Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ဘဒ္ဒန္တသောဘနမဟာထေရ်၏သက်တော်(၇၀)ပြည့်ဝိဇာတပူဇာမင်္ဂလာ

မဟာစည်သြ၀ါဒါစရိယဆရာတော်ကြီး၊ ဘဒ္ဒန္တသောဘနမဟာထေရ်၏

သက်တော် “၇၀” ပြည့်ဝိဇာတပူဇာမင်္ဂလာ

၁၃၇၉-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ (၄-၁၀-၂၀၁၇) ဗုဒ္ဓဟူးနေ့တွင် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တသောဘန (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ရွှေမင်းဝံ ဆရာတော်ကြီး၏ သက်တော် “၇၀” ပြည့် ၀ိဇာတပူဇာမင်္ဂလာအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင့်စိုးလင်း၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်-အတွင်းရေးမှူး၊ အမှုဆောင်များ၊ ဟိတေသီအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်မင်း၊ အတွင်းရေးမှူး၊ အမှုဆောင်များ၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်အေးအေးကြည်၊ အတွင်းရေးမှူး၊ တွဲဖက်-အတွင်းရေးမှူး၊ အမှုဆောင်များ၊ သီလရှင်များ၊ ရိပ်သာတွင်းယောဂီများစုံညီစွာ တက်ရောက်ကြပါသည်။

ထို့နောက် အခမ်းအနားမှူးက အလှူတော်စာရင်းကို ဖတ်ကြားလျှောက်ထားပါသည်။ ပြီးနောက် မဟာစည်သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကတိကဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီး က “အလှူတစ်ပွဲ တစ်ပွဲတစ်ထာင်” တရားတော်ကို ဟောကြားချီးမြှင့်ပါသည်။    

ထို့နောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တသောဘန (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ) ရွှေမင်းဝံဆရာတော်ကြီးက မဟာစည်သာသနာ့ရိပ်သာကြီးတွင် သာသနာ့ဝန်ထမ်းဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်နှင့် သာသနာတော်အတွက် ဆောင်ရွက်ချက်တို့ကို အကျဉ်းချုပ် သြ၀ါပေးမိန့်ကြား ပါသည်။

ဝါဆိုသံဃာတော်များအား ၀တ္ထု၊ ထီး၊ ဖိနပ်၊ သင်္ကန်းများကို ဆက်ကပ်လှူဒါန်းပါသည်။ ရွှေမင်းဝံဆရာတော်ဘုရားကြီး၏ ၀ိဇာတအလှူမင်္ဂလာတွင် လှူဒါန်းမှုအစုစုမှာ ကျပ် တစ်ရာခုနစ်ဆယ့် သုံးသိန်း ခုနစ်သောင်းကိုထောင် တိတိ (၁၇၃,၇၉,၀၀၀ိ/-) ဖြစ်ပါသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး သာဓုခေါ်ဆိုကြပါသည်။ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။