Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

(၂၄.၃.၂၀၁၈)ရက်နေ့၊အမှုဆောင်လပတ်အစည်းအဝေးကျင်းပခြင်း

 

မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

အမှုဆောင် လပတ်အစည်းအဝေး

 

၁၃၇၉-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၈)ရက်၊ (၂၄-၃-၂၀၁၈) စနေနေ့၊ နံနက်ပိုင်းတွင် မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ အမှုဆောင်များ လပတ်အစည်းအဝေးကို မဟာစည်သာသနာ့ရိပ်သာ၊ ပိဋကတိုက်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အစည်းအဝေးသို့ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်း၊ ဒုတိယဥက္ကဋ္ဌ(၁)၊ အတွင်းရေးမှူး၊ တွဲဖက်-အတွင်းရေးမှူး၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှုဆောင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်းမှ အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင်များမှ မိမိတို့ တာဝန်ယူလုပ်ဆောင်ရသည့် လုပ်ငန်းများအကြောင်းကို တင်ပြဆွေးနွေးကြပါသည်။ ပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြပါသည်။