Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

မဟာစည်သြ၀ါဒါစရိယဆရာတော်ကြီး၏(၈၃)နှစ်ပြည့်မွေးနေ့မင်္ဂလာကျင်းပခြင်း

မဟာစည်သြ၀ါဒါစရိယဆရာတော်ကြီး၏ (၈၃)နှစ်ပြည့်မွေးနေ့မင်္ဂလာအခမ်းအနား

 

၁၃၇၉-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၈)ရက်၊ (၇-၃-၂၀၁၈) ဗုဒ္ဓဟူးနေ့တွင် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော်တိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီး၏ သက်တော်(၈၃)နှစ်ပြည့် မွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ပါသည်။

မွးနေ့အခမ်းအနားကို ပင့်သံဃာ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊  ယောဂီသူတော်စင်များ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒေါက်တာတင့်စိုးလင်း၊ အတွင်းရေးမှူး၊ တွဲဖက်-အတွင်းရေးမှူး၊ အမှုဆောင်များ၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဧည့်ပရိသတ်များ စုံညီစွာတက်ရောက်ကြပါသည်။

ကြွရောက်လာသော ပရိသတ်များက ဆရာတော်ကြီးအား သြကာသဖြင့် ကန်တော့ကြပြီး ဆရာတော်ကြီးထံမှ (၈)ပါးသီလခံယူကြပါသည်။ ထို့နောက် သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (မြစ်သားဆရာတော်ကြီး) အား ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်းနှင့် ညီမ-ဒေါ်ပွင့်မာခိုင် (ဒု-ဥက္ကဋ္ဌ(၂) အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့)၊ ဒေါက်တာဦးမြင့်ဆွေ(ဘဏ္ဍာရေးမှူး)နှင့်ဇနီး ဒေါက်တာဒေါ်ဖြူဖြူဝင်း (အတွင်းရေးမှူး-အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့)၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တို့က လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် မဟာစည်နာယကဆရာတော် ဘဒ္ဒန္တပညာစက္ခ (ဆိပ်ခွန်ဆရာတော်)မှ သဒ္ဓါတရားနှင့်ပတ်သက်သော တရားဒေသနာတော်ကို ပြည့်စုံစွာ ဟောကြားချီးမြှင့်ပါသည်။ ပြီးနောက် ဆရာတော်မှ မွေးနေ့အလှူမင်္ဂလာ အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။