Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ၊ဒေါ်ခင်နွဲ့ရီ(၄)နှစ်ပြည့်ရည်စူးအလှူ

မဟာစည်ဦးသျှောင် သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တကေသရ (သရက်ဆရာတော်ကြီး)
(အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)

 

ကျေးဇူးရှင်မိခင်ကြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်နွဲ့ရီ (၄)နှစ်ပြည့်ရည်စူးအလှူ အခမ်းအနား

၁၃၇၉-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၅)ရက်၊ (၈-၁၂-၂၀၁၇) သောကြာနေ့တွင် ကျေးဇူးရှင် ရွှေပုစွန်မိခင်ကြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်နွဲ့ရီ(၄)နှစ်ပြည့်အား ရည်စူး၍ သား-ဒေါက်တာတင့်စိုးလင်း (ဥက္ကဋ္ဌ-ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်)၊ သား-ဦးမြင့်အောင် မိသားစု၊ သမီး-ဒေါ်ပွင့်မာခိုင် (ဒု-ဥက္ကဋ္ဌ(၂) ၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့)မိသားစု၊ ညီအစ်ကို မောင်နှမမိသားစုများ၊ ရွှေပုစွန်မိသားစုများ၏ အလှူတော်မင်္ဂလာအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရည်စူးအလှူအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် အလှူတော်စာရင်းကို အခမ်းအနားမှူးက ဖတ်ကြားပါသည်။ မဟာစည် ဦးသျှောင် သြ၀ါဒါစရိယ ဆရာတော်ကြီး ဘဒ္ဒန္တကေသရ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) သရက်ဆရာတော်ကြီးက (၈)ပါးသီလချီးမြှင့်ပါသည်။

ထို့နောက် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များက ပရိတ်တရားများကို ရွတ်ဆိုပူဇော်ကြပါသည်။ အလှူရှင်မိသားစုက ကြွရောက်လာသော ဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးက မိဘဂုဏ်ကျေးဇူးနှင့်ပတ်သက် သော တရားတော်ကို ဟောကြားချီးမြှင့်ပါသည်။ ပြီးနောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တသောဘန (အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာကမ္မဋ္ဌာနာ စရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ရွှေမင်းဝံဆရာတော်ကြီးက သြ၀ါဒပေးချီးမြှင့်၍ ရေစက် သွန်းချ အမျှပေးဝေပါသည်။

ရည်စူးအလှူတော်အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပါသည်။ ရေစက်သွန်းချလှူဒါန်းသော အလှူငွေ စုစုပေါင်းမှာ ကျပ် ၄၈၃၁၄၀၀၀၀ိ/- (ကျပ် သိန်းလေးထောင့်ရှစ်ရာ သုံးဆယ့်တစ်သိန်း လေးသောင်း) တိတိဖြစ်ပါသည်။