Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန် လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

Due to the outbreak of Covid-19 virus, Mahasi Sasana Yeiktha Yangon temporarily pause the registration of foreign yogis meditation and the visit of foreign tourists to Mahasi Sasana Yeiktha until further notice is announced.

မဟာစည် သာသနာ့ရိပ်သာသည် ယခုဖြစ်ပွါးလျက်ရှိသော Covid-19 ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကို ကာကွယ်သည့်အနေဖြင့် နိုင်ငံခြားသားယောဂီများအား တရားအားထုတ်ရန်လက်ခံခြင်းနှင့် မဟာစည် ရိပ်သာသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းများကို ခေတ္တရပ်ဆိုင်းထားပါသည်။

ကိုရီးယားနိုင်ငံတွင်ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံသို့ မဟာစည် နာယကဆရာတော်များနှင့်အဖွဲ့တက်ရောက်ခြင်း။

ကိုရီးယားနိုင်ငံတွင်ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံသို့ကြွရောက်သောဆရာတော်များနှင့် လိုက်ပါပို့ဆောင်ကြသူများ။

ကိုရီးယာနိုင်ငံတွင် ကျင်းပမည့် Conference For World Peace and Reunification Of Korea သို့ တက်ရောက်ရန်ဖိတ်ကြားချက်အရ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ နာယကအဖွဲ့ဥက္ကဌ ဆရာတော်   ဘဒ္ဒန္တဣန္ဒာသက္က (ငါးသိုင်ချောင်းဆရာတော်)၊ နာယကအဖွဲ့အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တှဓမ္မရာဇာ (ခရမ်း၀ဆရာတော်)၊ သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (ဓမ္မဂုဏ်ရောင်ဆရာတော်)နှင့်  နိုင်ငံခြားသာသနာ့ပြုနှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့ငယ်ဥက္ကဌ ဦးစန်းမောင်တို့သည် ၂၀၁၅ ခုနှစ်၊ မေလ (၁၄)ရက်နေ့ တွင် အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာ ကြ ပါသည်။

အဆိုပါအဖွဲ့အား မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးသန်းအောင်၊ အတွင်းရေးမှူး ဦးလှမြင့်၊ တွဲဖက်အတွင်းရေးမှူး ဦးရေ၀ထွန်း၊ အမှုဆောင် ဦးသန်းလွင်၊ မောင်ဇင်မောင်မောင်တို့မှ လိုက်လံ ပို့ဆောင်ကြပါသည်။