Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

(၄၈)ကြိမ်မြောက်၊ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကျင်းပခြင်း

(၄၈)ကြိမ်မြောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကျင်းပခြင်း

၁၃၇၉-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၄)ရက်၊ (၅-၃-၂၀၁၈) တနင်္လာနေ့တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၏ (၄၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ပါသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊ ဒုတိယဥက္ကဋ္ဌ၊ မဟာစည်နာယကဆရာတော် ဘဒ္ဒန္တဓမ္မရက္ခိတ (ရှိမ်းမကားဆရာတော်)က သင်တန်းသားများနှင့် ဧည့်ပရိသတ်တို့အား သြ၀ါဒကထာဟောကြားပေးတော်မူပါသည်။ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မဟာစည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ အမှုဆောင်များ၊ သင်တန်းသား မိဘ၊ ဆွေမျိုးများ စုံညီစွာတက်ရောက်ကြပါသည်။

သင်တန်းကြီးကြပ်ရေး အကျိုးတော်ဆောင်က ဗုဒ္ဓဘာသာသင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို အကျဉ်းချုပ်တင်ပြလျှောက်ထားပါသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်းမှာ- သာသနာ၏ အနှစ်သာရများကို ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများကို နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တွင် မဟာစည်သာသနာ့ရိပ်သာကြီး၌ တစ်လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

သီလ ၊ သမာဓိ၊ ပညာ ဟူ၍ တစ်ဆင့်ချင်း နားလည်သဘောပေါက်ပြီး ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့်လူမျိုးတို့ အားကိုးအားထားပြုနိုင်သည့် အကျင့်စာရိတ္တကောင်းမွန်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ထွက်ပေါ်လာစေရန် ဖြစ်ပါသည်။

ထို့နောက် သင်တန်းဆရာ၊ သင်တန်းသား၊ သင်တန်းသူ အားလုံးက "သိစရာမှန် ကုန်မကျန်အောင်" သာသနာပြုအဓိဋ္ဌာန်ဆောင်ပုဒ်ကို သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းပါသည်။

ကိုရင် (သာမဏေ) (၅၆)ပါး၊ သီလရှင် (၃၂)ပါး သင်တန်းတက်ရောက်ကြပါသည်။