများ

(၆၆) နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲကြီးသို့ကြွရောက်တော်မူလာကြကုန်တော် ဆရာတော်သဃာတော်များ

1
2
3
4
5

အောင်ပန်းမဟာစည်သာသနာ့ရိပ်သာ ဖွင့်ပွဲအခမ်းအနား

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ
(သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) မှ ရေဆက်ချတရားဟောကြားချီးမြှင့်နေစဉ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ မဟာစည်သာသနာ့ရိပ်သာ ဖွင့်ပွဲအခမ်းအနားကို ၁၃၇၇-ခုနှစ်၊ ဒုတိယ ၀ါဆိုလပြည့်ကျော်(၅)ရက်၊ ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၅)ရက်၊ ဗုဒ္ဓဟူးနေ့တွင် အောင်ပန်းမြို့၊ မဟာစည် သာသနာ့ ရိပ်သာကျောင်းတော်ကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ မဟာစည်သြ၀ါဒါစရိယဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလနှင့် ဆရာတော်ကြီးများ၊ ရှမ်းပြည်နယ်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်း၊ မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဒသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဒေါက်တာတင့်စိုးလင်းနှင့် အဖွဲ့ကြီး (၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ အလှူရှင်များ တက်ရောက်ကြပါသည်။

သြ၀ါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား
ဓမ္မာရုံသို့ စစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးတို့က ပင့်ဆောင်လာစဉ်။

အစီအစဉ်အရ အောင်ပန်းမဟာစည်သာသနာ့ရိပ်သာ ဆိုင်းဘုတ်နှင့် မဟာစည်သာသနာ့ရိပ်သာကြီးအား ဇယန္တော ဗောဓိယာမူလေ အစချီသော ဂါထာကိုရွတ်ဆြိုပီး ဖွင့်လှစ်ကြပါသည်။ ထို့နောက် မဟာစည် သြ၀ါဒါစရိယ ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာအရှင်သူမြတ်တို့ကို ဓမ္မာရုံအတွင်းသို့ ပင့်ဆောင်ကြပါသည်။

အာင်ပန်းမဟာစည်ရိပ်သာ ဆိုင်းဘုတ်အား ရှမ်းပြည်နယ်တောင်ပိုင် စစ်ဌာနချုပ်တိုင်းမှူးနှင့်
ဗုဒ္ဒသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးတို့က မွေးနံသာများဖြင့် ပက်ဖျန်းနေစဉ်။

ဒုတိယပိုင်းတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တြော့ပီး အခမ်းအနားကို ဖွင့်လှစ်ပါသည်။ ထို့နောက်လှူဒါန်းမှုအစုစုတို့၏ စာရင်းအားဖတ်ကြားလျှောက်ထားပါသည်။ ထိုနောက် ဆရာတော်သံဃာတော် များအား သြကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြပါသည်။

တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးဒေါက်တာတင်စိုးလင်းတို့က
ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြစဉ်။

ထိုနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ဆိုချီးမြှတော်မူကြပါသည်။ ဗုဒ္ဒသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဒေါက်တာတင့်စိုးလင်းနှင့် ရွှေပုစွန်မိသားစု၏ လှူဒါန်းမှုအစုစု တို့ကို အောင်ပန်းမြို့မဟာစည်သာသနာ့ရိပ်သာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်အေးအား လွဲပြောင်းပေးအပ်ပါသည်။

ဗုဒ္ဒသာသနာနုဂ္ဂဟ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဒေါက်တာတင်စိုးလင်းနှင့် ရွှေပုစွန်မိသားစု၏
လှူဒါန်းမှုအစုစုကို အောင်ပန်းမြို့ မဟာစည်သာသနာ့ရိပ်သာ ဥက္ကဋ္ဌ ဦးမောင်မောင်အေးအား လွဲပြောင်းပေးအပ်လှူဒါန်းနေစဉ်။

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားဟောကြားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေကြပါသည်။ ရေစက်သွန်းချလှူဒါန်းသည့် လှူဒါန်းမှု စုစုပေါင်းမှာ ကျပ် ၂၅၄၇၉၆၆၈၀ိ/- (ကျပ် သိန်းနှစ်ထောင်ငါးရာ လေးဆယ့်ခုနှစ် ကိုးသောင်းခြောက်ထောင် ခြောက်ရာရှစ်ဆယ်တိတိ) ဖြစ်ပါသည်။