Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ(သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) ၏ သြစတြေးးလျနိုင်ငံ၌ တရားစခန်းဖွင့်ပွဲအပြန် သြ၀ါဒချီးမြှင့်ခြင်း။

 

မဟာစည်သြ၀ါဒါစရိယ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (သာသနဓဇ သိရီပ၀ရ ဓမ္မစရိယ၊ ၀ိနယပါဠိပါရဂူ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) (Phd.) မှ
သြစတြေးလျနိုင်ငံ၌တရားစခန်းဖွင့်ပွဲအပြန် သြ၀ါဒချီးမြှင့်နေစဉ်။...

မဟာစည်သာသနာ့ရိပ်သာ သြ၀ါဒါစရိယဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဇဋိလ (အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ သာသနာဓဇသရီပ၀ရဓမ္မာစရိယ၊ ၀ိနယပါဠိပါရဂူ) (Ph.D) (နေပြည်တော်ပျဉ်းမနား ဆရာတော်ကြီး) နှင့် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဌကြီး ဒေါက်တာတင့်စိုးလင်းတို့သည် သြစတေးလျနိုင်ငံတွင် တရားစခန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

 

 

သြ၀ါဒချီးမြှင့်ပွဲအခမ်းအနားသို့ မဟာစည်သာသနာ့ရိပ်သာ အဖွဲ့ကြီးသုံးဖွဲ့မှဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊
အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် ယောဂီများ
တက်ရောက်ဂါရ၀ပြုနေကြစဉ်။...

 

(၁၂-၇-၂၀၁၅)ရက်နေ့ ည(၇း၃၀)နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာပြီး မဟာစည်သာသနာ့ရိပ်သာ ဖလ်ယဉ်ဓမ္မာရုံကြီးတွင် သြစတေးလျနိုင်ငံတွင်တရားစခန်းဖွင့်ခြင်းနှင့် ဓမ္မဒူတခရီးစဉ်အကြောင်း အကျယ် တ၀င့် ဟောကြားချိးမြှင့်ပါသည်။

 

သြ၀ါဒါစရိယဆရာတော်ကြီး၏ သြ၀ါဒချီးမြှင့်ပွဲသို့ တက်ရောက်လာကြသော သံဃာတော်များ၊ ယောဂီများနှင့် အမှုဆောင်များ။...

သြ၀ါဒခံယူပွဲသို့ မဟာစည်နာယကဆရာတော်များ၊ သံဃာတော်များ၊ အမှုဆောင်များ၊ ယောဂီများ အားလုံး တက်ရောက်ကြပါသည်။ သြ၀ါဒါစရိယဆရာတော်ကြီး ဒေါက်တာဇဋိလမှ ဆုပေးစကားများပြောကြားပြီး သြ၀ါဒချီးမြှင့်ပွဲကို ရုပ်သိမ်းပါသည်။

 

 

 

 

 

 

 နာယကဆရာတော်များအား ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်
 ဥက္ကဌကြီး ဒေါက်တာတင့်စိုးလင်းမှ
နှုတ်ဆက်ဂါဝရပြုနေစဉ်။...