Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ဝါကျွတ်ကန်တော့ပွဲ

သံဃာတော်အရှင်သူမြတ်များမှ သြ၀ါဒါစရိယဆရာတော်ကြီးအားကန်တော့နေကြစဉ်

 

 

မဟာစည်သာသနာ့ရိပ်သာ၊ ၀ါကျွတ်ကန်တော့ပွဲ

 

ကကကက၁၃၇၉-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်၊ (၆-၁၀-၂၀၁၇) သောကြာနေ့ ညနေပိုင်းတွင် ၀ါလကင်းလွတ် သီတင်းကျွတ်ပွဲတော် ကန်တော့ပွဲ အခမ်းအနားကို မဟာစည်သာသနာ့ရိပ်သာအတွင်းရှိ ဖလ်ယဉ်ဓမ္မာရုံတော်ကြီး၌ ကျင်းပခဲ့ပါသည်။

ဝါကျွတ်ကန်တော့ပွဲအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားမှူးမှ အလှူတော်စာရင်းကို ဖတ်ကြားလျှောက်ထားပြီးနောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးအား နာယကဆရာတော်များ၊ ၀န်ဆောင်သံဃာတော်များ၊ ယောဂီသူတော်စင်များက ကန်တော့ကြပါသည်။

မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီး က သြ၀ါဒတရား ဟောကြားချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ကောင်းမှုကုသိုလ်အစုစုတို့အတွက် ဆုတောင်းအမျှဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။