Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

(၆၈)ကြိမ်မြောက်ဘုံကထိန်လျာသင်္ကန်းဆက်ကပ်ပွဲ

မဟာစည်သာသနာ့ရိပ်သာ

၆၈ ကြိမ်မြောက် ဘုံကထိန်လျာသင်္ကန်းဆက်ကပ်ပွဲ

 

၁၃၇၉-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၃)ရက်၊ (၈-၁၀-၂၀၁၇) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် (၆၈)ကြိမ်မြောက် ဘုံကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို မဟာစည်သာသနာ့ရိပ်သာ၊ ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ ဥက္ကဋ္ဌကြီး ဒေါက်တာတင့်စိုးလင်း၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အမှုဆောင်များ၊ ဟိတေသီအဖွဲ့၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အမှုဆောင်များ၊ ယောဂီသူတော်စင်များ တက်ရောက်ကြပါသည်။

ထို့နောက် ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းက အခမ်းအနားကို "နမောတဿ "သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြ ပါသည်။ မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပါသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဆိုပူဇော်ကြပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဒေါက်တာတင့်စိုးလင်းမှ (၆၈)ကြိမ်မြောက် ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းအကြောင်းအား လျှောက်ထားပါသည်။ သြ၀ါဒါစရိယ ဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀အား အလှူရှင်များကိုယ်စား ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္က(၂)၊ အတွင်းရေးမှူးတို့က ကထိန်သင်္ကန်း ကို ဆက်ကပ်လှူဒါန်းကြပါသည်။ တစ်ချိန်တည်းမှာပင် ဆရာတော်၊ သံဃာတော်များအား အဖွဲ့ကြီး(၃)ဖွဲ့မှ ကျန်အမှုဆောင်များက အတူတကွ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကြပါသည်။

သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးထံမှ "ကထိန်အာနိသင်" တရားတော်ကို နာကြား၍ ကောင်းမှုကုသိုလ်အစုစုကို ကုသိုလ်ရှင်အားလုံးတို့၏ ကိုယ်စား အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌများနှင့် အမှုဆောင်များက ရေစက်သွန်းချအမျှပေးဝေကြပါသည်။

ထို့နောက် (၆၈)ကြိမ်မြောက် ဘုံကထိန်လျာသင်္ကန်းဆက်ကပ်ပွဲ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။