Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

နိုင်ငံခြားသားယောဂီများတစ်နေ့တာလာရောက်တရားထိုင်ခြင်း

 

မဟာစည်သာသနာ့ရိပ်သာတွင် နိုင်ငံခြားသားယောဂီများ

တစ်နေ့လာရောက်တရားထိုင်ခြင်း အခမ်းအနား

 

၁၃၇၉-ခုနှစ်၊ ပြာသိုလဆုတ်(၁၃)ရက်၊ (၁၄-၁-၂၀၁၈) တနင်္ဂနွေနေ့၊ နံနက်(၈)နာရီတွင် မဟာစည်သာသနာ့ ရိပ်သာ၊ နိုင်ငံခြားသားယောဂီများ တစ်နေ့တာတရားထိုင်ခြင်း အထူး အစီအစဉ် အခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တစ်နေ့တာ တရားထိုင်ခြင်းအထူးအစီအစဉ် အခမ်းအနားသို့ မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒုတိယ-ဥက္ကဋ္ဌ(၁) ဦးသော်ဇင်၊ အတွင်းရေးမှူး၊ တွဲဖက်-အတွင်းရေးမှူးနှင့် အမှုဆောင်များ လည်းတက်ရောက်ခဲ့ကြပါသည်။ အဖွဲ့ချုပ် ဒုတိယ-ဥက္ကဋ္ဌ(၁) နှင့် နိုင်ငံခြားသားယောဂီများ၏ ခေါင်းဆောင်ဖြစ်သူ Mr. Alan Clementsတို့မှ နှုတ်ခွန်းဆက် စကား ပြောကြားပါသည်။ ထို့နောက် မဟာစည်သာသနာ့ရိပ်သာ သမိုင်းကျောင်းကို ဗီဒီယိုဖြင့် ပြသခဲ့ပါသည်။

ပြီးနောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော် ကြီး ဘဒ္ဒန္တ၀ါသ၀ (အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးက ရှစ်ပါးသီလချီးမြှင့်ပေးပြီး အလုပ်ပေးတရား နာယူခဲ့ကြ ပါသည်။ ထို့နောက် ပထမပိုင်း တရားရှုမှတ်ခြင်း စတင်ခဲ့ပါသည်။

ဧည့်သည်တော်များအား ရွှေပုစွန်မိသားစုများမှ အလှူဒါနအဖြစ် နေ့လည်စာကို မဟာစည် သာသနာ့ရိပ်သာ၊ မဟာကုသလကာရီ ဓမ္မသာလာခန်းမအောက်ထပ်တွင် ဧည့်ခံကျွေးမွေး ပါသည်။ ထို့နောက် Mr. Alan Clements ဦးဆောင်သော သင်တန်းသား၊ သင်တန်းသူများသည် မဟာစည်စံကျောင်းတော်နှင့် မဟာစည်ဗိမာန်တော်ကြီးသို့ လေ့လာရေးအဖြစ်ရောက်ရှိရာ တာဝန်ရှိသူများ မှ လိုက်လံရှင်းလင်းပြောကြားပေးခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ဒုတိယအကြိမ် တရားထိုင်၊ စင်္ကြန်လျှောက် တရားမှတ်ကြပါသည်။ မဟာစည်နာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (ဓမ္မဂုဏ်ရောင်ဆရာတော်)မှ အင်္ဂလိပ် ဘာသာဖြင့် ၀ိပဿနာတရားတော်ကို အကျယ်တ၀င့်ဟောကြားပါသည်။

ထို့နောက် တစ်နေ့တာ တရားထိုင်ခြင်းနှင့်ပတ်သက်၍ တရားအားထုတ်လာယောဂီများက မေးမြန်းမှုအား တာဝန်ရှိ သူမှ ပြန်လည်ဖြေကြားဆောင်ရွက်ခြင်း ပြုလုပ်ပါသည်။ အခမ်းအနားပြီးဆုံးသောအခါ တရား အားထုတ်လာ နိုင်ငံခြားသားယောဂီများမှ အလှူဒါနပြုလုပ်ခဲ့ကြပါသည်။