Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊အမှုဆောင်လပတ်အစည်းအဝေးကျင်းပခြင်း

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်

အမှုဆောင်လပတ်အစည်းအဝေးကျင်းပခြင်း

 

မဟာစည်သာသနာ့ရိပ်သာ၊ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် အမှုဆောင်များလပတ်အစည်းအဝေးကို မဟာစည်သာသနာ့ရိပ်သာ၊ ပိဋကတိုက်အစည်းအဝေးခန်းမတွင် ၁၃၇၉ ခုနှစ်၊ ပြာသိုလဆန်း (၁၃)ရက်၊ (၃၀-၁၂-၂၀၁၇) (စနေနေ့) နံနက်(၉)နာရီတွင် ကျင်းပပြုလုပ် ပါသည်။

အမှုဆောင်လပတ်အစည်းအဝေးသို့ မဟာစည်၊ ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ တွဲဖက်အတွင်းရေးမှူး၊ အမှုဆောင်များ၊ အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တာဝန် ရှိသူများ စုံညီစွာတက်ရောက်ကြပါသည်။

ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးသော်ဇင်မှ အစည်းအဝေးသို့ စုံစုံညီညီ တက်ရောက်သဖြင့် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားပါသည်။

ထို့နောက် နိုင်ငံခြားသာသနာပြုအဖွဲ့ငယ် အတွင်းရေးမှူး ဦးဝင်းထိန်၊ ပရိယတ္တိစာပေပြန့်ပွားရေး အဖွဲ့ငယ်ဥက္ကဋ္ဌ ဦးသိန်းထိုက်ဦး၊ အတွင်းရေးမှူး ဦးဝင်းစိုး၊ ဆွမ်းအဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးလှဟန်နှင့် အမှုဆောင် ဦးမြင့်ဦးတို့က ဆောင်ရွက်ရသော  အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် အကြောင်းအရာများကို တင်ပြဆွေးနွေး ခဲ့ပါသည်။ ကျန်အမှုဆောင်များကလည်း မိမိတို့သိရှိသည့် အကြောင်းအရာ များကို ဆက်လက်ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ကန်တော့၍ ရုပ်သိမ်းခဲ့ပါသည်။