Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

မဟာစည်သာသနာ့ရိပ်သာ (၆၅)ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲ အခမ်းအနား။

ဥက္ကဌဒေါက်တာတင်စိုးလင်းမှ ဆရာတော်ဘုရားကြီးအား ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းစဉ်

မဟာစည်သာသနာ့ရိပ်သာ (၆၅)ကြိမ်မြောက် ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲ အခမ်းအနားကို ၁၃၇၉-ခုနှစ်၊ ၀ါဆိုလပြည်နေ့ (၈-၇-၂၀၁၇) (စနေနေ့)တွင် မဟာစည်ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မဟာစည် ဩ၀ါဒါစရိယဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ မြစ်သားဆရာတော်ကြီး နှင့် နာယကဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပါသည်။

အခမ်းအနားအား နမောတဿ ဘုရားရှိခိုးပါဠိ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ပြီး မဟာစည်ဩ၀ါဒါစရိယ မြစ်သားဆရာတော်ကြီးမှ ရှစ်ပါးသီလချီးမြှင့်ပြီး အဖွဲ့ (၃)ဖွဲ့မှ ဥက္ကဌကြီးများက အလှူဒါယကာ၊ ဒါယိကာမ အားလုံးတို့ကိုယ်စား ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပါသည်။

ထိုနောက် မဟာစည်ဩ၀ါဒါစရိယ မြစ်သားဆရာတော်ကြီးမှ အနုမောဒနာတရား ချီးမြှင့်ပြီး အလှူဒါယကာ၊ ဒါယိကာမများ အားလုံးတို့က ရေစက်ချ အမျှပေးဝေပြီး သာဓုခေါ်ဆိုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းကြပါသည်။

ထိုနောက် ပင့်သံဃာတော်အရှင်မြတ်တို့အား တာဝန်ကျ အမှုဆောင်လူကြီးများမှ ၀ါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်ကြပြီး ဧည့်သည်တော် အလှူဒါယိက၊ ဒါယိကာမများအား မဟာကုသလကာရီ ဓမ္မသာလ တွင် နံနက်စာဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။