Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ရန်ကုန်မြို့၊မဟာစည်သာသနာ့ရိပ်သာ၏(၂)လအဆင့်မြင့်အထူးတရားစခန်းအသိပေးအကြောင်းကြား ဖိတ်ခေါ်ခြင်း

ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ

မေလ (၁၅)ရက်မှ ဇူလိုင်လ (၁၅)ရက်ထိ

(၂)လ အဆင့်မြင့်အထူးတရားစခန်း

 

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၁၆)၊ သာသနာ့ရိပ်သာလမ်း၊ မဟာစည်သာသနာ့ရိပ်သာကြီးအတွင်း ဆောက်လုပ်ပြီးစီးသွား သော ကန်တော်မင်္ဂလာ ဆိတ်ငြိမ်ဓမ္မာရုံနှင့် ယောဂီကျောင်းဆောင်များတွင် အဆင့်မြင့်(၂)လ အထူးတရားစခန်း ပြုလုပ်မည်ဖြစ် ပါသည်။ ကြီးမားသောဉာဏ်စွမ်း၊ ထက်သန်သောလုံ့လဝီရိယတို့ဖြင့် သာသနာ့တာဝန်များကို ရွက်ဆောင်တော်မူခဲ့သော သီလ၊ သမာဓိ၊ ပညာဂုဏ်များဖြင့် ပြည့်ဝစုံလင်တော်မူသော ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးအား ကျေးဇူးတုံ့ဆပ် ပူဇော် သောအားဖြင့် ၂၀၁၈-ခုနှစ်၊ မေလ (၁၅)ရက်နေ့မှ ဇူလိုင်လ (၁၅)ရက်နေ့ထိ (၂)လတိတိ တရားအားထုတ်ရန် စိတ်ဆန္ဒပြင်းပြပြီး ဖော်ပြပါ သတ်မှတ်ချက်များနှင့် ပြည့်စုံသော ယောဂီဟောင်းများ (ရဟန်း/အမျိုးသား) ကိုယ်တိုင်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအကြောင်းကြား ဖိတ်ခေါ်အပ်ပါသည်။

၁။ ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာကြီး(သို့မဟုတ်) မဟာစည်ရိပ်သာခွဲတစ်ခုခုတွင် ပြည့်စုံစွာ တရားအားထုတ်၍ ဉာဏ်စဉ်တရားနာယူပြီးသူဖြစ်ခြင်း။

၂။ အနည်းဆုံး(၂)လ အားထုတ်နိုင်သူဖြစ်ခြင်း။

၃။ ကန်တော်မင်္ဂလာ ဆိတ်ငြိမ်ဓမ္မာရုံနှင့်ယောဂီကျောင်းဆောင်များတွင် တရားအားထုတ်မည့်ယောဂီများ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာနိုင်သူဖြစ်ခြင်း။

၎။ ကျန်းမာရေးကောင်းမွန်ပြီး အသက် (၄၅)နှစ်မှ (၇၅)နှစ်အတွင်းရှိသူဖြစ်ခြင်း။

၅။ ပလိဗောဓ နည်းပါး၍ ပရိသတ်နှင့်အဆက်ဖြတ်၍ အားထုတ်နိုင်သူဖြစ်ခြင်း။

♦♦♦♦ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ♦♦♦♦

ဤတရားစခန်းသို့ ဝင်ရောက်ကြမည့် ယောဂီသူတော်စင်များသည် ရိပ်သာကြီးသို့ မည်သည့်စရိတ်မျှ ပေးသွင်းရန်မလိုပါ။

စာရင်းပေးသွင်းရမည့်နေ့ရက် ♣♣♣♣♣  ၂၀၁၈-ခုနှစ်၊ ဧပြီလ (၂၅)ရက်မှ မေလ (၄)ရက်အတွင်း

စာရင်းပေးသွင်းရမည့်နေရာ  ♣♣♣♣♣   ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ မဟာစည်သာသနာ့ရိပ်သာ၊

                                                       အမှတ်(၁၆)၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့။

စာရင်းပေးသွင်းရမည့်အချိန် ♣♣♣♣♣    နံနက် (၉း၀၀)နာရီမှ နေ့လည် (၂း၀၀)နာရီ

ဆက်သွယ်မေးမြန်းစုံစမ်းရန် ♣♣♣♣♣   09-421048495၊ 09-443147067၊ 09-420043000