Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

နာယကဆရာတော်များ၊ ၀န်ဆောင်ဆရာတော်များနှင့် ၀ါဆိုသံဃာတော်များမှ ၀ါဆို၊ ၀ါကပ်ခြင်း အခမ်းအနား။

နာယကဆရာတော်များ၊ ၀န်ဆောင်ဆရာတော်များနှင့် ၀ါဆိုသံဃာတော်များမှ ၀ါဆို၊ ၀ါကပ်တော်မူစဉ်။

 

နာယကဆရာတော်များ၊ ၀န်ဆောင်ဆရာတော်များနှင့် ၀ါဆိုသံဃာတော်များမှ ၀ါဆို၊ ၀ါကပ်ခြင်း အခမ်းအနားကို ၁၃၇၉-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၁)ရက်၊ (၉-၇-၂၀၁၇) (တနင်္ဂနွေနေ့) ညနေ (၄)နာရီ အချိန်တွင် ဖလ်ယဉ်ဓမ္မရုံ၌ ကျင်းပခဲ့ပါသည်။

သြ၀ါဒစရိယနှင့် နာယကဆရာတော်များ၊ ၀န်ဆောင်ဆရာတော်များ၊ ၀ါဆိုသံဃာတော်များ ၀ါဆိုကြရန်နှင့် ၀ါဆိုသံဃာတော်များအား မဟာစည် ဩ၀ါဒါစရိယဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ မြစ်သားဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀မှ သြ၀ါဒမြွက်ကြားတော်မူခဲ့ပါသည်။

ထိုနောက် မဟာစည် ဩ၀ါဒါစရိယ မြစ်သားဆရာတော်ကြီးထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြပြီး မဟာစည် ဩ၀ါဒါစရိယဆရာတော်ကြီးအား အလှူရှင် များမှ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ၎င်းနောက် လှူဒါန်းမှု ကောင်းမှုကုသိုလ်အစုစုတို့အတွက် မဟာစည် ဩ၀ါဒါစရိယ ဆရာတော်ကြီးမှ ရေစက်ချအမျှပေးဝေခဲ့ပြီး အလှူရှင်များမှ ၀န်ဆောင်ဆရာတော် များနှင့် ၀ါဆိုသံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြ ပါသည်။