Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

(၆၈)နှစ်မြောက်မဟာစည်သာသနာ့ရိပ်သာသြ၀ါဒခံယူပူဇော်ပွဲ

(၆၈)နှစ်မြောက်မဟာစည်သာသနာ့ရိပ်သာသြ၀ါဒခံယူပူဇော်ပွဲ

 

မဟာစည်သာသနာ့ရိပ်သာ (၆၈)နှစ်မြောက် သြ၀ါဒခံယူပူဇော်ပွဲကို ၁၃၇၉-ခုနှစ်၊ နတ်တော်လပြည့်နေ့ (၃-၁၂-၂၀၁၇) တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ပြည်တွင်းပြည်ပ မဟာစည်ရိပ်သာများ၏ ဦးသျှောင်သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တဇနကာဘိဝံသ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီးထံမှ သြ၀ါဒကို နာယူကြပါသည်။

နာယကဆရာတော်များက ကမ္မဋ္ဌာန်းစာရင်း၊ ဓမ္မကထိကအဖွဲ့က ပဋိပတ္တိသာသနာပြုလုပ်ငန်းများကို တင်ပြလျှောက်ထားကြပါသည်။ ထို့နောက် သြ၀ါဒတော်ကို နာယူတော်မူကြပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး ဒေါက်တာတင့်စိုးလင်းက (၆၈)နှစ်မြောက် မဟာစည်သြ၀ါဒခံယူပူဇော်ပွဲ ကျင်းပရခြင်းအကြောင်းကို လျှောက်ထားပါသည်။

ထို့နောက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က (၆၈)နှစ်အတွင်း ပဋိပတ္တိသာသနာတော်ကို ထောက်ပံ့ပြုစုခဲ့သည့် ကုသိုလ်တော်အရပ်ရပ်ကို ရေစက်သွန်းချ အမျှပေးဝေပါသည်။ နေ့လည်ပိုင်းတွင် မဟာစည် ဓမ္မဗိမာန်တော်ကြီး ၌ (၆၈)နှစ်မြောက် သြ၀ါဒခံယူပူဇော်ပွဲလှူဒါန်းမှုကို ကျင်းပပါသည်။ နုဂ္ဂဟအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင် များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။ ကြွရောက်လာသော အနယ်နယ်အရပ်ရပ်မှ ယောဂီများအား ဓမ္မသာလာအဆောက်အဦးအာက်ထပ်တွင် ဧည့်ခံကျွေးမွေး လှူဒါန်းခဲ့ ပါသည်။