Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ထာဝရဆွမ်းပဒေသာပင်၊အပင်တစ်သောင်းပြည့်ရေစက်ချလှူဒါန်းပွဲ

အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌများက လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းနေစဉ်

 

 

မဟာစည်သာသနာ့ရိပ်သာ

(၁၂၆)ကြိမ်မှ (၁၃၅)ကြိမ်ထိ ထာဝရဆွမ်းပဒေသာပင်

အပင်တစ်သောင်းပြည့် ရေစက်ချလှူဒါန်းပွဲ

 

၁၃၇၉-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၅)ရက်၊ (၆-၁-၂၀၁၈) စနေနေ့ နံနက်တွင် မဟာစည်သာသနာ့ရိပ်သာ၊ ထာဝရဆွမ်းပဒေသာပင် အပင်တစ်သောင်းပြည့် ရေစက်ချလှူဒါန်းပွဲအခမ်းအနားကို မဟာစည်ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပါသည်။

ထို့နောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးထံမှ (၈)ပါးသီလခံယူ ဆောက်တည်ကြပါသည်။

ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ဆိုချီးမြှင့်ကြပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ(၁) ဦးသော်ဇင်မှ ထာဝရဆွမ်းပဒေသာပင် အပင်တစ်သောင်းပြည့် လှူဒါန်းမှုနှင့်ပတ်သက်၍ လျှောက်ထားပါသည်။ ထို့နောက် အမျိုးသမီးယောဂီ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးကြည်မှ ထာဝရဆွမ်းပဒေသာပင် အပင်တစ်သောင်းပြည့် ရေစက်ချလှူဒါန်းမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား လျှောက်ထား ပါသည်။

ထာဝရဆွမ်းပဒေသာပင် အပင်တစ်သောင်းပြည့် ရေစက်ချလှူဒါန်းပွဲသို့ ကြွရောက်ချီးမြှင့်ကြသော ဆရာတော်၊ သံဃာတော်အရှင်မြတ် များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို အဖွဲ့ကြီး(၃)ဖွဲ့မှ ဥက္ကဋ္ဌများက ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် မဟာစည်သာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တ၀ါသ၀ (သာသနဓဇသိရီပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဓမ္မကထိက ဗဟုဇနဟိတဓရ) မြစ်သားဆရာတော်ကြီးက "ဥစ္စာရွှေအိုးလူမခိုး" တရားတော်ကို ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေပါသည်။ ပြီးနောက် လှူဒါန်းမှုအခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။

သံဃာတော်များအား ဆွမ်းစားကျောင်းတွင် ဆွမ်းဆက်ကပ်လှူဒါန်း၍ ကြွရောက်လာကြသော အလှူရှင် ဧည့်သည်တော်များအား မဟာကုလကာရီ ဓမ္မသာလာခန်းမတွင် နံနက်စာဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်း ခဲ့ပါသည်။