Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) ၏ အမေရိကန်နိုင်ငံသို့ သာသနာပြုခရီး။ ...(၇)

ဆရာတော်ကြီးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုသူများနှင့်အတူ

(၁၇-၆-၂၀၁၅) နေ့တွင် ကြွရောက်လာကြသော ဒါယကာ ဒါယိကာမများ၏ အဖူးမြော်ခံကာ (၁၈-၆-၂၀၁၅) ညနေ (၉း၀၅) တွင် Qatar လေကြောင်းလိုင်းဖြင့် မြန်မာပြည်သို့ ပြန်လည်ကြွရောက် ခဲ့ကြရာ Washington, Dulles လေဆိပ်သို့ Ashin Pasado နှင့် ယောဂီအဖွဲ့များနှင့် မဟာစည် သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာ နုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဌကြီးဒေါက်တာတင့်စိုးလင်း၏ ညီမဖြစ်သူဒေါ်ပွင့်သိင်္ဂတို့က လိုက်ပါပို့ဆောင် နှုတ်ဆက် ခဲ့ကြပါသည်။

ရန်ကုန်မြို့သို့ (၂၀-၆-၂၀၁၅)နေ့ နံနက် (၆)နာရီတွင် ပြန်လည်ရောက်ရှိကြရာ နာယကဆရာတော်များ၊ ဗုဒ္ဒသာသနာနုဂ္ဂဟအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာတင့်စိုးလင်း၊ ဒု-ဥက္ကဌဦးသန်းအောင် နှင့်အခြားအမှုဆောင်များ တပည့်ယောဂီများတို့က လာရောက်ကြိုဆိုပြီး ဆရာတော်အား မဟာစည်သာသနာ့ရိပ်သာသို့ အဖွဲ့ချုပ် ဥက္ကဌကြီး၏ ကားဖြင့် ပြန်လည်ပင့်ဆောင်လာကြပါသည်။

ယခုအခါ ဆရာတော်ကြီးသည် သက်တော် (၈၀)နှစ်ရှိပြီ ဖြစ်လင့်ကစား စွမ်းစွမ်းတမံ မနားမနေ New York, New Hyde Park မြို့၊ New Jersey, Virginia, Florida, Noth Corolina ရှိ မြို့များသို့ မမောနိုင်ပဲ သာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ  ဤမျှအပင်ပန်းခံကာ မဟာစည်ဆရာတော်ဘုရာကြီး၏ ၀ိပဿနာပြန့်ပွား စေရန် စွမ်းဆောင်နိုင်ခဲ့ခြင်းကို လွန်စွာအံ့သြမိပါသည်…။